Health

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုဗစ် ကာကွယ်ဆေး ဆက်လက် စမ်းသပ်မည်

Want create site? Find Free WordPress Themes and plugins.

အောက်စဖို့တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်း စမ်းသပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရပ်နားခဲ့ရပါတယ်။ စမ်းသပ်မှု ရပ်နားလိုက်ရတဲ့ အကြောင်းကတော့ အစမ်းသပ်ခံ ယူကေ လူနာတယောက်မှာ ပြင်းထန်တဲ့ တန့်ပြန်မှုတွေ တွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်ပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်နားပြီး လူနာနဲ့ ကာကွယ်ဆေးကြား ဆက်စပ်မှု ရှိ၊ မရှိ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ AstraZeneca ကုမ္ပဏီက ပြောပါတယ်။

လေ့လာမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် စမ်းသပ်မှုတွေကို ပြန်လည် စတင်မယ်လို့ ပြီးခဲ့တဲ့ စနေနေ့မှာပဲ အောက်စဖို့ဒ်တက္ကသိုလ်က ကြေညာခဲ့ပါတယ်။

ကာကွယ်ဆေး ပြန်လည် စမ်းသပ်မယ့် သတင်းနဲ့ ပတ်သက်ပြီး ယူကေ ကျန်းမာရေးဝန်ကြီး Matt Hancok က ကြိုဆိုကြောင်းနဲ့ ယူကေအနေနဲ့ လူ့ကျန်းမာရေးအတွက် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ဒီဖြစ်ရပ်က သက်သေပြနေတယ်လို့ ပြောပါတယ်။

တကမ္ဘာလုံး စမ်းသပ်နေကြတဲ့ ကိုဗစ် ကာကွယ်ဆေးတွေအနက် ယူကေက စမ်းသပ်နေတဲ့ ကာကွယ် ဆေးကလည်း အလားအလာကောင်းတဲ့ ကာကွယ်ဆေးတမျိုးဖြစ်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

စမ်းသပ်နေတဲ့ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး အပြင်ကနေ သီးခြား လေ့လာ သုံးသပ်နေတဲ့ ကော်မတီနဲ့ ယူကေကျန်းမာရေးကြီးကြပ်မှု အေဂျင်စီရဲ့ ထောက်ခံချက်တွေနဲ့ စမ်းသပ်မှုကိုပြန်လည် စတင်မယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝှမ်း ကိုဗစ် ကာကွယ်ဆေး စမ်းသပ်ခံထားရသူ ၁၈၀ ယောက် ရှိနေပေမယ့် တယောက်မှတော့ စမ်းသပ်မှု မပြီးဆုံးသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ကာကွယ်ဆေးစမ်းသပ်ရာမှာ စိတ်ချလုံခြုံမှုကို ဦးစားပေးရတာဖြစ်တဲ့အတွက် အချိန်ယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ လမ်းညွှန်မှုမျိုးကို အတည်ပြုပေးနိုင်ဖို့ မမျှော်လင့်ထားဘူးလို့ WHO က ပြောပါတယ်။

Ref: BBC

You may also like these stories:

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀ ဝယ်ဖို့ ဘရာဇီး စီစဉ်နေ

အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ

ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ သိန်းကျော်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading