• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျိုးဘိုင်ဒင် မဲအသာရနေပြီး ထရမ့်က မဲရလဒ်အပေါ် တရားစွဲ

by ဧရာဝတီ
5 November 2020
in သတင်း
A A
အဓိက အဆုံးအဖြတ်ပေးမည့် ပြည်နယ်များတွင် ဒေါ်နယ်ထရမ့်၏ပြိုင်ဖက် ဂျိုးဘိုင်ဒင်၏ မဲရရှိမှု အခြေအနေမှာ နှာတဖျားသာနေသည်/PBS

အဓိက အဆုံးအဖြတ်ပေးမည့် ပြည်နယ်များတွင် ဒေါ်နယ်ထရမ့်၏ပြိုင်ဖက် ဂျိုးဘိုင်ဒင်၏ မဲရရှိမှု အခြေအနေမှာ နှာတဖျားသာနေသည်/PBS

29.5k
VIEWS
Share on FacebookShare on Twitter

အမေရိကန်သမ္မတရွေးကောက်ပွဲ၏ ရလဒ်မှာ တရားဝင် ထုတ်ပြန်ရန် အနည်းငယ်မျှ နောက်ကျနိုင်ဖွယ်ရှိပြီး အဓိက အဆုံးအဖြတ်ပေးမည့် ပြည်နယ်များတွင် ဒေါ်နယ်ထရမ့်၏ပြိုင်ဖက် ဂျိုးဘိုင်ဒင်၏ မဲရရှိမှု အခြေအနေမှာ နှာတဖျားသာနေသည်။

ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်က သမ္မတရွေးကောက်ပွဲကို သူနိုင်နေသည်မှာ ထင်ရှားကြောင်း ကြေညာလ်ိုက်သည်နှင့် တပြိုင်နက် သမ္မတ ဒေါ်နယ်ထရမ့်က မဲရလဒ်များသည် မရေရာဟု ဆိုကာ ဥပဒေကြောင်းအရ စိန်ခေါ်လိုက်သည်။

ဘိုင်ဒင်သည် အကြိတ်အနယ် ပြိုင်ရသည့် ပြည်နယ်များအနက် မီချီဂန်နှင့် ဝင်ကွန်စင်ပြည်နယ်များတွင် အနိုင်ရပြီးနောက် အိမ်ဖြူတော်နှင့် လက်တကမ်းအလိုသို့ ရောက်လာသည်။ အဓိကကျသော ပြည်နယ်များဖြစ်သည့် နီဗားဒါးနှင့် ဂျော်ဂျီယာမှ မဲများကိုလာမည့် နာရီအနည်းငယ်အတွင်း ကြေညာနိုင်သောကြောင့် အမေရိကန်သမ္မတမည်သူဖြစ်မည်ကို မကြာမီသိရတော့မည်ဖြစ်သည်။

သို့သော် ထရမ့်နှင့် သူ၏မဲဆွယ်အဖွဲ့ကလည်း သူတို့အနိုင်ရကြောင်းကြေညာထားပြီး အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်များတွင် မဲရေတွက်မှုရပ်ဆိုင်းရေးအတွက် တရားရုံးမှတဆင့် ဆောင်ရွက်ရန်ကြိုးစားနေသောကြောင့် လာမည့်ရက်အနည်းငယ်သည် ရုတ်ရုတ်သဲသဲဖြစ်နေမည့် ရက်များဖြစ်နိုင်သည်။

အမေရိကန်နိုင်ငံတွင် ရာစုနှစ်တခုအတွင်း ယခုရွေးကောက်ပွဲသည် မဲပေးသူအများဆုံး ရွေးကောက်ပွဲဖြစ်နိုင်သည်။ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲပေးပွဲတွင်ပင် လူသန်း ၁၀၀ ကျော် မဲပေးခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် မဲပေးသူ သန်းဆယ်ပေါင်းများစွာရှိသည်။

တနိုင်ငံလုံး စိတ်လှုပ်ရှားနေပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။

တနိုင်ငံလုံး စိတ်လှုပ်ရှားနေပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။

အမေရိကန်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် တနိုင်ငံလုံးအတွက် ပေးရခြင်းမဟုတ်ဘဲ ပြည်နယ်အဆင့် ပြိုင်ဆိုင်မှုကို ဆုံးဖြတ်ရခြင်းဖြစ်သည်။

သမ္မတအဖြစ်ရွေးချယ်ခံရရန် သမ္မတလောင်းတဦးလျှင် electoral college ဟု ခေါ်သည့် ပြည်နယ်အလိုက် ကိုယ်စားလှယ်မဲ အနည်းဆုံး ၂၇၀ ရရန် လိုသည်။ အမေရိကန်ပြည်နယ်တခုစီသည် လူဦးရေအပေါ်တစိတ်တပိုင်း အခြေခံသည့် ကိုယ်စားလှယ်မဲအရေအတွက် ကိုယ်စီရရှိထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်မဲပေါင်း ၅၃၈ ခုရှိသည်။

ဘိုင်ဒင်သည် တချိန်က ကွန်ဆာဗေးတစ် ပြည်နယ်ဖြစ်သော အရီဇိုးနားတွင် အနိုင်ရသည်။

လွန်ခဲ့သော ၄ နှစ်က ထရမ့်ကို အိမ်ဖြူတော်သို့ ပို့ဆောင်ပေးခဲ့သော စက်မှုဒေသဟောင်း ပြည်နယ်များဖြစ်သည့် မီချီဂန်နှင့် ဝင်ကွန်စင်တို့မှာ ဘိုင်ဒင်ဘက် ယိမ်းသွားသည်။

ပင်ဆယ်လ်ဗေးနီးယားတွင် ထရမ့် နှာတဖျားနှင့် အသာရနေသော်လည်း စာတိုက်မှ ပို့သော ကြိုတင်မဲများကို ရေတွက်နေဆဲဖြစ်သည်။

ထရမ့်က အိမ်ဖြူတော်တွင် လူ ၁၀၀ ခန့်ဖြင့် ရွေးကောက်ပွဲည ဧည့်ခံပွဲလုပ်ခဲ့သည်။

ဒေသစံတော်ချိန် ၂ နာရီခွဲခန့်တွင်ပြောသောစကားတွင် ထရမ့်က “ကျနော်တို့ ဒီရွေးကောက်ပွဲနိုင်ဖို ပြင်ဆင်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ပြီးပြီ” ဟု ပြောသည်။

ထိုနောက် မည်သည့်အထောက်အထားမျှ မပြဘဲ နိုင်ငံအပေါ်အကြီးအကျယ် လိမ်လည်မှု ဟု စွပ်စွဲကာ တရားရုံးချုပ်တွင် ဖြေရှင်းမည်ဟု ပြောသည်။

“မဲရေတွက်တာ ရပ်ချင်တယ်” ဟု ပြောပြီး စာတိုက်မဲများ ရေတွက်ခြင်းကို အသိအမှတ် မပြုလိုသည့် သဘောပြောသည်။

မဲလိမ်သည့် အထောက်အထား လုံးဝ မရှိပေ။

မဲလိမ်သည့် အထောက်အထား လုံးဝ မရှိပေ။

ထရမ့်၏ ပြောဆိုမှုကို ဘိုင်ဒင်၏ မဲဆွယ်အဖွဲ့က မကြုံစဖူး ဒေါသထွက်စရာ မှားယွင်းသော ပြောဆိုချက်အဖြစ် ရှုတ်ချသည်။ ထိုလုပ်ရပ်သည် အမေရိကန် နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေးများကို ဗြောင်ကျကျ ရုတ်သိမ်းခြင်းဖြစ်ကြောင်းပြောသည်။

ဒေသစံတော်ချိန် ၁.၀၀ နာရီခန့်တွင် ဘိုင်ဒင်က သူနိုင်မည်ဖြစ်ကြောင်း သူ၏ဇာတိ ဒီလာဝဲပြည်နယ် ဝယ်မင်တန်မှ သူ့ကိုထောက်ခံသူများအား ပြောသည်။

ဘိုင်ဒင်က “ကျနော်တို့ ရောက်ရှိတဲ့အခြေအနေအတွက် ကျနော်တို့ ကျေနပ်တယ်။ ကျနော်တို့ တကယ်လုပ်နိုင်ခဲ့တယ်။ ကျနော်တို့ဟာ ရွေးကောက်ပွဲနိုင်မယ့် လမ်းကြောင်းပေါ်ကိုရောက်နေတယ် ဆိုတာကိုပြောဖို့ ကျနော် ဒီကိုလာခဲ့တာ” ဟု ပြောသည်။

“မဲရေတွက်တာပြီးစီးတဲ့အထိ စိတ်ရှည်ရမယ်။ မဲတိုင်းမဲတိုင်းကို ရေတွက်မပြီးမခြင်း စိတ်ရှည်ရမယ်” ဟုလည်း သူပြောသည်။

ထိုသို့ ဘိုင်ဒင်ပြောကြားနေချိန်တွင် အိမ်ဖြူတော်မှ ထရမ့်ကလည်း “ကျနော်တို့က အကြီးအကျယ် အောင်မြင်တယ်။ ဒါပေမယ့် သူတို့က ရွေးကောက်ပွဲကို ခိုးယူဖို့ ကြိုးစားချင်ကြတာ” ဟု တွစ်တာတွင်ရေးသည်။ ထိုရေးသားချက်သည် ရွေးကောက်ပွဲနှင့် အခြားနိုင်ငံသားဆိုင်ရာ ကိစ္စများကို နားလည်မှုလွဲမှားစေသော ရေးသားချက်ဖြစ်ကြောင်း တွစ်တာက အမှတ်အသား ပြုထားသည်။

ရွေးကောက်ပွဲမတိုင်မီတရက်တွင် ကျော်တက်မရနိုင်သည့် ခြံစည်းရိုးသစ်တခုကို အိမ်ဖြူတော် ပတ်လည်တွင်တည်ဆောက်လိုက်သည်။ ဝါရှင်တန်နှင့်နယူးယောက်မှ စီးပွားရေးလုပ်ငန်းများသည်လည်း မငြိမ်သက်မှုဖြစ်မည်စိုးသောကြောင့် ၎င်းတို့၏ အဆောက်အအုံများကို အကာအရံများ ပြုလုပ်ထားကြသည်။

ကိုးကား။ ။ BBC, Nikkei Asia, AP

You may also like these stories:

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ

Your Thoughts …
Tags: ဂျိုးဘိုင်ဒင်ဒေါ်နယ်ထရမ့်အမေရိကန် သမ္မတ ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

by ဧရာဝတီ
28 February 2025
4.9k

အမေရိကန် သမ္မတသည် ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို ဂါဇာမှ ရွှေ့ပြောင်းနှင်ထုတ်ပြီး ထိုဒေသကို အမေရိကန် ပြည်ထောင်စုပိုင်သည့် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့သည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

by ဧရာဝတီ
7 November 2024
4.2k

နယူးယောက်တွင် လက်ရှိ စီစဉ်ထားသည့် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထောင်ဒဏ် စီရင်မည့်ကိစ္စကို ဆိုင်းငံ့ထားရန် ထရမ့်၏ ရှေ့နေများက တရားသူကြီး မစ္စတာ ဂျူယန် မာချန်ကို ပြောကြားထားသည်။

Next Post
အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်လူနာပေါင်း ၉ ဒသမ ၈ သန်းကျော် လွန်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်မှာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ

Hanbok ရဲ့ မူရင်းဟာ တရုတ်ရိုးရာဝတ်စုံဖြစ်တဲ့ Hanfu သာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Hanbok ကို “တရုတ်ရိုးရာ ဝတ်စုံ”လို့ ပြောတဲ့အပေါ် ကိုရီးယားတွေ ဒေါသထွက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved