• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ

by ဧရာဝတီ
8 November 2020
in ဆောင်းပါး
A A
ထရမ့်ကို အိမ်ဖြူတော်မှ အင်အားသုံးဖယ်ရှားသည့်အထိ ဖြစ်လာမလား / Getty Images

ထရမ့်ကို အိမ်ဖြူတော်မှ အင်အားသုံးဖယ်ရှားသည့်အထိ ဖြစ်လာမလား / Getty Images

56.5k
VIEWS
Share on FacebookShare on Twitter

ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ်ရွေးကောက်ခံရသူ ဖြစ်ပြီဟု CNN၊ BBC၊ The New York Times၊ the Washington Post အပါအဝင် အဓိက သတင်းဌာနကြီးများက သတ်မှတ်လိုက်ပြီ။ ထရမ့်သည် ရာထူးစွန့်လွှတ်ရတော့မည် ဖြစ်သည်။ သို့သော် သူသည် လွယ်လွယ်ဖြင့် ရာထူးစွန့်လွှတ်မည့် ပုံမပေါ်ပေ။

ရွေးကောက်ပွဲသည် မပြီးဆုံးသေးကြောင် ထရမ့်၏ မဲဆွယ်အဖွဲ့က ပြောကြားပြီး ထရမ့်ကိုယ်တိုင်ကလည်း ဖီလာဒဲဖီးယားမှ မဲရလဒ်များကို မယုံကြည်သင့်ကြောင်း တွစ်တာတွင် ရေးသည်။ သမ္မတအတွက် ပြဿနာမှာ ပင်ဆယ်ဗေးနီးယားပြည်နယ်က ဘိုင်ဒင်ကို လိုအပ်သည့် ပြည်နယ်ကိုယ်စားပြုမဲ ၂၇၀ ပြည့်သွားစေသောကြောင့် ဘိုင်ဒင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသွားသည်ဟူသော အချက်ဖြစ်သည်။ အကြိတ်အနယ်ဖြစ်နေသော ကျန် ၃ ပြည်နယ်ဖြစ်သည့် ဂျော်ဂျီယာ၊ နီဗားဒါးနှင့် အရီဇိုးနားတို့တွင်လည်း ဘိုင်ဒင်က မဲသာသည်။

သို့သော် ထရမ့်နှင့် သူ၏မဲဆွယ်အဖွဲ့၏လုပ်ရပ်များကြောင်း စိတ်မသက်သာစရာမေးခွန်းတခု ထွက်ပေါ်လာသည်။ ထရမ့် ရွေးကောက်ပွဲရှုံးနိမ့်ခြင်းကို လက်မခံဘဲ သမ္မတရာထူးလက်ခံသောနေ့ကျော်လွန်ပြီး အိမ်ဖြူတော်တွင် ပေကပ်နေလျှင် မည်သို့ဖြစ်မည်နည်းဟူသောမေးခွန်းဖြစ်သည်။ ထိုသို့ဖြစ်လျှင် နိုင်ငံ့သမိုင်းအတွက် မှောင်မိုက်သော အခန်းကဏ္ဍတခုဖြစ်ပေလိမ့်မည်။

ယခင်သမ္မတများတွင် အတည်ပြု ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားသူများ ရှိခဲ့ဖူးသည်။ သို့သော် မည်သူမျှ ရာထူးစွန့်လွှတ်ရန် ငြင်းဆန်သည် အထိ အစွန်းရောက်သူမရှိပေ။

ထိုသို့ဖြစ်နိုင်ခြေ မည်မျှရှိသနည်း။ ထိုကိစ္စကို ဖြေရှင်းရန် မည်သို့လုပ်နိုင်သနည်းကို စဉ်းစားရန်လိုသည်။ ယခင်သမ္မတများတွင် အတည်ပြု ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားသူများ ရှိခဲ့ဖူးသည်။ သို့သော် မည်သူမျှ ရာထူးစွန့်လွှတ်ရန် ငြင်းဆန်သည် အထိ အစွန်းရောက်သူမရှိပေ။

လက်ရှိအချိန်တွင် ထိုသို့ဖြစ်နိုင်ခြေနည်းသော်လည်း ထရမ့်က သူရွေးကောက်ပွဲနိုင်ပြီးဖြစ်သည်ဟု ပြောနေသောကြောင့် ဖြစ်နိုင်ခြေ လုံးဝမရှိသည်တော့ မဟုတ်ပေ။

ထို့ကြောင့် အဆိုးဆုံး အခြေအနေကို စဉ်းစားကြည့်ကြမည်။ ဘိုင်ဒင်သည် အနိုင်ရသူဖြစ်ကြောင်း ပြည်နယ်မဲရေတွက်သူများက တရားဝင်ကြေညာမည်။ ထရမ့်က ရှုံးနိမ့်ခြင်းကို လက်မခံဘဲ “တကယ်တော့ ကျနော်က နိုင်တာ ကျနော်နောက် ၄ နှစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်” ဆိုသည့် သဘောမျိုး တခုခုပြောမည်။ ထိုအခါ ဘိုင်ဒင်အနေဖြင့် ရွေးချယ်စရာတခုရှိသည်။ ရာထူးလက်ခံပွဲ အခမ်းအနားလုပ်ပြီး လျှို့ဝှက်ထောက်လှမ်းရေး အကူအညီဖြင့် ထရမ့်ကို အိမ်ဖြူတော်မှ မောင်းထုတ်နိုင်သည်။

သို့သော် ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားနေပြီး အနိုင်ရသူကို အတည်ပြုရန် ရှည်လျားသော ဥပဒေ အရ လုပ်ဆောင်မှုရှိနေပါက မည်သူမျှ ထရမ့်ကို သူနေထိုင်ရာနှင့် အာဏာချုပ်ကိုင်မှုက ဖယ်ရှားရန် လုပ်ဆောင် မရသေးပေ။

ထိုအခြေအနေမျိုး ထရမ့်က အိမ်ဖြူတော်ကို တရားမဝင် ဆက်လက်ထိန်းချုပ်ရန် ရွေးချယ်လိုက်ပါက အမေရိကန် နိုင်ငံရင်ဆိုင်ရမည့် အန္တရာယ်များလှသော အခြေအနေဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်လုံးသည် ဆိုးရွားလှသော်လည်း နားလည်ရန်ကြိုးစားသင့်သော အခြေအနေများဖြစ်သည်။

သမ္မတဘိုင်ဒင်က ထရမ့်ကို ဖယ်ရှားရန် လျှို့ဝှက်ထောက်လှမ်းရေးများကို စေခိုင်းမည်

သမ္မတသက်တမ်းတခု ကုန်ဆုံးချိန်နှင့် နောက်သက်တမ်းတခု စတင်ချိန်တို့နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရှင်းလင်းပြတ်သားစွာ ဖေါ်ပြထားသည်။“ သမ္မတနှင့် ဒုတိယ သမ္မတတို့၏ ရာထူးသက်တမ်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းတည့်ချိန်တွင် ကုန်ဆုံးစေရမည်ဖြစ်ပြီး ဆက်ခံသူများ၏ ရာထူးသက်တမ်း စတင်စေရမည်” ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက် အမှတ် ၂၀ တွင် ဖေါ်ပြထားသည်။

ထိုအချက်သည် ဥပဒေဖြစ်ပြီး အထက်လွှတ်တော် အများစု ခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ် က ခုံခံကာကွယ်ရန် ပြောကြားထားသောအချက်ဖြစ်သည်။

ဘိုင်ဒင် အနိုင်ရသွားသောအခါ ဥပဒေက သတ်မှတ်ထားသောအချိန်တွင် ရာထူးလက်ခံမိန့်ခွန်းပြောမည်။ ထရမ့်သည် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်း၏ သင်္ကေတကို ပြသရန် အစဉ်အလားအတိုင်း စင်မြင့်ပေါ်တွင် ဘိုင်ဒင်နောက်မှ ထိုင်နေနိုင်သလို ထိုင်လည်း ထိုင်သင့်သည်။ သို့သော် ထရမ့်က ထိုအခမ်းအနားကို အိမ်ဖြူတော်မှ ကြည့်နေပြီး ဘိုင်ဒင်ကျမ်းသစ္စာကျိန်ဆိုစဉ် အိမ်ဖြူတော်တွင် ဆက်လက်နေထိုင်နေလျှင် သမ္မတသစ်သည် အခြေအနေကို သူ့လက်သူ့ခြေဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။

သမ္မတအနေဖြင့် ဘိုင်ဒင်သည် ထရမ့်ကို အခြားမည်သည့် ကျူးကျော်ဝင်ရောက်သူ မဆိုကဲ့သို့ပင် ဖယ်ရှားပစ်ရန် လျှို့ဝှက်ထောက်လှမ်းရေးများကို အမိန့်ပေးပိုင်ခွင့် ရှိသည်

သမ္မတအနေဖြင့် ဘိုင်ဒင်သည် ထရမ့်ကို အခြားမည်သည့် ကျူးကျော်ဝင်ရောက်သူ မဆိုကဲ့သို့ပင် ဖယ်ရှားပစ်ရန် လျှို့ဝှက်ထောက်လှမ်းရေးများကို အမိန့်ပေးပိုင်ခွင့် ရှိသည် ဟု ၂၀၁၀ မှ ၂၀၁၇ အထိ မီချီဂန်ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေနေချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘာဘရာ မက်ကွိတ်က ပြောသည်။

ထိုကိစ္စမှာ ရိုးရှင်းသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်တည့်ချိန်တွင် ဘိုင်ဒင်သည် သမ္မတဖြစ်ပြီး ထရမ့်သည့် သမ္မတမဟုတ်တော့။ သမ္မတယောက်၏ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် ကျူးကျော်လာသူများကို အဆောက်အအုံအတွင်းမှ မောင်းထုတ်ရန် တာဝန်ရှိသည်။ ထိုအခါ ထရမ့်က လက်ခံမည်မဟုတ်ပေ။ လျှို့ဝှက်ထောက်လှမ်းရေးများက ထရမ့်ကို အိမ်ဖြူတော်မှ စောင့်ကျပ်ခေါ်ဆောင်သွားမည်ဖြစ်ပြီး အိမ်ဖြူတော်သို့ လာရောက်ခွင့် ရုတ်သိမ်းမည်ဖြစ်သည်။

ဘိုင်ဒင်၏ မဲဆွယ်အဖွဲ့က ထိုသို့ဖြစ်နိုင်ခြေကို သောကြာနေ့နံနက်က ရည်ညွှန်းပြောဆိုသည်။ “အမေရိကန် အစိုးရဟာ ကျူးကျော်တွေကို အိမ်ဖြူတော်ကနေ စောင့်ကြပ်မောင်းထုတ်ဖို့ လုံး၀ လုပ်ဆောင်နိုင်စွမ်းရှိတယ်” ဟု ဘိုင်ဒင်၏ ပြောခွင့်ရသူ အင်ဒရူးဘိတ် ကပြောသည်။

ထရမ့်က အာဏာကို အလွဲသုံးလျှင်ပင် အမေရိကန် စစ်တပ်သည် အမေရိကန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မည်သည့်အခန်းကမျှပါရန် အစီအစဉ်မရှိပေ။ ထိုကဲ့သို့သော အခြေအနေနှင့်ပတ်သက်ပြီး သြဂုတ်လက လွှတ်တော်ကိုယ်စားလှယ်များက မေးသောအခါ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လေက “ရွေးကောက်ပွဲရဲ့ အချို့သွင်ပြင်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်တဲ့အခါ အမေရိကန် တရားရုံးတွေနဲ့ အမေရိကန် ကွန်ဂရက်က ဘယ်အငြင်းပွားမှုကို မဆို ဥပဒေအရ ဖြေရှင်းဖို့ တာဝန်ရှိတယ်။ အမေရိကန် တပ်မတော်မှာ တာဝန်မရှိဘူး” ဟုပြောသည်။

ခေါင်းဆောင်သစ်က ခေါင်းဆောင်ဟောင်းကို အင်အားသုံးဖယ်ရှားရသည့် မြင်ကွင်းသည် နိုင်ငံအတွက် လွန်စွာ ရှက်စရာကောင်းမည်ဖြစ်ပြီး ပိုမိုအရေးကြီးသည်မှာ နိုင်ငံ၏ ဒီမိုကရေစီ စနစ်၏ ကျန်းမားရေးအတွက် အန္တရာယ်များသည်။

ခေါင်းဆောင်သစ်က ခေါင်းဆောင်ဟောင်းကို အင်အားသုံးဖယ်ရှားရသည့် မြင်ကွင်းသည် နိုင်ငံအတွက် လွန်စွာ ရှက်စရာကောင်းမည်ဖြစ်ပြီး ပိုမိုအရေးကြီးသည်မှာ နိုင်ငံ၏ ဒီမိုကရေစီ စနစ်၏ ကျန်းမားရေးအတွက် အန္တရာယ်များသည်။

သို့သော် ထိုဖြစ်ရပ်သည် အမှန်တကယ် အဆိုးဆုံးဖြစ်နိုင်ခြေ ဖြစ်သည့် ကြီးမားသော အတိုင်းအတာရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အကျပ်အတည်းလောက် မဆိုးရွားသေးပေ။

အမေရိကန်အစိုးရက အနိုင်ရသူကို အသိအမှတ်မပြုလျှင် ထရမ့်သည် အိမ်ဖြူတော်တွင် ဆက်လက်နေနိုင်သည်

ပုံမှန်အချိန်များတွင် ကွန်ဂရက်သည် ပြည်နယ်ကိုယ်စားပြု သမ္မတရွေးကောက်ပွဲ မဲရလဒ်များကို သမ္မတရာထူးလက်ခံမည့်နေ့ မတိုင်မီ နှစ်ပတ်တွင် အသိအမှတ်ပြုရသည်။

သို့သော် ပုံမှန်အချိန်မဟုတ်ဟုဆိုပြီး ဘိုင်ဒင်အနိုင်ရသော်လည်း ထရမ့်နှင့် သူ၏ မဲဆွယ်အဖွဲ့သည် မဲရလဒ်များကို ဥပဒေကြောင်းအရ စိန်ခေါ်သည်ဆိုပါစို့ (ယခု ထိုဖြစ်ရပ် စတင်နေပြီဖြစ်သည်)။ ထိုဥပဒေ ပြဿနာများကို ဖြေရှင်းပြီးသည်အထိ ထရမ့်သည် အိမ်ဖြူတော်တွင် ဆက်လက်ရှိနေပြီး ထိုဥပဒေကြောင်းအရ စိန်ခေါ်မှုများကြောင့် ကွန်ဂရက်က မဲရလဒ်များကို အသိအမှတ်ပြုရန် နှောင့်နှေးစေပါက အမေရိကသည် ကြောက်စရာကောင်းသည့် နယ်ပယ်သစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထရမ့်၏ အမှုသည် တရားရုံးချုပ်သို့ ရောက်သွားပါက အခြေအနေ ပိုမို ရှုပ်ထွေးနိုင်သေးသည်။

“သမ္မတက ရှုံးနိမ့်မှုနဲ့ ထွက်ခွာဖို့ကို ငြင်းဆန်နေရင် ရွေးကောက်ပွဲရလဒ် မရှိမခြင်း ဘာမှလုပ်လို့ရတာ မရှိဘူး” ဟု ရေတပ်စစ်ကောလိပ်မှ အမျိုးသားလုံခြုံရေးဥပဒေ ကျွမ်းကျင်သူ လင်းဆေး ကွန် ပြောသည်။ တနည်းအားဖြင့် ဆိုရပါက ထရမ့်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေက သတ်မှတ်ထားသည့် ဇန်နဝါရီလ ၂၀ ရက်နေ့ အာဏာလွှဲပြောင်းမှုနေ့ကိုကျော်လွန်ပြီး အိမ်ဖြူတော်တွင် ရှည်ကြာစွာ ရှိနေနိုင်သည်။

ထရမ့်၏ အမှုသည် တရားရုံးချုပ်သို့ ရောက်သွားပါက အခြေအနေ ပိုမို ရှုပ်ထွေးနိုင်သေးသည်။

နိုင်ငံတွင် အမြင့်ဆုံးဖြစ်သော တရားရုံးချုပ်တွင် ထရမ့်က ခန့်အပ်ထားသည့် တရားသူကြီး သုံးဦး ရှိနေပြီး လုံး၀ တရားဝင်သော နည်းလမ်းတခုဖြင့် ထရမ့်ကို အနိုင်ပေးရန် ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။

သို့သော် ကွန်ဂရက်က မဲရလဒ်များကို အသိအမှတ်ပြုပြီးနောက်မှ ထိုဆုံးဖြတ်ချက်ကို ချမှတ်ပါက မည်သို့ဖြစ်မည်နည်း။ “ဒါဆိုရင်တော့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်တဲ့သူ အနိုင်ရတယ်ပြောတဲ့သူနဲ့ ကွန်ဂရက်က အသိအမှတ်ပြုတဲ့သူ အနိုင်ရတယ်ပြောတဲ့သူတွေကြားမှာ ပြဿနာတက်ပြီ” ဟု ကွန်ပြောသည်။ ထိုသို့သော အခြေအနေသည် လွန်စွာမဖြစ်နိုင်ကြောင်း သူပြောသော်လည်း နိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကျပ်အတည်းဖြစ်မည်ဟု ဆိုသည်။

မည်သူမျှ မမျှော်လင့် မလိုလားသော ရလဒ် မရှိသေးပေ။ ထရမ့်သည် ဥပဒေကြောင်းအရ စိန်ခေါ်လျှင်ပင် အရှုံးကို လက်ခံမည်ဟု မျှော်လင့်ရသည်။ သို့သော် ရွေးကောက်ပွဲနောက်ပိုင်း ယခုအချိန်အထိ ထရမ့်၏ လုပ်ရပ်များသည် မဖြစ်နိုင်သည်များကို မမျှော်လင့်ထားသော အရာများဆီသို့ တွန်းပို့နေပြီး ထိုမျှနှင့်ပင် စိတ်ပူစရာကောင်းလှပြီဖြစ်သည်။

(Vox သတင်းဌာနမှ What if Trump refuses to concede the election? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
473
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
486
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

You may also like these stories:

ဂျိုးဘိုင်ဒင် မဲအသာရနေပြီး ထရမ့်က မဲရလဒ်အပေါ် တရားစွဲ

အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ

Your Thoughts …
Tags: ဂျိုးဘိုင်ဒင်ဒေါ်နယ်ထရမ့်လျှို့ဝှက်ထောက်လှမ်းရေး စီးရီးအင်အားသုံးဖယ်ရှားအမေရိကန် သမ္မတ ရွေးကောက်ပွဲအိမ်ဖြူတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

by ဧရာဝတီ
28 February 2025
4.9k

အမေရိကန် သမ္မတသည် ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို ဂါဇာမှ ရွှေ့ပြောင်းနှင်ထုတ်ပြီး ထိုဒေသကို အမေရိကန် ပြည်ထောင်စုပိုင်သည့် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့သည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

by ဧရာဝတီ
7 November 2024
4.2k

နယူးယောက်တွင် လက်ရှိ စီစဉ်ထားသည့် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထောင်ဒဏ် စီရင်မည့်ကိစ္စကို ဆိုင်းငံ့ထားရန် ထရမ့်၏ ရှေ့နေများက တရားသူကြီး မစ္စတာ ဂျူယန် မာချန်ကို ပြောကြားထားသည်။

Next Post
အမေရိကတိုက် အလယ်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Eta

အမေရိကတိုက် အလယ်ပိုင်းမှာ အပူပိုင်းမုန်တိုင်း Eta ကြောင့် လူရာနဲ့ချီ သေဆုံး

ယနေ့ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မဲရုံတရုံတွင် တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved