• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကမ္ဘာ့ အလှဆုံးမယ် ၆ ဦး စာရင်းဝင်တဲ့ ခင်ဝင့်ဝါနဲ့ လတ်တလော အမေးအဖြေ

by မေမြန်မာ
9 January 2014
in Lifestyle
A A
ခင်ဝင့်ဝါ, အမျိုးသမီး, ကမ္ဘာ့အလှဆုံးမယ်

ခင်ဝင့်ဝါ (ဓာတ်ပုံ - ဧရာဝတီ)

6.6k
VIEWS
Share on FacebookShare on Twitter

ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty ဝက်ဘ်ဆိုက်မှာ ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ Miss Universe အလှမယ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၆ ခုကနေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အလှမယ် ၅၈၅ ဦးထဲက အလှဆုံးမယ်ကို စိန်နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်မယ့်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါက နံပါတ်စဉ် ၆ ချိတ်ခဲ့ပါတယ်။ ဘယ်လာရုစ် နိုင်ငံမှာပြုလုပ်ခဲ့တဲ့  Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပြင် Missosology website ကနေပေးတဲ့ People Choice Award၊ Face of Miss Supranational 2013 နဲ့ ဘယ်လာရုစ် ဝက်ဘ်ဆိုက်က ပေးတဲ့ Most Beautiful Girl in the World ဆု ၄ ခု ပိုင်ဆိုင်ခဲ့သူ အလှမယ် ခင်ဝင့်ဝါကို အဲဒီဆု ရတဲ့အကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဧရာဝတီက မေးမြန်းထားပါတယ်။

မေး။     ။ The Idea Beauty ကရွေးချယ်တဲ့ အလှမယ်စာရင်းထဲမှာ ခင်ဝင့်ဝါက ကမ္ဘာ့အလှဆုံး ၆ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ အတွက် ခံစားချက် ပြောပြပေးပါ။

ဖြေ။     ။ အတိုင်းမသိဝမ်းသာမိတယ်။ အစက ရွေးခဲ့တာ ခြောက်ယောက် အထိ ပါမယ်လို့ကို မထင်ခဲ့ပါဘူး။ အဲဒီကပေးတဲ့ ဆုကို လိုချင်ပေမယ့် မမျှော်မှန်းရဲဘူး။ တခြားနိုင်ငံက မယ်ရသွားပေမယ့် ကိုယ်က ခြောက်ယောက်ထဲမှာ ပါလို့ကို ကျေနပ် နေမိပါတယ်။ ညီမအတွက်လည်း အမှတ်တရ တခုလို ထင်ကျန်ခဲ့ပါတယ်။

မေး။     ။ ဘာကြောင့် အဲဒီ အဆင့်အထိ ဝင်သွားတယ်လို့ ထင်သလဲ။

ဖြေ။     ။ ဒိုင်တွေက သူတို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ပြီး ရွေးတယ်။ ပရိသတ်တွေ ကလည်း အရမ်းအားပေးလို့ ပါသွားတယ် ထင်ပါတယ်။

မေး။     ။ အလှမယ်တယောက်မှာ ဘယ်လို အချက်တွေက အဓိက လိုအပ်တယ်ထင်သလဲ။

ဖြေ။     ။ အလှမယ်ဆိုတာက မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်တဲ့အတွက် သူများ နိုင်ငံတွေနဲ့ ယှဉ်ရင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာတွေ အားလုံးကို နှံ့စပ်အောင် သိရမယ်၊ ပြီးတော့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ် အချိုးအစားပေါ့။ အဲဒီ သုံးမျိုးကတော့ အဓိက လိုအပ်တာပေါ့နော်။

မေး။     ။ စိတ်ဓာတ်ကို ဘယ်လိုပုံစံမျိုး မွေးမြူရမယ် ထင်လဲ။

ဖြေ။     ။ ညီမကတော့ ကိုယ့်စိတ်ဓာတ်ကို အခိုင်မာဆုံး ထားတယ်။ ကိုယ်လုပ်တဲ့ အရာကို အကောင်းဆုံး ဖြစ်အောင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် စိတ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ဘယ်ကိစ္စကို မဆို
အတိုက်အခိုက်တော့ ရှိတာပဲ။ ဒါပေမယ့် ညီမကတော့ စိတ်ဓာတ် ကျမသွားအောင် အကောင်းဆုံး ပြင်ဆင်ပါတယ်။

မေး။     ။ နောက်ထပ် မြန်မာနိုင်ငံ ကိုယ်စားပြု သွားမယ့်သူတွေကို ခင်ဝင့်ဝါအနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။ ဘာတွေကို
ပြင်ဆင် သွားစေချင်သလဲ။

ဖြေ။     ။ ညီမတို့ သွားပြိုင်တဲ့ အချိန်တုန်းက အရမ်းကို ခတ်ခဲခဲ့ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံက ပွင့်လင်းလာပြီ ဆိုတော့ ပွဲတွေအများကြီး လုပ်လာပြီး အားပေးတဲ့ သူတွေ အများကြီးရှိလာတော့ အရမ်းလည်း ကောင်းပါတယ်။အဓိက ကတော့ စိတ်ဓာတ်ကို ပြုပြင်ပြီးသွားပါ လို့။ ဘာလို့လဲဆိုတော့ အားပေးတဲ့သူ ရှိသလို ကဲ့ရဲ့တဲ့ သူလည်း ရှိတယ်လေ။
ဘယ်လို အခက်အခဲပဲ ကြုံပါစေ ကိုယ်ယှဉ်ပြိုင်မယ့် အရာကို အောင်မြင်အောင် ယှဉ်ပြိုင်ပါလို့ ပြောချင်ပါတယ်။

မေး။     ။ အလှမယ် အဖြစ် တခြားနိုင်ငံကို သွားတဲ့အခါမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့ ပုံစံက ဘယ်လိုပုံစံမျိုး ကြုံရလဲ။

ဖြေ။     ။ အားလုံးက အတူတူပဲ။ သူတို့နိုင်ငံတွေမှာ ခွဲခြား ဆက်ဆံတာမျိုးတွေ မရှိဘူး။ ဘယ်သူ့ဘယ်သူကို အသားပေးတာ မျိုးလည်း မရှိဘူး။ အဓိကကတော့ ကြိုးစားရင် ကြိုးစားသလို နေရာပေး ခံရတယ်။ အရည်အချင်း ပေါ်မူတည်ပြီး ကြည့်တယ်။
ညီမတို့ သွားရောက်တဲ့ အခါမှာလည်း အကုန်လုံးကို တန်းတူဆက်ဆံပြီး ကောင်းကောင်းမွန်မွန် ပြုစုပါတယ်။

မေး။     ။ လက်ရှိ ညီမနဲ့ အရွယ်တူ အမျိုးသမီးတွေ အပေါ်ကိုရော ဘယ်လိုမြင်သလဲ။

ဖြေ။     ။ အခုခေတ် အမျိုးသမီးတွေ အကုန်လုံးကတော့ အသက်အရွယ် အားဖြင့် ၁၃ နှစ်ကျော်လေးနဲ့တင် အရမ်းကို တော်ကြပါတယ်။ အကုန်လုံးကလည်း သွက်လက်ကြတာ တွေ့ရတယ်။
မေး။     ။ သူတို့ကိုရော ဘယ်လိုမျိုးတွေ ဖြစ်စေချင်သလဲ။

ဖြေ။     ။ ကိုယ်ဖြစ်စေချင်သလို ဖြစ်တာမဟုတ်တဲ့ အတွက် အားလုံးကို ပြောချင်တာက ညီမတို့က ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့အတွက် ယဉ်ကျေးမှုကို အဓိက ထိန်းသိမ်းစေချင်တယ်။ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုပေါများတဲ့
နိုင်ငံလည်း ဖြစ်တဲ့အတွက် ကိုယ်နိုင်ငံ ယဉ်ကျေးမှုကို အဓိက ဖော်ပြစေချင်တယ်။ အပြောအဆို အနေအထိုင်တွေကို
အဓိကထားပြီး ထိန်းသိမ်းသင့်တယ်လို့ ညီမ ထင်တယ်။

မေး။     ။ ညီမ အခုလုပ်လုပ်နေတဲ့ နေရာနဲ့ ဖြတ်သန်းနေတဲ့ ကာလတလျှောက်မှာ အမျိုးသမီးအမျိုးသား ခွဲခြား ဆက်ဆံ ခံရတာမျိုး တွေ့ဖူးလား။

ဖြေ။     ။ ကိုယ်တိုင်ကတော့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ မကြုံဖူးပေမယ့် အမျိုးသမီးအမျိုးသား ခွဲခြားတာမျိုးတော့ တွေ့ဖူးတယ်။ ညီမတို့နိုင်ငံမှာ ဟိုအရင်ကတည်းက ယောက်ျားလေးတွေကို အသားပေးတဲ့ နိုင်ငံဖြစ်တော့ ကျောင်းတက် ကတည်းက ခွဲခြားခံရတွေ ရှိခဲ့တယ်။ ညီမကတော့ ခွဲခြားပြီး မမြင်စေချင်ဘူး။ တော်ရင်တော်သလို အသားပေးတာမျိုးပဲ ဖြစ်စေချင်တယ်။

မေး။     ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ရဖို့အတွက် ဘယ်လိုစကားမျိုး ပြောချင်သလဲ။

ဖြေ။     ။ အလုပ်ခွင်တို့ ဘာတို့မှာ နှိမ့်ချတာမျိုးတော့ မဖြစ်သင့်ပါဘူးလို့။ ၂၁ ရာစုမှာ မိန်းကလေးနဲ့ ယောက်ျားလေးက
ရင်ဘောင်တန်း နေတဲ့ခေတ်လေ။ ဘယ်လိုပဲပြောပြော ခွဲခြားဆက်ဆံတာမျိုးတော့ မရှိသင့်ဘူးလို့ ညီမထင်တယ်။

မေး။     ။ လတ်တလော လူမှုရေး လုပ်ရှားမှုလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ။     ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အစားအသောက်တွေ သွားလှူ ဖြစ်ခဲ့တယ်။ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ၃ နှစ်ပြည့် နေ့မှာတော့ သွားကူညီဖြစ်ခဲ့ပါတယ်။ ဒီလထဲမှာတော့ မအားသေးဘူး။ အားတဲ့ရက်တွေမှာတော့ သွားလုပ်ဖြစ်နေမှာပါ။ ဘယ်နေရာမှာ သွားလုပ်ဖြစ်မယ်တော့ မသိသေးပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လူမှုရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ပြီးလုပ်ဖို့ ဝါသနာပါတယ်။ အခုအချိန်က ညီမ အသက်ကလည်း ငယ်သေးတော့လေ၊ တကယ်လုပ်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားကျရင် ဦးဆောင်ပြီး လုပ်သွားမှာပါ။

မေး။     ။ လက်ရှိ အနုပညာနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ လုပ်ဖြစ်နေလဲ။

ဖြေ။     ။ အခု ကိုကောင်းပြည့်နဲ့ ဗီဒီယိုရိုက်ဖြစ်တယ်။ ၂၀ ရက်နေ့ကျရင် ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မင်းသား ကိုစိုးရန်အောင်နဲ့
ရုပ်ရှင်ကား ရိုက်ဖို့ရှိပါတယ်။ ကား နာမည်ကတော့ မသိသေးပါဘူး။ ဇာတ်လမ်းပဲ သိရသေးတယ်။

မေး။     ။ ရုပ်ရှင်ကား ရိုက်မယ်ဆိုတော့ ဒါက ခင်ဝင့်ဝါအတွက် ပထမဆုံးပဲနော်။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားလဲ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ဖြေ။     ။ ဟုတ်တယ် ပထမဆုံးကားပါပဲ။ အဲဒီကားမှာက ညီမက လူကြီးတွေ သဘောတူထားတဲ့ သူပဲပေါ့။ အဲဒီအထဲမှာ အလွမ်း ဇာတ်လေးဘက် ကူးတော့ သိပ်ပြီး မပေါ့ပါးပါဘူး။ ပန်ချီဦးစိုးမိုးကလည်း သင်ကြားပေးတဲ့အပြင်၊ ညီမလည်း
ရုပ်ရှင်ကားတွေ ပြန်ကြည့်ဖြစ်နေတယ်။ အမှားအယွင်း မဖြစ်အောင် သေသေချာချာတော့ လေ့လာဖြစ်ပါတယ်။ ညီမအနေနဲ့ က ဒါ ပထမဆုံးဆိုတော့ စောင့်ကြည့်နေတဲ့ သူတွေရှိလို့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်လေး ဖြစ်မိပါတယ်။ ညီမက ဗီဒီယို ကားရိုက်တာလည်း သိပ်မရှိသေးဘူးလေ။ အခုမှ လေးကားပဲ ရိုက်ရသေးတယ်။ အစိမ်းသက်သက်ကြီး ဒီ အနုပညာ လောကထဲ ဝင်ရတာဆိုတော့ ညီမအတွက် လိုအပ်ချက်တွေ အရမ်းများတယ်။ အဲဒါကြောင့် အကောင်းဆုံးတော့
လေ့လာနေပါတယ်။

မေး။     ။ ပရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။

ဖြေ။     ။ ခင်ဝင့်ဝါဆိုတာ ပရိသတ်ကြောင့် ဖြစ်လာတာပါ။ ပရိသတ်က ဝေဖန်အကြံပေးကြပါ။ ညီမကလည်း အမြဲကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

Your Thoughts …
Tags: CelebrityEntertainEntertainment
မေမြန်မာ

မေမြန်မာ

Contributor

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.3k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.5k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10.1k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

Next Post
ခင်သဇင်, စိုင်းစိုင်းခမ်းလှိုင်, သစ္စာရှင်းတမ်း

ခင်ပွန်းနဲ့ ညှိလို့ရလို့ ခင်သဇင် အနုပညာ အလုပ်တွေ ပြန်လုပ်မယ်

အရွယ် မရေက်သေးသည့် မိန်းကလေး, အဓမ္မပြုကျင့်မှု, စစ်တပ်, တပ်မတော်, တိုင်းရင်းသား, မွန်

စစ်သားတဦး အရွယ်မရောက်သေးသည့် မိန်းကလေး အဓမ္မပြုကျင့်မှု စုံစမ်းစစ်ဆေး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved