• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

Classic ကောင်းကောင်းတစီး ဝယ်မယ် ဆိုရင် Kawasaki Vulcan 900

by လင်းထက်(IA)
18 November 2016
in Lifestyle
A A
Classic ကောင်းကောင်းတစီး ဝယ်မယ် ဆိုရင် Kawasaki Vulcan 900
14.1k
VIEWS
Share on FacebookShare on Twitter

ဒီမော်ဒယ်က Harley ရဲ့ မော်ဒယ်တွေကို ဈေးကွက် ပြိုင်ဆိုင်ရအောင် ရည်ရွယ်ပြီး ထုတ်လုပ်လာခဲ့တာ ဖြစ်သလို Sport တွေထဲ ထုတ်လုပ်မှုများတဲ့ Kawasaki ရဲ့ ထူးခြားတဲ့ ဖန်တီးမှုလည်း ဖြစ်လာပါတယ်။ ၂၀ဝ၆ ခုနှစ်ကမှ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်လို့ သက်တမ်းအနေနဲ့ နုသေးတယ် ဆိုပေမယ့် ဈေးကွက်မှာ အထူးအောင်မြင် လူကြိုက်များတာ တွေ့ရပါတယ်။

ဒီလို လူကြိုက်များရတဲ့ အချက်ထဲမှာ ဈေးနှုန်းမြင့်နေတာ တခုကို ဖယ်လိုက်ရင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်မှု၊ အရည်အသွေး ကောင်းမွန်မှုနဲ့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှု ရှိခြင်းတွေက အောင်မြင်စေခဲ့တာလည်း ဖြစ်ပါတယ်။

အရွယ် အလတ်တန်းစား ဖြစ်ပြီး Harley ရဲ့ မော်ဒယ်တွေက အာရှမှာ အရွယ်အစားကြောင့် အဆင်မပြေချိန်မှာ အခု Vulcan 900 က အာရှမှာရော ဥရောပမှာပါ အဆင်ပြေသွားစေပါတယ်။ နောက်ပြီး အင်ဂျင်ပိုင်းမှာ Classic အများစုက ကြီးမားတဲ့ အင်ဂျင်စနစ် ထည့်ထားပေမယ့် အခု Vulcan 900 မှာတော့ အရွယ်တော်လောက်ပါပဲ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
134
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဆိုင်ကယ် တစီးမှာ အင်ဂျင်စနစ် ဘယ်လောက်ပဲ ကြီးမားသည် ဖြစ်စေ မော်တော်ကားတွေ လောက်တော့ ဆီစား မများနိုင်တာကြောင့် အင်ဂျင်အရွယ် ကြီးနေရင်လည်း ဒီလောက်ကြီး အားနည်းချက် မဖြစ်ပေမယ့် Vulcan 900 ကိုတော့ တကယ့် ပုံမှန် လမ်းကြောင်းစီး မော်ဒယ်မျိုး ဖန်တီးထားတာပါ။ ပြိုင်ပွဲဝင် အနေအထားမျိုး မဟုတ်ပါဘူး။

ဒါပေမယ့် ပုံမှန် ထိုးပြွန်အင်ဂျင်စနစ်တွေနဲ့ ဖန်တီးတတ်တဲ့ ဆိုင်ကယ် အင်ဂျင်မှာ အခု Vulcan 900 ကတော့ V-Twin အင်ဂျင်နဲ့ပါ။ ဒါဟာ စွမ်းဆောင်ရည်မြင့် ပြိုင်ကားတွေမှာ တွေ့ရတဲ့ အင်ဂျင်ပုံစံပါ။ Classic ဖြစ်လို့ ဂီယာချက်ကတော့ ၅ ချက်ပဲ သုံးနိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်နိုင်မှု ဦးစားပေး မဟုတ်ဘဲ လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု ဦးစားပေး မော်ဒယ်ပါ။

တကယ်လည်း လမ်းကြောင်း ရှင်းမယ်၊ လမ်းကောင်းမယ် ဆိုရင် လက်နှစ်ဖက်လွှတ် အနေအထားနဲ့ လက်ကိုင် Lock ချပြီး စီးနင်း နိုင်လောက်အောင် ကိုယ်ထည်က တည်ငြိမ်ပါတယ်။ တာယာပိုင်းမှာလည်း မျက်နှာပြင် ကြီးထားတယ်၊ အလေးချိန်ကို တဖက်နဲ့ တဖက် မျှနေအောင် ဆီတိုင်ကီ ဖန်တီးပုံက အစ ဟန်ချက်ညီ ချိန်ထားတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ပုံမှန်ထက် ချဲ့ထားတယ်၊ ဒီအချက်တွေက မော်ဒယ်ကို လက်ကိုင်ပိုင်း အတည်ငြိမ်ဆုံး ဖြစ်လာစေပါတယ်။

4-Stroke အင်ဂျင်စနစ် ဖြစ်လို့ အင်ဂျင်သံ တည်ငြိမ်တယ်၊ မီးခိုးထွက် နည်းတယ်။ အင်ဂျင် အအေးခံစနစ်မှာ Liquid-Cooled စနစ်နဲ့ ထိုင်ထားတယ်။ အင်ဂျင်အရွယ်က ၉၀ဝ စီစီသုံး ဖြစ်ပြီး အင်ဂျင် ပေါက်ကွဲခန်းမှာ မီးတောက်စနစ်က EFI နဲ့ ဖြစ်ပါတယ်။ မီးတောက်စနစ်ကို Digital နဲ့ ထိန်းထားပြီး ဒီစနစ်က မီးတောက်စနစ်အပြင် အင်ဂျင် ဆီဝင်စနစ်ကိုပါ ထိန်းထားကာ လီဗာရဲ့ ထိန်းချုပ်မှုကို အပြည့်အဝ မှန်ကန် တိကျစေမှာ ဖြစ်ပါတယ်။

တပ်ဆင် ဆီတိုင်ကီက ၅.၃ ဂါလံထိအောင် ဝင်ဆံ့မှာဖြစ်ပြီး ဆီတဂါလံကို မိုင် ၅၀ နီးပါး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ အခုနှစ် မော်ဒယ်ကို လိုချင်ရင် စောင့်ရမှာဖြစ်ပေမယ့် ၂၀၁၅ မော်ဒယ် ဆိုရင်တော့ အဆင်သင့် ရနိုင်ပြီး ဝ ကီလို အနေအထားမှာ အသစ်အနေနဲ့ သိန်း ၁၈၀ ဈေးပေါက်နေပါတယ်။ Classic တွေ အနေနဲ့ Sport တွေလောက် လူကြိုက် သိပ်မရှိတာ၊ ဈေးနည်းနည်း မြင့်နေတာတွေ၊ မော်ဒယ် တနှစ်နိမ့်တာကြောင့် ဈေးက အကျဘက်မှာ နည်းနည်း ယိုင်ချင်နေတာတခုကတော့ စိတ်ဝင်စားစရာပါ။

Your Thoughts …
Tags: Automobile
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

by လင်းထက်(IA)
14 August 2017
12.6k

အင်ဂျင်စက်နှိုးဖို့အတွက် လျှပ်စစ်မော်တာ ထည့်ထားပြီး အလွယ်စက်နှိုးနိုင်အောင် ဖန်တီးထားတယ်၊ Free ရိုက်ချင်တဲ့ အချိန်မှာ စက်သတ်နိုင်မယ့်စနစ်ပါတယ်၊

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

by လင်းထက်(IA)
2 November 2016
17k

အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တော့လို့လည်း မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ ဒီအချက်က အင်ဂျင်ဝိုင် သက်တမ်းနဲ့ ပျစ်ရည် အနေအထားကို ကြည့်ပြီး ပြစ်ချက် ရှာနိုင်ပါတယ်

2016 ထုတ် Honda CBR 150R ဆိုင်ကယ်များ

ဈေးချိုချိုနဲ့ ရနိုင်လာတဲ့ 2016 Honda CBR 150R ဆိုင်ကယ်

by လင်းထက်(IA)
19 June 2017
27.7k

၂၀၁၇ခုနှစ် မော်ဒယ်တွေကတော့ ဈေးကွက်ထဲ ရောက်လာတာ မကြားသေးဘဲ ဈေးမြင့်ပြီး အရင်နှစ် ၂၀၁၆ အသစ်အနေအထား မော်ဒယ်တွေကတော့ ၃၅ သိန်းလောက်နဲ့ပဲ ရနိုင်နေတာ တွေ့ရပါတယ်။

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

by လင်းထက်(IA)
21 January 2017
17.8k

တာယာ အမြန်ဆုံး ပွင့်ထွက်စေတဲ့ အကြောင်းရင်းက သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းကြောင့် မဟုတ်ပါဘူး။ ဝန်တင်ဆောင်မှု ပိုများလို့ပါ။ နောက်ပြီး လေပေါင်ချိန် မမှန်လို့ပါ။

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

by လင်းထက်(IA)
6 December 2016
16.8k

ပွဲတက် မော်ဒယ်အဖြစ် အံမဝင်ပေမယ့် လုပ်ငန်းသုံး၊ မိသားစုသုံး မော်ဒယ်အဖြစ်နဲ့ ယနေ့ ကမ္ဘာရဲ့ ကား ၁၀ စီးမှာ ၂ စီးခွဲလောက်က Hatchback တွေ ဖြစ်နေပါတယ်။ သူ့ထက် ကိုယ်ထည်သေးတဲ့ Supermini တွေကလည်း...

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

by လင်းထက်(IA)
14 January 2017
40.5k

Porter II တွေက လုပ်ငန်းသုံး မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီ သုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်

Next Post
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းကို အားပေးနေကြသည့် ပရိတ်သတ်များ / ဂျေပိုင် / ဧရာဝတီ

ဘောလုံးပရိသတ်သောင်းကျန်းရင် အနာဂတ်အိမ်ရှင်ဖြစ်ခွင့် ဝေးမည်

ပန်းတိုင်နဲ့ နီးလာပြီ

ပန်းတိုင်နဲ့ နီးလာပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved