• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ” တေးစီးရီး ဗိုလ်ချုပ်မွေးနေ့အမီ ထွက်မည်

by သီဟတိုး
15 January 2015
in Lifestyle
A A
ဗိုလ်ချုပ်အောင်ဆန်း, နှစ် ၁၀၀ ပြည့်

HOME မီဒီယာတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးစီးရီးအတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ မောင်သူရ (လူရွှင်တော် ဇာဂနာ) စီစဉ်ပြီး Bo Bo Entertainment မှ ထုတ်လုပ်ဖြန့်ချိ သွားမည့် “ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ” အမည်ရှိ တေးစီးရီးခွေ Audio CD ကို ယခုလ ၂၀ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တေးစီးရီး DVD ခွေကိုမူ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တနိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ရှိ Home (House of Media & Entertainment) ရုံးခန်းတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အခွေစီစဉ်သူ ဦးဇာဂနာက ပြောသည်။

“ကျနော်တို့ ဒီ Audio CD ကို လာမယ့် အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Bo Bo Entertainment ကနေ တနိုင်ငံလုံးကို ဖြန့်ချိပါမယ်။ DVD အခွေကိုတော့ ဇန်နဝါရီလကုန်မှာ ဖြန့်ချိမှာပါ။ ဒီအခွေ အကျိုးအမြတ် ဘယ်လောက်ရမလဲလို့ ကျနော်တို့ မမျှော်မှန်းပါဘူး။ မျှော်လည်း မမျှော်လင့်ရဲဘူး။ ကျနော်တို့ ဘယ်လောက်အထိ ကုန်ထားလဲ၊ ဘယ်လောက်ထိ မြတ်ထားလဲ ဆိုတာ မတွက်ထားပါဘူး။ တကယ်လို့ ကျနော်တို့ ပိုက်ဆံပြန်ရခဲ့ရင်လည်း ရသမျှကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရန်ပုံငွေထဲကို ထည့်လိုက်မှာပါ။ ဗိုလ်ချုပ်ရာပြည့်မှာ တနိုင်ငံလုံး ဟုန်းဟုန်းတောက် နားထောင်ကြရင်ပဲ ကျနော်တို့ ကျေနပ်လှပါပြီ” ဟု ဦးဇာဂနာက ဆိုသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

အဆိုပါ အခွေတွင် ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အမှတ်တရ ဂုဏ်ပြုတေးသီချင်းများ စုစုပေါင်း သီချင်းပုဒ်ရေ ၁၀ ပုဒ် ပါဝင်ပြီး တေးရေး၊ တေးဆို အသစ်များက ပါဝင်သီဆို ရိုက်ကူးထားသည်ဟု သိရသည်။

အခွေတွင် ပါဝင်သည့် တေးသီချင်းများမှာ “လွတ်လပ်ခြင်း အနုပညာ” ဗိုလ်ချုပ်ဂုဏ်ပြု တေးသီချင်းပြိုင်ပွဲမှ ဆုရ တေးသီချင်းများနှင့် တခြားသော တေးရေး၊ တေးဆိုအသစ်များ၏ တေးသီချင်းများကို ရွေးချယ်သုံးထားပြီး Rock၊ Hip Hop၊ Pop၊ သီချင်း အမျိုးအစားစုံ ပါဝင်သည်ဟု သိရသည်။

“ကျနော် ဒီအခွေလေးမှာ ပါဝင်ဖြစ်တာက ဦးသူရ (ဇာဂနာ) က ဒီအခွေလေး လုပ်မယ်ဆိုပြီး ကျနော့်ကို ပြောတယ်။ ဒီသီချင်းက ကျနော်လုပ်ထားတာ ကြာပြီ။ လွန်ခဲ့တဲ့ တနှစ် “လွတ်လပ်ခြင်း အနုပညာ” ဆိုတဲ့ ပွဲလေးမှာ ဆုရခဲ့တာ။ အဲဒီမှာ ဆုရတဲ့ တေးရေးဆရာတွေကော၊ တခြားသော အသစ် တေးရေးဆရာတွေကော အားလုံးစုပြီး ဒီအခွေလေးကို လုပ်ဖြစ် တာပါ။ ဒီအခွေမှာ ဂီတ အမျိုးအစားစုံပါတယ်။ လူကြီး၊ လူငယ် အလွှာအသီးသီးက လူတွေအကုန် နားထောင်လို့ ရအောင် ကျနော်တို့ စီစဉ်ထားပါတယ်” ဟု အဆိုပါစီးရီးတွင် “အောင်ဆန်းမျိုးဟေ့ မြန်မာ” သီချင်း ရေးစပ်ထားသည့် အသက် ၂၃ နှစ် အရွယ် တေးရေးဆရာ လင်းထက်က ဧရာဝတီကို ပြောသည်။

ယင်းအခွေအတွင်း “ထာဝရ ငြိမ်းချမ်းမှုလေပြေ” သီချင်းဖြင့် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အဖြစ်ပါဝင်သူ အမျိုးသမီး တေးရေး၊ တေးဆို အဆိုတော်သစ် ခင်နန်းထိုက်စံက “ဒီအစီအစဉ်မှာ ညီမ ပြိုင်ခဲ့တဲ့ သီချင်းက ‘သမိုင်းထဲက သူရဲကောင်း’ နဲ့  ‘ထာဝရ ငြိမ်းချမ်းမှု လေပြေ’ ဆိုတဲ့ သီချင်း နှစ်ပုဒ်ပါ။ သီချင်းတွေ ဝင်ပြိုင် ဖြစ်ခဲ့တာက “လွတ်လပ်ခြင်း အနုပညာ” အတွက်၊ ဗိုလ်ချုပ်အတွက် သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းပြိုင်ပွဲ ရှိတယ်ဆိုပြီး သတင်းစာထဲကနေ တွေ့လို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။

သူကဆက်ပြီး “ဒီသီချင်းတွေကို ဘယ်လို ရေးခဲ့လဲဆိုတော့ အချက်အလက်တွေကို လူကြီးတွေကိုမေးတယ်။ ဗိုလ်ချုပ် သီချင်းဆိုတော့ အချက်အလက်တွေ လွဲလို့မရဘူး။ ဒါကြောင့် သိတဲ့သူတွေ၊ တတ်တဲ့သူတွေ ဆီက ညီမအများကြီး မေးခဲ့တယ်၊ ချရေးတယ်။ အဲဒီကနေ ကဗျာအရင်စပ်တယ်။ ကဗျာကိုစပ်ပြီးမှ စာသားတွေကို ဖန်တီးယူတယ်။ ပြီးတော့ အတီးပိုင်းကို လုပ်တယ်။ နေ့ရော၊ ညရော ရေးစပ်တီးပြီး အချိန်ယူတာ တပတ်လောက် ကြာတယ်။ ညီမကိုယ်တိုင် အခုလို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်အခွေမှာ ပါဝင်ခွင့်ရတာဟာ အတိုင်းမသိ ဝမ်းသာပြီး အိပ်မက်ဂီတနဲ့ ဒီလိုပါဝင်ခွင့်ရလို့ အရမ်းကို ပျော်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်ရာပြည့် တေးစီးရေးခွေကို တခွေလျှင် ငွေကျပ် နှစ်ထောင်ဝန်းကျင်နှုန်းဖြင့် Bo Bo Entertainment က ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ပြီး Audio CD နှင့် DVD အခွေ ချပ်ရေ နှစ်ထောင် ဝန်းကျင်စီ ထုတ်လုပ် ဖြန့််ချိသွားမည်ဟု သိရသည်။

ယုမွန်ကျော် ပူးပေါင်း ရေးသားသည်။

Your Thoughts …
Tags: EntertainEntertainmentGeneral Aung San
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.3k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.5k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

Next Post
လေးဖြူ, NLD, ပညာရေး

အဆိုတော် လေးဖြူက NLD ပညာရေးရန်ပုံငွေပွဲမှာ သီဆိုဖြစ်တဲ့ အကြောင်း မသီဆိုခင် အရင်ရှင်းပြ

၂၀၁၅ ရွေးကောက်ပွဲ၊ ကြံ့ခိုင်ရေးရဲ့ ဗျူဟာနဲ့ အတိုက်အခံတို့ အကျပ်အတည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved