ဒေါ်နယ်ထရမ့် ထောက်ခံသူများ ဝင်ရောက်စီးနင်းအပြီး ပြန်လည်ကျင်းပခဲ့သော ကွန်ဂရက်က ရွေးကောက်ပွဲ တရားဝင်ရလဒ်အား အတည်ပြုလိုက်ပြီးနောက် အမေရိကန် လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ ရှုံးကြောင်း ဝန်ခံလိုက်ပြီ ဖြစ်သည်။
“အခု ရွေးကောက်ပွဲ ရလဒ်တွေကို ကွန်ဂရက်က အတည်ပြုလိုက်ပါပြီ။ အုပ်ချုပ်ရေးသစ်က ဇန်နဝါရီလ ၂၀ မှာ စတင်တာဝန်ထမ်းဆောင်ပါလိမ့်မယ်။ ကျနော့် အာရုံက ချောမွေ့ပြီး စနစ်ကျတဲ့ အာဏာလွှဲပြောင်းရေးကို စူးစိုက်ထားပါတယ်” ဟု ၂ မိနစ်ကြာ ဗီဒီယိုမိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က ပြောထားသည်။
အမှန်တကယ်တွင် ကြာသပတေးနေ့နံနက်စောစော ဒုတိယသမ္မတ မိုက်ပန့်စ်က သမ္မတဒေါ်နယ်ထရမ့်ကို အာခံပြီး နိုဝင်ဘာလက ကျင်းပသည့် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အရွေးခံရသူ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြုလိုက်သောကြောင့် အမေရိကန်ဒီမိုကရေစီကို ဖျက်ဆီးရန်နှင့် ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်ရန် ထရမ့်၏ အချည်းနှီးသော အားထုတ်မှုများ အဆုံးသတ်သွားရခြင်း ဖြစ်သည်။
သို့ရာတွင် ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း နာမည်တပ် ချီးကျူးပြောဆိုခြင်း မပြုပေ။ ထို့ပြင် အာဏာလွှဲပြောင်းရေး ဂျိုးဘိုင်ဒင်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်မည်ဟုလည်း ထည့်သွင်းပြောဆိုခြင်းလည်း မရှိပေ။
အမှန်တကယ်တွင် ကြာသပတေးနေ့နံနက်စောစော ဒုတိယသမ္မတ မိုက်ပန့်စ်က သမ္မတဒေါ်နယ်ထရမ့်ကို အာခံပြီး နိုဝင်ဘာလက ကျင်းပသည့် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အရွေးခံရသူ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြုလိုက်သောကြောင့် အမေရိကန်ဒီမိုကရေစီကို ဖျက်ဆီးရန်နှင့် ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်ရန် ထရမ့်၏ အချည်းနှီးသော အားထုတ်မှုများ အဆုံးသတ်သွားရခြင်း ဖြစ်သည်။
လွှတ်တော် အစည်းအဝေးပြီးဆုံးကာနီးတွင် ပန့်စ်က ယခုမဲရေတွက်ခြင်းသည် ဘိုင်ဒင် အနိုင်ရသည့် လုံလောက်သော ကြေညာမှုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ပြောသော်လည်း နောက်တက်လာမည့် အစိုးရသစ်အတွက် ဂုဏ်ယူနှုတ်ဆက်စကားကိုမူ ပြောကြားခြင်းမရှိပေ။ ထရမ့်လိုလားသူများ လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်း အကြမ်းဖက်သောကြောင့် တနေ့တာ ဖရိုဖရဲကမောက်ကမဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များကို ဘေးကင်းရာတွင် ဝှက်ထားရပြီးမှ ထိုလွှတ်တော်အစည်းအဝေးကို ပြန်လည်ကျင်းပရခြင်းဖြစ်သည်။

ပုံမှန် အခြေအနေတွင် ထိုသို့သော ပြည်နယ်ကိုယ်စားလှယ်မဲရေတွက်ခြင်းသည် အဆောင်အယောင် အခမ်းအနားမျှသာဖြစ်ပြီး ရှုပ်ထွေးလှသော အစိုးရသစ် ရွေးချယ်ရေး လုပ်ထုံးလုပ်နည်း၏ နောက်ဆုံး အဆင့်ဖြစ်သည်။ တရားရုံးတွင် အမှုများ တမှုပြီးတမှု ရှုံးနိမ့်ပြီးနောက် အခြားရွေးစရာလမ်း မရှိတော့သော ထရမ့်နှင့် သူ၏ မဟာမိတ်များသည် ဇန်နဝါရီလ ၆ ရက်နေ့ကို နောက်ဆုံးခံကတုတ်အဖြစ် သတ်မှတ်ကာ မဲရလဒ်ကို ပြောင်းလဲစေရန် ကြိုးစားခြင်းဖြစ်သည်။
ဒုတိယသမ္မတသည် အကြိတ်အနယ် ယှဉ်ပြိုင်ရသော ပြည်နယ်များမှ ဘိုင်ဒင်ကိုပေးထားသည့် ပြည်နယ်ကိုယ်စားလှယ်မဲပေးသူများကို ပယ်ချနိုင်ကြောင်း ထရမ့်နှင့်သူ၏ လူများက ပန့်စ်ယုံကြည်လာစေရန် ရက်ပေါင်းများစွာ အချည်းနှီးကြိုးစားခဲ့ကြသည်။ သို့သော် အထက်နှင့်အောက်လွှတ်တော်နှစ်ရပ် ပူးတွဲ အစည်းအဝေးတွင် ဒုတိယသမ္မတသည် အခမ်းအနားမှူးကဲ့သို့ အစဉ်အလာအရ တက်ရောက်ရန်သာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကာကွယ်ရန် မိမိ၏ ကတိသည် မည်သည့်ပြည်နယ်ကိုယ်စားလှယ်မဲကို ရေတွက်ပြီး မည်သည့်ကိုယ်စားလှယ်မဲကို မရေတွက်ဟု ဆုံးဖြတ်ရန်နှင့် တဖက်သတ် အာဏာရယူခြင်း မလုပ်ရန် တားဆီးထားသည်ဆိုသည်မှာ မိမိ၏ ဆင်ခြင် သုံးသပ် ဆုံးဖြတ်ချက်ဖြစ်သည်” ဟု ပန့်စ်က ကွန်ဂရက်သို့ ပေးပို့သော စာတွင် ဖေါ်ပြထားသည်။
ဒုတိယသမ္မတတယောက်သည် ပြည်နယ်ကိုယ်စားလှယ်မဲများကို တဖက်သတ် မပယ်ချနိုင်ကြောင်း မည်သည့်အတွက် ကောက်ချက်ချရသည်ကို ပန့်စ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ရှည်လျှားသော ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကာကွယ်ရန် မိမိ၏ ကတိသည် မည်သည့်ပြည်နယ်ကိုယ်စားလှယ်မဲကို ရေတွက်ပြီး မည်သည့်ကိုယ်စားလှယ်မဲကို မရေတွက်ဟု ဆုံးဖြတ်ရန်နှင့် တဖက်သတ် အာဏာရယူခြင်း မလုပ်ရန် တားဆီးထားသည်ဆိုသည်မှာ မိမိ၏ ဆင်ခြင် သုံးသပ် ဆုံးဖြတ်ချက်ဖြစ်သည်” ဟု ပန့်စ်က ကွန်ဂရက်သို့ ပေးပို့သော စာတွင် ဖေါ်ပြထားသည်။
ထိုစာကို ပန့်စ်က ကွန်ကဂရက်အစည်းအဝေး မဖွင့်လှစ်ပေးမီ အချိန်အနည်းငယ်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုနောက်မကြာမီ ဒေသထွက်နေသော လူအုပ်က လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး ရဲတပ်ဖွဲ့လည်း မထိန်းသိမ်း နိုင်တော့ဘဲ ကျင်းပနေဆဲ အစည်းဝေးကို ရပ်ဆိုင်းလိုက်ရသည်။
ပန့်စ်သည် ထိုသို့လုပ်မည်ဟု မျှော်လင့်ထားကြသော်လည်း ထိုသို့ လုပ်ခြင်းကြောင့် ထရမ့်နှင့် သူ၏ နောက်ဆုံး သစ္စာခံ ပန့်စ်တို့အကြား ကြီးမားသော အကွဲအပြဲကို ဖြစ်စေသည်။ ပန့်စ်သည် သူဆန္ဒရှိလျှင် မဲများကို ပယ်ဖျက်နိုင်ကြောင်း ထရမ့်က အိမ်ဖြူတော်အနီးတွင် စုရုံးနေသည့် ထောင်နှင့်ချီသည့် လူအုပ်အား ပြောကြားနေစဉ် ပန့်စ်သည် မဲများရေတွက်ရန် လွှတ်တော်အဆောက်အအုံသို့ ရောက်လာပြီး အထက်ပါကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ပန့်စ်သာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရင် ကျနော်တို့ အနိုင်ရတယ်” ဟု ထရမ့်က သူ့အားထောက်ခံသူများကို မမှန်မကန်ပြောကြားသည်။ ထိုလူအုပ်သည်နောက်ပိုင်းတွင် ဝါရှင်တန်တွင် ချီတက်ပြီး လွှတ်တော်အဆောက်အအုံကို စီးနင်းလိုက်သည်။ ထိုလူအုပ်ကို မိန့်ခွန်းပြောနေချိန် တလျှောက်လုံးတွင် ထရမ့်သည် ပန့်စ်နှင့်ပတ်သက်သည့် စကားကို အကြိမ်ကြိမ်ပြောနေပြီး ဒုတိယ သမ္မတအနေဖြင့် သူပြောသည့်အတိုင်းလုပ်ရန် ဖိအားပေးရင်း စိတ်ပူနေပုံရသည်။
“မိုက်ပန့်စ်က ကျနော်တို့အတွက် လုပ်ပေးရမယ်။ သူမလုပ်ရင်တော့ ဒီနေ့ဟာ ကျနော်တို့နိုင်ငံအတွက် ဝမ်းနည်းစရာနေ့တနေ့ဖြစ်သွားမယ်” ဟု ထရမ့်ပြောခဲ့သည်။
လွန်ခဲ့သော နှစ်လတာ ကာလတလျှောက်လုံး အရှုံးကို လက်ခံရန် ငြင်းဆန်နေသော ထရမ့်က ပန့်စ် ကို မကျေနပ်ကြောင်း တွစ်တာတွင်လည်း ရေးသားခဲ့သည်။
ပန့်စ် ကိုယ်တိုင်လည်း ဒေါသထွက်နေသည်။
“ပန့်စ် ကိုကျနော်က အမြဲတမ်း သိခဲ့သူဖြစ်တယ်” ဟု အိုကလာဟိုးမားမှ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ဂျင်အင်ဟုတ် က Tulsa World သို့ပြောသည်။ “ဒီနေ့လောက် သူဒေါသထွက်နေတာမျိုး ကျနော်တခါမှ မတွေ့ဖူးဘူး” ဟု သူပြောသည်။
“သူ့ (ထရမ့်) အတွက် အရာရာလုပ်ပေးခဲ့ပြီးပြီ လို့ သူပြောတယ်” ဟု အင်ဟုတ်ပြောသည်။
ထရမ့်သာမက မဲရေတွက်မှုကို ကန့်ကွက်သည့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဲရလဒ်ကို ပြောင်းလဲစေမည့် ခိုင်လုံသည့် မည်သည့်အထောက်အထားကိုမျှ တင်ပြနိုင်ခြင်း မရှိပေ။
ထရမ့်နှင့် မဟာမိတ်များက စွပ်စွဲနေသော်လည်း ရွေးကောက်ပွဲတွင် ကျယ်ပြန့်သော လိမ်လည်မှု မရှိပေ။ ထိုအချက်ကို ရွေးကောက်ပွဲအရာရှိ အဆင်ဆင့်နှင့် လွန်ခဲ့သောလကမှ ထရမ့်၏ ရှေ့နေချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော ဝီလျှံဘားတို့က အတည်ပြုထားပြီးဖြစ်သည်။
ထရမ့်သာမက မဲရေတွက်မှုကို ကန့်ကွက်သည့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဲရလဒ်ကို ပြောင်းလဲစေမည့် ခိုင်လုံသည့် မည်သည့်အထောက်အထားကိုမျှ တင်ပြနိုင်ခြင်း မရှိပေ။
ပန့်စ်၏ မဟာမိတ်များက ပန့်စ်သည် ထရမ့်ကို အာခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန် ရည်ရွယ်ကြောင်း ရှင်းရှင်းပြောကြားထားပြီး ယခု ပန့်စ်၏ လုပ်ရပ်သည် လေးနှစ်တာကာလတလျှောက်လုံး ပြဿနာတိုင်းတွင် သမ္မတကို ကာကွယ်ပြီး သစ္စာခံလာခဲ့ခြင်းမှ ထူးထူးခြားခြား လမ်းခွဲလိုက်ခြင်းဖြစ်သည်။
ပန့်စ်သည် ၂၀၂၄ ခုနှစ်တွင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရန် ရည်မှန်းနေပြီး ယခုဖြစ်ရပ်ကြောင့် သူ့အတွက် အလားအလာများ ပျက်စီးသွားစေနိုင်သည်။ အထူးသဖြင့် ဒုတိယသမ္မတသည် မဲရလဒ်ကို ပြောင်းအောင်လုပ်နိုင်သည်ဟု မှားယွင်းစွာ ယုံကြည်နေသည့် ထရမ့် ထောက်ခံသူများက အညှိုးအတေးထားပါက ထိုအလားအလာသည် ပိုမိုပင် ပျက်စီးသွားနိုင်သည်။ ရာထူးမရှိတော့သောအခါတွင်ပင် ထရမ့်သည် ရီပတ်ဗလစ်ကန်ပါတီ၏ နောက်ကွယ်မှ လာမည့်နှစ်အတန်ကြာအောင် သမ္မတလောင်းရွေးချယ်ပေးသူ ဖြစ်မည်ဟု မျှော်လင့်ရသည်။

အကြမ်းဖက်ဆန္ဒပြသူများက လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းပြီး ကိုယ်စားလှယ်များ ပုန်းအောင်းနေရကာ အစည်းအဝေး ပျက်သွားစေသော်လည်း ထရမ့်သည် ဗုဒ္ဓဟူးနေ့တနေ့လုံး ပန့်စ်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေသည်ဟု အမည်မဖေါ်လိုသော အိမ်ဖြူတော်အရာရှိတဦးကို ကိုးကား၍ အေပီသတင်းဌာနက ရေးသည်။
“အမေရိကန် လွှတ်တော်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေ ရပ်ရမယ်။ ရပ်ရမယ်။ ပါဝင်ပတ်သက်သူ အားလုံး တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို လေးစားပြီး အဆောက်အဦးကနေ ချက်ခြင်းထွက်ရမယ်” ဟု ပန့်စ်က တွစ်တာတွင် ရေးသားသည်။
ဆန္ဒပြသူများက လွှတ်တော်အဆောက်အဦးကို ချိုးဖျက်ဝင်လာသောကြောင့် ပန့်စ်ကိုလည်း ဘေးကင်းရာသို့ ခေါ်သွားခဲ့ရသည်။ သို့သော် ပန့်စ်သည် လွှတ်တော်အဆောက်အဦမှ ထွက်ခွာခြင်း လုံးဝမရှိကြောင်းနှင့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ခေါင်းဆောင်များ၊ လွှတ်တော်ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးဌာနနှင့် တရားရေးဌာနတို့နှင့် ပုံမှန်အဆက်အသွယ်ရှိနေကြာင်း ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ၏ အဆိုအရ သိရသည်။
“အမေရိကန် လွှတ်တော်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေ ရပ်ရမယ်။ ရပ်ရမယ်။ ပါဝင်ပတ်သက်သူ အားလုံး တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို လေးစားပြီး အဆောက်အဦးကနေ ချက်ခြင်းထွက်ရမယ်” ဟု ပန့်စ်က တွစ်တာတွင် ရေးသားသည်။
နာရီအတန်ကြာပြီးနောက် လွှတ်တော်နှစ်ရပ် အစည်းအဝေး ပြန်လည်ကျင်းပသောအခါ ပန့်စ်သည် လွှတ်တော် အစည်းအဝေးကို ပြန်လည်ဖွင့်လှစ်ပေးပြီး ပြည်နယ်တခုစီမှ ကိုယ်စားလှယ်မဲလက်မှတ်များကို ဖေါက်ယူကာ အထက်နှင့်အောက်လွှတ်တော်မှ အက္ခရာစဉ်အရ သတ်မှတ်ထားသည့် ကြေညာသူများထံ ပေးအပ်သည်။

အမည်ခေါ်ခြင်း ဆွေးနွေးခြင်း နာရီအတန်ကြာပြုလုပ်ပြီး အနိုင်ရသူအဖြစ် ဘိုင်ဒင်နှင့် ဒုတိယသမ္မတ ရွေးခံရသူ ကမ်မလာဟားရစ် တို့ကို ပန့်စ်က ကြေညာလိုက်သောကြောင့် သူနှင့် ထရမ့် ရှုံးနိမ့်မှုကို တရားဝင်သွားစေခဲ့သည်။
ကွန်ဂရက်ကို ထရမ့် ထောက်ခံသူများက ဝင်ရောက်စီးနင်းမှုတွင် အရေးပေါ် ဆေးဝန်ထမ်း ၃ ဦး၊ ဝင်ရောက်စီးနင်းရာတွင် ပါဝင်သော အမျိုးသမီးတဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ၅၂ ဦးအား ဖမ်းဆီးထားသည်။

ထိုစီးနင်းမှုကို “ပုန်ကန်မှု”ဟု အမေရိကန် နိုင်ငံရေးခေါင်းဆောင်အများအပြားက ရှုတ်ချပြစ်တင်ခဲ့ကြပြီး ထရမ့်ကို သွေးထိုးလှုံ့ဆော်သူအဖြစ် စွပ်စွဲခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အများအပြားက ထရမ့် နှုတ်ထွက်ပေးရေး တောင်းဆိုနေကြသည်။
ဆိုရှယ်မီဒီယာများဖြစ်သော တွစ်တာနှင့် ဖေ့ဘွတ်တို့က ထရမ့်၏ အကောင့်ကို ရပ်နားထားခဲ့သည်။
ကိုးကား။ ။ AP, VOA, BBC
You may also like these stories:
ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ
အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ