• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဓာတ်ပုံများမှ ရှောင်တာနဲလ်အခြေအနေကို သူ့မိသားစု လေ့လာနေ

by ဧရာဝတီ
30 July 2021
in သတင်း
A A
အသားအရည်တွင် နေလောင်ထားပုံရသော ပါမောက္ခ ရှောင်တာနဲလ်

အသားအရည်တွင် နေလောင်ထားပုံရသော ပါမောက္ခ ရှောင်တာနဲလ်

28.3k
VIEWS
Share on FacebookShare on Twitter

ပါမောက္ခ ရှောင်တာနဲလ်သည် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံလိုက်ရသော မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ ဝါရင့်အကြံပေးဖြစ်သည်။

ဘောဂဗေဒပညာရှင်တဦးဖြစ်သော ရှောင်တာနဲလ်ကို စစ်အာဏာသိမ်းမှုအပြီး ၅ ရက်အကြာတွင် ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ၏ အစိုးရလျှို့ဝှက်ချက် ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲသည်။ ထိုစွပ်စွဲချက်သည် ကျိုးကြောင်းဆီလျှော်မှု မရှိကြောင်း သူ့ကို ထောက်ခံသူများက ပြောသည်။

စစ်ကောင်စီမီဒီယာက ထုတ်ပြန်သော ပုံ ၂ ပုံတွင် အသက် ၅၇ နှစ်ရှိပြီဖြစ်သော ပါမောက္ခတာနဲလ်သည် အင်းစိန်ထောင်အတွင်းတွင် နှလုံးခုန် စစ်ဆေးမှုခံယူပြီးနောက် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးခံသည်။

ဆစ်ဒနီတွင် အခြေစိုက်သော သူ၏ဇနီးဖြစ်သူ ဟဗူ က သူ၏ ခင်ပွန်းသည်ကို ပြန်လွှတ်ပေးရန် မြန်မာ စစ်ကောင်စီခေါင်းဆောင်များကို လွန်ခဲ့သောအပတ်က မေတ္တာရပ်ခံသည်။

နောက်ဆုံးအကြိမ်ဖုန်းဖြင့် ဆက်သွယ်စဉ် ထောင်အတွင်း ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်မားနေချိန် သူသည် အအေးမိနှင့် တုပ်ကွေး လက္ခဏာများကို ခံစားနေရကြောင်း ပြောသောကြောင့် သူမသည် ခင်ပွန်းသည်အတွက် လွန်စွာ ပူပင်နေကြောင်း ပြောသည်။

ပါမောက္ခတန်းနဲလ်တွင် မူလရောဂါများလည်း ရှိနေပြီး သြစတြေးလျ၌ သေလောက်သော ရောဂါခံစား နေရသည့် ဖခင်ကိုတွေ့ရန် အိမ်ပြန်စေလိုကြောင်းလည်း သူပြောသည်။

သူ၏ မိသားစုသည် ထိုဓါတ်ပုံများကို ကြည့်ရှုပြီးဖြစ်ကြောင်းနှင့် အနည်းငယ် စိတ်သက်သာသွားကြာင်း ၎င်းတို့၏ ရင်းနှီးသော မိတ်ဆွေ တင်ဟာကုတ်က ပြောသည်။

ပါမောက္ခရှောင်တာနဲလ် အင်းစိန်ထောင်အတွင်း နှလုံးခုန် စစ်ဆေးမှုခံယူပြီး ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးခံပုံကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်

“သူတို့တော်တော်များများက ရှောင်ကို မတွေ့ရတာ ၆ လလောက် ရှိနေပြီဆိုတော့ အခုလို တွေ့ရတော့ကောင်းတာပေါ့” ဟု ပါမောက္ခဟာကုတ်က ABC သို့ ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
56
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
46
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
71

” သြစတြေးလျမှာတောင်မှ ကာကွယ်ဆေးရဖို့ အရမ်းခက်ခဲနေချိန်မှာ သူ ကာကွယ်ဆေးထိုးနေတာကို တွေ့ရတော့ စိတ်ချမ်းသာ စရာကောင်းတယ်။ အထူးသဖြင့် သူ့မှာ အအေးမိတုပ်ကွေး လက္ခဏာတွေ တွေ့နေရချိန်မှာ သူ့ကို အဲဒီလိုစောင့်ရှောက်တာတွေ့တော့ စိတ်ချမ်းသာတယ်” ဟု သူပြောသည်။

“သူမိသားစုက အခုအချိန်မှာ သူ့ကို အိမ်ပြန်ခေါ်ချင်တာ အထင်အရှားပဲ။ ဒါပေမယ့် သူ့ကိုကာကွယ်ဆေးထိုးပေးပြီး အတန်အသင့် ကျန်းမာနေပုံရတော့ နည်နည်းတော့ စိတ်သက်သာသွားတာပေါ့”

ရှောင်တာနဲလ်၏ ညီမနှင့် ဇနီးဖြစ်သူတို့က တာနဲလ်သည် အနည်းငယ်နေလောင်သွားပုံရပြီး ထိုသို့တွေ့ရသောကြောင့် အခြေအနေကို ဆဝါးနေရသည်ဟု ပါမောက္ခဟာကုတ်ပြောသည်။

“ဓါတ်ပုံတွေကို ကြည့်ပြီး ပြောရတာ ခက်တော့ခက်တယ်။ ဒါပေမယ့် အသားအရည်မှာ နေလောင်ထားတော့ ၂၄ နာရီပတ်လုံး တိုက်ထဲမှာ ပိတ်မထားဘဲ အပြင်ထွက်ခွင့် နည်းနည်းပါးပါး ရပုံပါပဲ” ဟုလည်း သူပြောသည်။

ထောင်များအတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသောကြောင့် ရှောင်တာနဲလ်၏ ကျန်းမာရေးသည် အလွန်ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားပြီး သူ၏ မိသားစုများက သူ့ကို ချက်ခြင်းလွှတ်ပေးရန် စစ်ကောင်စီကို ပြီးခဲ့သည့်အပတ်က ထပ်မံတောင်းဆိုခဲ့သည်။

အင်းစိန်ထောင်သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စစ်ကောင်စီက လော့ဒေါင်းပိတ်ဆို့ထားသည့် ထောင် ၃ ခုအနက်တခုဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များဖြစ်သော ဦးဥဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့သည် အင်းစိန်ထောင်တွင်ဖမ်းဆီးထားစဉ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းသိရအပြီး မကြာခင် ဦးဉာဏ်ဝင်း သေဆုံးခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ သတင်းစာများ၏ ဇူလိုင် ၂၆ ရက်နေ့ ဖော်ပြချက်အရ တနိုင်ငံလုံး အကျဉ်းထောင်များ တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၅၆၆ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့ကလည်း အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများနှင့် ကိုဗစ်သံသယ ရှိသူ၊ ဖျားနာနေသူများအား လုံလောက်သည့် ဆေးဝါးကုသမှု ခံယူခွင့်ရရေးအတွက် နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ဆန္ဒပြ တောင်းဆိုမှုအပေါ် စစ်ကောင်စီတပ်များက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်နေချိန် အကျဉ်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးသော သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကိုးကား။ ။ABC မှ Family of Sean Turnell, Australian prisoner detained in virus-hit Myanmar prison, study new photos of him for clues

You may also like these stories:

စီးပွားရေးအကြံပေး ရှောင်တာနယ် အင်းစိန်ထောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုး

စစ်ကောင်စီ ဖမ်းဆီးထားသော သြစတြေးလျ စီးပွားရေးအကြံပေး ကိုဗစ် ကူးစက်မှု အန္တရာယ်ရှိနေ

ကိုဗစ်လူနာ ကုသခွင့် အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲ တောင်းဆို

ဦးဉာဏ်ဝင်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်

နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်

Your Thoughts …
Tags: ကိုဗစ် ကာကွယ်ဆေးစစ်အာဏာသိမ်းမှုရှောင်တာနဲလ်လျှို့ဝှက်ချက် ဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ဇူလိုင် ၂၂ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ  / MOHS

စစ်ကောင်စီက တရုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော် ထိုးပေးရန် စီစဉ်

ပန်းချီ တင်မောင်ဦး၊ မော်ဒန် ပန်းချီ ပန်းပုဆရာ ဆန်နီညိမ်း

ကိုဗစ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ မော်ဒန် ပန်းချီပန်းပု အနုပညာရှင်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved