Lifestyle

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ နိုင်ငံကျော်အဆိုတော်ရင်ဂို၏ A Night of Revival (ကံကောင်းခြင်းလက်ဆောင်) ဂီတပွဲကို ကျောက်တံတားမြို့နယ်၊ YangonYangon rooftop bar တွင် ၁.၉.၂၀၁၇ ရက်နေ့ည ၈ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုတော်လင်းနစ်နှင့် ဆိုင်းစံတို့မှလည်း ပါဝင်ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ ၈ ထောင်ကျပ် သတ်မှတ်ထားကြောင်းသိရသည်။

၂။ နာမည်ကျော်ဂီတအဖွဲ့များဖြစ်သော Big Bag၊ Idiots နှင့် Reason တို့၏ Influence Rock 2017 ဂီတဖျော်ဖြေပွဲကို သင်္ဃကျွန်းမြို့နယ်ရှိ Thuwunnabhumi Event Park တွင် ၂.၉.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၁ သောင်းကျပ်သတ်မှတ်ထားပြီး City Mart၊ Ocean ဈေးဝယ်စင်တာများနှင့် ဖုန်းနံပါတ် ၁၈၇၆ တို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။

၃။ အစားအသောက်အသစ်အဆန်းများကို သုံးဆောင်နိုင်မည့် BBK Night Market ကို ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley Basement တွင် ၃၁.၈.၂၀၁၇ မှ ၃.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ် သည်။ အဆိုပါဈေးရောင်းပွဲတွင် ဆိုင်ခန်းပေါင်း ၇၀ ကျော်ပါဝင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

၄။ နည်းပညာကုမ္ပဏီပေါင်း ၅၀ ကျော်ပါဝင်ပြသသွားမည့် Yangon ICT Expo ပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁.၉.၂၀၁၇ မှ ၃.၉.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

၅။ Yangon Book Plaza ခြောက်လပြည့်စာအုပ်ဈေးရောင်းပွဲတော်ကို ၁.၉.၂၀၁၇ မှ ၁၀.၉.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါစာအုပ်ဈေးရောင်းပွဲတော်တွင် စာအုပ်တိုင်းကို ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၆။ Beauty Blogger များနှင့်ဒီဇိုင်နာများပါဝင်မည့် Beauty Show ဖက်ရှင်နှင့်အလှအပရေးရာပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းရှိ Myanmar Plaza တွင် ၁.၉.၂၀၁၇ မှ ၁၀.၉.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်ကို အလှကုန်ပစ္စည်းများကို အထူးလျှော့ဈေး များဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တေးသံရှင်အိမ့်ချစ်နှင့်ဖြိုးပြည့်စုံတို့မှလည်း တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

၇။ မြူးကြွသည့် DJ ဂီတသံများနှင့် ပါဝင်စီးမျောနိုင်မည့် DJ Night ဂီတညကို ကမ်းနားလမ်းရှိ Union Bar တွင် ၂.၉.၂၀၁၇ ရက်နေ့ည ၁၀ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေး အခမဲ့ဖြစ်ကြောင်းသိရသည်။

၈။ ပန်းချီညီညီအလိမ္မာ၏ Myanmar Ladies ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းရှိ 43 Art Gallery တွင် ၃.၉.၂၀၁၇ မှ ၇.၉.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ယနေ့ခေတ် အပျိုမလေးများ၏ပုံရိပ်များကို သရုပ်ဖော်ထားသော ပန်းချီကား ၂၀ ခန့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၉။ ပန်းချီဆရာ ၄ ဦးပါဝင်သော The First Artist In Residence ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ ဗိုလ်အောင်ကျော်ပန်းချီပြခန်းတွင် ၁.၈.၂၀၁၇ မှ ၇.၈.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်သုံးလက်ရာစုံပန်းချီကား ၃၀ ကျော်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၁၀။ ပန်းချီဝင်းတင့်၏ Recent Works ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ် လောကနတ် ပန်းချီပြခန်း တွင်၂.၈.၂၀၁၇ မှ ၁၁.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်မြို့လယ် မြင်ကွင်းကားများနှင့် အင်းလေးရှုခင်းကားများပါဝင်မည့် အခရိုင်းလစ်သုံးပန်းချီကား ၁၀ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading