Coronavirus Update

ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၄ ဒသမ ၁ သန်း ရှိခဲ့ပြီး သေဆုံးသူပေါင်း ၂ ဒသမ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာ ကူးစက်မှု အများဆုံးကတော့ ရုရှား၊ စပိန်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီနိုင်ငံတို့ ဖြစ်ပြီး သေဆုံးမှု အများဆုံးကတော့ ယူကေ၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း ဥရောပနိုင်ငံတွေမှာ COVID-19 ကူးစက်မှု ပိုပြီး များလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပဌာနခွဲ ဒါရိုက်တာဖြစ်သူ Hans Kluge က AFP ကို ပြောကြားခဲ့ပါတယ်။ ကူးစက်မှု များလာတဲ့အတွက် လူသေဆုံးမှုလည်း များလာမယ်လို့ သူက သတိပေး ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာလည်း ဥရောပနိုင်ငံတွေမှာ COVID-19 ကူးစက်မှုနှုန်းက ပြန်ပြီး မြင့်တက်လာနေပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လက်ရှိအချိန်အထိ လူသေဆုံးပမာဏက တည်ငြိမ်ဆဲ ရှိနေ ပေမယ့် ရောဂါကူးစက်မှု ပြန်လည် များပြားလာတဲ့အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း နေ့ စဉ် လူသေဆုံးမှု ပိုပြီးများလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဥရောပဌာနခွဲရဲ့ ဒါရိုက်တာဖြစ်သူ Hans က “လူသေဆုံးမှု တည်ငြိမ်နေတယ်ဆိုတာ အခိုက်အတန့်ပါ။ နိုင်ငံတွေအနေနဲ့လည်း သတင်းဆိုးကို ကြားချင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ ဒီကူးစက်ရောဂါဟာ တချိန်မဟုတ် တချိန် ပြီးသွားတော့မှာပါဆိုတဲ့ အပြုသဘောဆောင်တဲ့သတင်းစကားမျိုးကိုလည်း လူတွေဆီ ပေးပို့ချင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာလည်း ပြင်သစ်နိုင်ငံမှာ ကူးစက်သူ အရေအတွက် များလာခဲ့ပြီး ၂၄ နာရီ အတွင်း လူပေါင်း ၁၀၀၀၀ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာ ရောဂါစတင်ပြန့်ပွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကူးစက်မှု ပမာဏ အများဆုံးပါပဲ။ လူသေဆုံးမှုမှာလည်း ပြင်သစ်နိုင်ငံက ကမ္ဘာ့အဆင့် ၇ နေရာမှာ ရှိနေပြီး ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။

WHO ကတော့ ဗိုင်းရပ်စ်ကို တုန့်ပြန်ဖို့ ၅ နှစ် မဟာဗျူဟာစီမံကိန်းကို သဘောတူဖို့ ဥရောပအဖွဲ့ဝင် နိုင်ငံတွေနဲ့ အွန်လိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဥရောပနိုင်ငံတွေမှာ ရောဂါကူးစက်မှုက တရိပ်ရိပ်ပြန်ပြီး တိုးလာပါတယ်။ အထူးသဖြင့်ကတော့ စပိန်နဲ့ ပြင်သစ်နိုင်ငံမှာပါ။

ပြီးခဲ့တဲ့ သောကြာနေ့အတွင်း ဥရောပနိုင်ငံတွေမှာ ကူးစက်သူ အရေအတွက် ၅၁,၀၀၀ ကျော် ရှိခဲ့ပါ တယ်။ COVID-19 ကာလမှာ တရက်အတွင်း အများဆုံး ကူးစက်ခံရတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

Ref: BBC, brusselstimes, france24

You may also like these stories:

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုဗစ် ကာကွယ်ဆေး ဆက်လက် စမ်းသပ်မည်

အိန္ဒိယ Maharashtra ပြည်နယ်မှာ ကိုဗစ် ကူးစက်သူ ၁ သန်းကျော်

နှာခေါင်းအတွင်းဖျန်းသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရုတ်တွင် လူနှင့် စတင်စမ်းသပ်

Did you find apk for android? You can find new Free Android Games and apps.
Loading