• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုဗစ်ကာလ သဘင်ပညာရှင်များရဲ့ အခက်အခဲနဲ့ လုပ်ဆောင်မှုများ

by ယုဖြူဟန်
9 January 2021
in Entertainment
A A
မြန်မာနိုင်ငံမှ သဘင် အနုပညာရှင်များ  / MOHS's Page

မြန်မာနိုင်ငံမှ သဘင် အနုပညာရှင်များ / MOHS's Page

30.1k
VIEWS
Share on FacebookShare on Twitter

COVID–19 ရောဂါ မြန်မာနိုင်ငံသို့ ရောက်ရှိလာတာ ၉ လခန့်ရှိပြီဖြစ်တဲ့ ကာလအတွင်းမှာ တနိုင်ငံလုံးစီးပွားရေး အခက်အခဲများနဲ့ ကြုံတွေ့ကြရပါတယ်။ ဒီထဲမှာမှ ဖျော်ဖြေရေးကဏ္ဍဟာ ပိုမို အထိနာတယ်လို့ ပြောလို့ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကိုဗစ်ကာလအတွင်း ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များဟာ အချင်းချင်းလည်း ဝိုင်းဝန်း ကူညီသလို ပြည်သူများအတွက်လည်း အခက်အခဲများကြားထဲက ပညာပေးလုပ်ငန်းများ၊ ဖျော်ဖြေရေးများကို တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးခဲ့တဲ့အတွက်လည်း ဇန်နဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အနုပညာရှင်များအား တွေ့ဆုံ ဆွေးနွေးခြင်း၊ ကျေးဇူးတင် ဂုဏ်ပြုစကား ပြောဆိုခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
295
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
749
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
431

အဆိုပါ အစီအစဉ်မှာ တင်ပြခဲ့ကြတဲ့ သဘင်ပညာရှင်များရဲ့ အခက်အခဲများ၊ လုပ်ဆောင်ချက်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဖိုးချစ် (မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ)

လက်ချိုးရေလို့ ရတယ်။ အနုပညာရှင်တချို့မှ လွဲပြီးတော့ ကျန်တဲ့အနုပညာရှင် တော်တော်များများ အဆင်မပြေကြဘူး။ နေ့ဖို့ညစာတောင် စားဝတ်နေရေး ခက်ခဲနေတာတွေ ရှိတယ်။ ပြည်သူတွေထဲမှာလည်း တချို့အဆင်ပြေတာတွေ ရှိတယ်။ သေရမှာကို လူတိုင်း ကြောက်ပေမယ့်လည်း သေဘေးကို မကြောက်ဘဲနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ ကျနော် မှတ်သားမိတဲ့အရာကို ပြောရရင် နိုင်ငံတနိုင်ကို ပြည်သူတွေရဲ့ပျော်ရွှင်မှုနဲ့ အဲ့နိုင်ငံကို တိုင်းတာရတယ်လို့ မှတ်သားဖူးပါတယ်။

အခုအချိန်မှာ ကျနော်တို့ အပါအဝင် တာဝန်ယူရတဲ့သူတွေ ဘယ်လောက်တောင် တာဝန်ကြီးနေလဲဆိုတာ နားလည်းလည်တယ်။ ကိုယ်ချင်းလည်း စာတယ်။ အဲ့အတွက် ကျနော်တို့က ဘယ်သူမှ မခိုင်းဘဲနဲ့ ကိုယ်သိသလောက်နဲ့ ဝိုင်းကူကြတာ။ အစိုးရက ကိုယ့်ကို ကြည်ဖြူအောင်လည်း မဟုတ်ဘူး။ လူကြီးကကိုယ့်ကို ချစ်အောင်လည်း မဟုတ်ဘူး။ ဒီနိုင်ငံမှာ ကျနော်တို့က မွေးတဲ့အတွက် ဒီနိုင်ငံအတွက် အတွေးနဲ့အမြင်နဲ့ ပါဝင်ကြတာ ဖြစ်ပါတယ်။

အခု ပကတိ အခြေအနေကို မျက်ကွယ်ပြုလို့ မရဘူးဆိုတာက သဘင်သည်၊ ရုပ်ရှင်၊ ဂီတပေါ့။ ဂီတမှာလည်း နာမည်ရှိကြတဲ့ လူတွေကတော့ စားဝတ်နေရေးအတွက် လောလောဆယ်မှာ မပူရဘူး။ ဒါပေမဲ့ အောက်ခြေမှာ စက်အဖွဲ့တွေ၊ ဂစ်တာ ကိုင်ရတဲ့သူတွေ၊ ပွဲလေးတွေမှာ ဆိုရတဲ့သူတွေ အောက်ခြေမှာ တအားကို ဒုက္ခရောက်နေကြပြီ။ ရုပ်ရှင်မှာဆိုလည်း မင်းသားတွေ၊ မင်းသမီးတွေက သိန်းကို ရာချီပြီး ရနေကြတယ်။ အောက်ခြေမှာ တကယ့်ကို ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပါ။

အဲ့လိုပြောလို့ ကျနော်အဆင်မပြေဘူးလားဆိုတော့ ကျနော့် စားဝတ်နေရေး ကျနော့် တဖွဲ့တည်း အတွက်တော့ အဆင်ပြေပါတယ်။ တနိုင်ငံလုံးအတွက်ကတော့ အဆင်မပြေကြဘူး။ စားဝတ်နေရေးအတွက် လောဘလေးတွေ ရှိလာရင်းကနေ ဒေါသအသွင်ကို ပြောင်းလာတယ်။ သူတို့ တန်ဖိုးထားတဲ့အနုပညာအပေါ်မှာ စိတ်လေးတွေ ပြောင်းလာတယ်။ ကိုယ်မတ်မှပဲ သူများကို ထူနိုင်မှာဆိုတော့ အနုပညာရှင်တွေက ပညာပေးလုပ်တာ မှန်ပေမယ့် ပညာပေးလုပ်မယ့် အနုပညာရှင်တွေ ကိုယ်တိုင်က ကယ်ပါကယ်ပါ ဖြစ်နေတဲ့ အနေအထား ရှိပါတယ်။

ဟန်ဇာမိုးဝင်း (ဇာတ်သဘင်ပညာရှင်များ အစည်းအရုံး)

သဘင်ပညာရှင်တွေအနေနဲ့ ပထမဆုံး စတွေးမိတာက Stay Home နေရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ကိုယ်တိုင်လည်း တကယ်ခံစားလာရတာက စိတ်ကျလာတာ၊ တွေးမိတာက ပြည်သူတွေအတွက် ပျော်ရွှင်စေတဲ့ နည်းလမ်းတွေကို အိမ်ထဲမှာနေရတဲ့သူတွေကို ကျနော်တို့တွေ ဘယ်လိုမျိုး လုပ်ပေးမလဲဆိုတာကို စဉ်းစားတယ်။ ကျနော့် သူငယ်ချင်းတွေရယ်၊ ကျနော်ရယ် ပူးပေါင်းပြီးတော့ Facebook Channel တွေကနေပြီးတော့ ၂ နာရီစာ ကပြဖျော်ဖြေမှု လုပ်ခဲ့တယ်။ လူအနည်းအကျဉ်းနဲ့ လုပ်ခဲ့တယ်။

အနုပညာရှင်အနေနဲ့ပြောရင် ပြည်သူတွေက လက်ခံဆိုတာကို ကျနော်တို့က Mask တပ်ဖို့၊ လက်ဆေးဖို့တွေကို ပြောခဲ့ပါတယ်။ တခန်းရပ်ပြဇာတ် အတိုလေးတွေမှာ အသိပေးမှုတွေ လုပ်ခဲ့ပါတယ်။ ဘယ်သူမှခိုင်းလို့လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ အသိစိတ်ဓာတ်နဲ့ ပရိသတ်တွေလည်း ရယ်မော ပျော်ရွှင်စေဖို့ Depression တွေလည်း မရအောင်ပေါ့။ ဒီရောဂါက စိတ်နဲ့လည်း သက်ဆိုင်တော့ စိတ်ကျမှာ အရမ်းစိုးရိမ်တယ်။ အဓိကက စိတ်မကျသွားအောင် ဖြတ်သန်းဖို့။ ဒါတွေအားလုံးက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ပါဝင်ခဲ့ပါတယ်။

ဦးနေဝင်း (မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး)

မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိတဲ့ထဲမှာ ၂၅၀ ကျော်လောက် သဘင်အစည်းအရုံးတွေ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေအပိတ်ခံရတဲ့အချိန်မှာ သဘင်တို့၊ ရုပ်ရှင်တို့၊ ဂီတတို့ အပိတ်ခံရပါတယ်။ အဲ့လိုအပိတ်ခံရတဲ့အတွက် လောကသားတွေ အားလုံးက ဒုက္ခရောက်ပါတယ်။ ကျနော်တို့ရဲ့ ထမင်းအိုး မီးတောက်တွေက ငြိမ်းသွားပါတယ်။ ကျနော်တို့က အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကူညီကြပါတယ်။

သဘင်ကလည်း သဘင်၊ ရုပ်ရှင်ကလည်း ရုပ်ရှင်လောကသားတွေကို အကြိမ်ကြိမ် ကူညီပါတယ်။ ဂီတကလည်း ကူညီတာလည်း တွေ့ရပါတယ်။ သဘင်ကလည်း ဒီကာလအတွင်းမှာ သိန်းပေါင်း ၅ ထောင်ကျော်ဖိုးလောက် လှူပါတယ်။ ကျနော်တို့ လောကသားတွေက COVID–19 ပပျောက်သွားပြီးတော့ ပြန်ပြီးဖွင့်ကြမယ်ဆိုရင်လည်း ကျနော်တို့တွေဟာ လူစုလူဝေးနဲ့ ဖျော်ဖြေ တင်ဆက် ကပြရတာ ဖြစ်တဲ့အတွက် နောက်ဆုံးမှသာ ဖျော်ဖြေတင်ဆက်ခွင့်တွေရမှာ ဖြစ်ပါတယ်။

အလျဉ်းသင့်လို့ တင်ပြချင်တာကတော့ ကျနော်တို့ ရုပ်ရှင်၊ သဘင်၊ စာပေစာနယ်ဇင်းနဲ့ မီဒီယာများအတွက် ကူညီထောက်ပံ့ပြီးတော့ ချေးပေးမယ့် ချေးငွေ နိုင်ငံတော်ကနေ ၁၅ ဘီလီယံ ရထားပါတယ်။ အောက်တိုဘာ ၁၄ရက်နေ့က မြန်မာ့အသံကနေ ကြေညာသွားပါတယ်။ အခု ကျနော်တို့ ၂၀၂၁ ဇန်နဝါရီဆို ၃ လ ရှိပါပြီ။ လူကြီးတွေက အခက်အခဲဖြစ်နေတဲ့ ကျနော်တို့အတွက် လုပ်ပေးပြီး ဖြစ်ပါတယ်။ အောက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေက အဆင်ပြေအောင် နိုင်ငံတော်က အကျိုးစီးပွားများကို လုပ်ပေးနိုင်အောင် ဒီနေရာကနေတဆင့် ဆက်လက်ပြီး အထက်အဖွဲ့အစည်းတွေကို တင်ပြပေးပါလို့ ပြောကြားလိုပါတယ်။

You may also like these stories:

“အားလုံးရဲ့ မေတ္တာ၊ စေတနာကြောင့် ကျန်းမာရေး ကောင်းလာပြီ”ဆိုတဲ့ မိုးဒီ

“ဖျော်ဖြေရေးမှာ အကုန်လုံး ဦးမော့နိုင်ဖို့ အခက်အခဲများစွာ ရှိနေသေးတယ်”

မြန်မာမှာ ကိုဗစ် ဒီလောက် ထိန်းနိုင်တာ အနုပညာရှင်တွေကြောင့်လို့ ပြည်ထောင်စုဝန်ကြီး ပြော

Your Thoughts …
Tags: ကိုဗစ်ကာလဖျော်ဖြေရေးသဘင်ပညာရှင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
1.7k

ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Facebook

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

by ချစ်ပိုး
14 January 2021
8.2k

ကိုဗစ် ပထမလှိုင်းတုန်းက ဆီပြန်ဟင်းတွေ စားဖြစ်လိုက်တယ်။ ထမင်းတွေလည်း အရမ်းစားတာ။ ၃၊ ၄ နပ် စားဖြစ်တာ။ အဲ့ချိန်မှာ အဆီတွေ တက်လာတယ်။

သရုပ်ဆောင် စမိုင်းလ် / Smile's Facebook

တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်

by ယုဖြူဟန်
25 November 2020
5k

ဒီအစီအစဉ်ကိုတော့ အခုလို ကာလမှာ တနိုင်တပိုင် စီးပွားရေး လုပ်နေသူတွေ ကြော်ငြာခပေးဖို့ ဈေးအများကြီး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် ချမ်းချမ်းနဲ့ သမီးလေး မြမိုးဂင်္ဂါ / Chan Chan's Faecbook

ကိုယ်ဝန်လွယ်ထားတာ ၅ လရှိပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချမ်းချမ်း

by ယုဖြူဟန်
1 December 2020
70.4k

“Single parent ဘဝဆိုတာ အမေအဖြစ်ရော၊ အဖေတယောက်လိုပါ အစစအရာရာ ကိုယ်တိုင် ရုန်းကန်ခဲ့ရလို့ ပင်ပန်းပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။

ငွေရေးကြေးရေး အဖွဲ့အစည်းတချို့ ရပ်ကွက်ကျေးရွာများ၌ ချေးငွေ ချထားပေးစဉ်  / Jasmines Season / Facebook

ချေးငွေ အတိုး အရင်းများကို အတင်းအကြပ် ကောက်ခံပါက လိုင်စင်ပိတ်မည်

by မျိုးပပစန်း
15 October 2020
36.9k

စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု ကျဆင်းနေသည့် ကာလအတွင်း အသေးစား ငွေရေးကြေးရေး အဖွဲ့များ အနေဖြင့် ပြန်ဆပ်ငွေများကို အတိုးနှင့်အရင်းများ အတင်းအကြပ် ကောက်ခံခြင်းမပြုရန် ပြည်ထောင်စု အစိုးရက ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်

Next Post
မြဝတီမြို့နယ် အာရှလမ်းမကြီးပေါ်တွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

ကရင် နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ အပြောင်းအလဲ ရှိမလား

သရုပ်ဆောင် နေတိုးနဲ့ အေးမြဖြူ  / Aye Mya Phyu's Facebook

“နေတိုးနဲ့ တွဲရိုက်ချင်တာ ငယ်စဉ်က အိပ်မက်ပါ”လို့ အေးမြဖြူ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate