• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ

by ဇူးဇူး
8 November 2020
in Election 2020
A A
ယနေ့ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မဲရုံတရုံတွင် တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

ယနေ့ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မဲရုံတရုံတွင် တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့ မဲပေးကြရာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်နေ ရှမ်းတိုင်းရင်းသားများမှာ ၎င်းတို့၏ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်အတွက် မဲပေးခွင့် မရသူများ ရှိနေကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ဘန်ကောက်ကြီး ရပ်ကွက်နေ စိုင်းသီဟဇော်က “ဒီဘက်မှာ အများကြီးပဲ။ ကျနော်တို့အတွက် တိုင်း ရင်းသား မဲပုံးကို မရှိတာ။ ဒီလိုမျိုး ဖြစ်မယ်ထင်လို့ လွန်ခဲ့တဲ့ ၁၀ ရက်၊ ၁၅ ကပေါ့နော်။ နှစ်ခါသွားပြီးတော့မှ ပြောထား တယ်။ ဒီ နေ့ရောက်တော့ လုံးဝ မပေးရဘူး” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
15
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
76
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
605

မဲပေးပိုင်ခွင့်ရှိသူ ၇ ယောက် ရှိသည့် ၎င်းတို့ တမိသားစုလုံး ရှမ်းတိုင်းရင်းသားရေးရာ အတွက် မဲပေးခွင့် မရခဲ့ဘဲ ကျန်လွှတ် တော် သုံးရပ်အတွက်သာ မဲထည့်ခွင့် ရခဲ့ကြောင်း၊ ၎င်းတို့ ရပ်ကွက်ထဲရှိ ရှမ်းတိုင်းရင်းသား အားလုံး ထည့်ခွင့်မရခြင်း ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

“မှတ်ပုံတင်ထဲမှာလည်း ရှမ်းတိုင်းရင်းသားပဲ။ အိမ်ထောင်စု စာရင်းထဲမှာလည်း ရှမ်းတိုင်းရင်းသားပဲ။ ကျနော်တို့လည်း ကိုယ့် တိုင်းရင်းသားကိုယ် မဲပေးချင်တာပေါ့။ ဒါ သူတို့ သက်သက်မဲ့ လုပ်တာလို့ ထင်တာပဲ။ ကျနော်တို့ ပြင်ပေးဖို့ နှစ်ခါ သွားပြောတယ်။ မတိုင်ခင် ဆယ်ရက်၊ တပတ်လောက်တုန်းက။ ဘာအကြောင်းနဲ့မှ ကျန်စရာအကြောင်း မရှိဘူးလေ။ မဲပုံးတောင် မထားဘူးဆိုတော့ ဘယ်လိုသွားလုပ်မလဲ” ဟု စိုင်းသီဟဇော်က ပြောသည်။

ချမ်းအေးသာစံမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၂၉၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၇၂ ရုံ ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုင်းသိန်းမောင်က ယခုဖြစ်စဉ်သည် ကော်မရှင်တွင် တာဝန်ရှိကြောင်း၊ မဟာအောင် မြေဘက်၌လည်း တချို့က မဲသုံးမဲထည့်ပြီး “မင်”တို့မခံဘဲ ရှမ်းမဲထည့်ပြီးမှ “မင်”တို့ခံမည်ဟူသော သတင်းများ ကြားနေရ ကြောင်း၊ တချို့ကလည်း၂၀၁၅၊ ၂၀၁၈ တွင် ထည့်ခဲ့ရပြီး ၂၀၂၀ ကျမှ ထည့်ခွင့်မရသည့်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေ ကြောင်း ရှင်းပြသည်။

“ကော်မရှင် ပေါ့လျော့မှု အပိုင်းမှာလည်း ပါမှာပေါ့။ နောက်တချက် နည်းနည်း စိတ်ထဲမှာတော့ မရိုးသားဘူး ထင်တာပဲ။ ဒ့ီပြင် ရှမ်းလူမျိုး မမှန်ကန်တဲ့ ဟာကျ အကုန်ထည့်ခွင့်ရတယ်။ ရှမ်းစစ်စစ်မှာတော့ ထည့်ခွင့်မရဘူးဆိုတော့ အဲဒါကတော့ မရိုးသားဘူးလို့ပဲ ထင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဦးစိုင်းသိန်းမောင်က လက်ရှိ ၎င်းရောက်ရှိနေသော ပြင်ဦးလွင်မြို့၌လည်း မဲရုံအပြင်ဘက် ကပ်ထားသည့် မဲစာရင်းတွင် အမည်ပါဝင်နေသော် လည်း မဲရုံအတွင်း၌ စာရင်း(လုံးဝ) မပါသဖြင့် မဲထည့်ခွင့် မရသည့် ဖြစ်စဉ်များဖြစ်ပေါ်နေ၍ ဖြေရှင်းနေရသည်ဟုလည်း ပြောသည်။

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက “မဲစာရင်းထဲ မပါရင်တော့ ပေးခွင့် မရ ဘူး။ မဲစာရင်းထဲ ပါရဲ့သားနဲ့ ပေးခွင့်မရတာတော့ မရှိပါဘူး။ ကျနော်တို့က စကြေညာကတည်းက လွှတ်တော် ၃ ရပ် အတွက် ပုံစံ (၁) နဲ့ ကပ်တယ်။ ရှမ်းတိုင်းရင်းသားတွေက ပုံစံ (၁) (က) နဲ့ကပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်ရဲ့သားနဲ့ ပုံစံ (၁) (က) မှာ မပါရင် သူတောင်းလို့ရတယ်။ ရှမ်းဖြစ်ကြောင်း ကျနော်တို့ စိစစ်မှာ အထောက်အထားနဲ့ မှန်ရင် ရှမ်းထဲမှာ ထည့် ပေးမှာ။ မဲစာရင်းမှာ မပါရင်တော့ ပြီးသွားပြီ။ ပေးလို့ မရတော့ဘူး။ ကျနော်တို့ ၃၅ ရက်တောင် ကပ်ခဲ့တာ” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်းတွင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီ ၅ ခုရှိပြီး ညီညွတ်သော ဒီမို ကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့ဖြစ်ပြီး တပါတီလျှင် ကိုယ်စားလှယ်လောင်း တဦးစီ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှာ ပါတီဖျက်သိမ်းခံထားရသဖြင့် စုစုပေါင်း ၄ ပါတီသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။

ဧရာဝတီသတင်းထောက် ဇင်လင်းထက် ပူးပေါင်းရေးသားသည်။

You may also like these stories:

ရွေးကောက်ပွဲအလွန် တည်ငြိမ်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ABSDF တိုက်တွန်း

တပ်မတော်အကြီးအကဲ၏ သတိပေးချက် ရွေးကောက်ပွဲလွန်ကာလအတွက် ပူပန်စရာ ဖြစ်လာ

Your Thoughts …
Tags: ချမ်းအေးသာစံမဲပေးခွင့်မရရွေးကောက်ပွဲရှမ်းတိုင်းရင်းသားရေးရာ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / သီဟလွင် / ဧရာဝတီ

ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ

မလေးရှားမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် Lockdown ကာလ ထပ်တိုးမြင့်

မလေးရှားမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် Lockdown ကာလ ထပ်တိုးမြင့်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.5k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate