• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဖမ်းဆီးထားသော သြစတြေးလျ စီးပွားရေးအကြံပေး ကိုဗစ် ကူးစက်မှု အန္တရာယ်ရှိနေ

by ဧရာဝတီ
21 July 2021
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်

16.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံထောင်များအတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသောကြောင့် သြစတြေးလျ စီးပွားရေးအကြံပေး ရှောင်တာနဲလ်၏ ကျန်းမာရေးသည် အလွန်ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားပြီး သူ၏ မိသားစုများက သူ့ကို ချက်ခြင်းလွှတ်ပေးရန် စစ်ကောင်စီကို ထပ်မံတောင်းဆိုခဲ့သည်။

ဖြုတ်ချခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အဓိကကျသည့် အကြံပေးတဦးဖြစ်သူ ရှောင်တာနဲလ်ကို ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်မှာ ၅ လကျော်ပြီဖြစ်သည်။

“ဒယ်လ်တာမျိုးကွဲက အင်းစိန်ထောင်ကို ရောက်နေပြီး ကျမ အမျိုးသားက တုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရတာ တပတ်ကျော်ပြီ” ဟု ရှောင်တာနဲလ်၏ ဇနီး ဟဗူ က Facebook တွင် တနင်္ဂနွေနေ့ကရေးသားသည်။

အင်းစိန်ထောင်သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စစ်ကောင်စီက လော့ဒေါင်းပိတ်ဆို့ထားသည့် ထောင် ၃ ခုအနက်တခုဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များဖြစ်သော ဦးဥဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့သည် အင်းစိန်ထောင်တွင်ဖမ်းဆီးထားစဉ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းသိရအပြီး မကြာခင် ဦးဉာဏ်ဝင်း သေဆုံးခဲ့သည်။ အကျဉ်းသားမည်မျှ ရောဂါပိုး ကူးစက်ခံနေရသည်ကို မသိရသေးပေ။

ထို့အပြင် ရှောင်တာနဲလ်သည် မကြာသေးမီက ကင်ဆာဖြစ်ပွားနေသော သူ၏ဖခင်ကိုလည်း လွန်စွာတွေ့လိုကြောင်း ဟဗူ ရေးသားသည်။

“သူ့အဖေက သိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူး။ ရှောင်က ဒါကိုသိပြီး စိတ်ဓါတ်ကျတယ်။ အမြန်ဖြေရှင်းရမယ့် နားလည်မှုလွဲမှားမှုက ဘာလဲဆိုတာကို သူ အရမ်းသိချင်နေတယ်” ဟုလည်း သူဆက်လက်ရေးသားသည်။

“ သူ့အဖေဘဝရဲ့ကျန်တဲ့ အချိန်လေးမှာ သူနဲ့အတူ ရှိနေနိုင်အောင်လို့ ရှောင်တာနဲလ်ကို သြစတြေးလျက သူ့အိမ်ကို အမြန်ဆုံးပြန်ခွင့်ပေးဖို့ ကျမတို့မိသားစုက အာဏာပိုင်တွေကို တောင်းဆိုတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဆိုတာ အားလုံးအသိပဲ” ဟုလည်း သူ ဆက်လက်ရေးသားသည်။

“ကျေးဇူးပြုပြီး လူသားဆန်ဆန် စာစာနာနာ ဆောင်ရွက်ကြပါ။ ပိုအရေးကြီးတာက အဖေတယောက်နဲ့ သားတယောက်အကြား၊ ခင်ပွန်းတယောက်နဲ့ ဇနီးတယောက်အကြား၊ မိသားစုဝင် တယောက်နဲ့ မိသားစုအကြား ဆက်စပ်မှုကို အခြေခံစဉ်းစားပေးကြပါ” ဟုလည်း စစ်ကောင်စီကို သူတိုက်တွန်းသည်။

ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထိပ်တန်းစီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ သူသည် အစိုးရ၏ စွမ်းရည်တည်ဆောက်ရေးအတွက် အဓိက လုပ်ကိုင်သည့် ထိပ်တန်း စီးပွားရေး သုတေသနလုပ်ငန်းဖြစ်သော Myanmar Development Institute မှ သုတေသန ဒါရ်ိုက်တာလည်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာသောကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း သူ့ကို ဖမ်းဆီးထားသည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တောင်ပြိုကမ်းပြိုနိုင်ပြီး နိုင်ငံတကာလေ့လာသူများ လွတ်လပ်မျှတသော ရွေးကောက်ပွဲအဖြစ် အကဲဖြတ်ခဲ့သည်။

ရှောင်တာနဲလ်ကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် သူသည် စစ်အာဏာသိမ်းမှုအပြီး ဘဏ္ဍာရေးလျှို့ဝှက်ချက်များဖြင့် မြန်မာန်ိုင်ငံမှ ထွက်ပြေးရန် ကြိုးစားသောကြောင့် စွဲချက်နှစ်ခုကို ရင်ဆိုင်နေရကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ်လတွင်ပြောသည်။ ထိုစွဲချက် ၂ ခုသည် ထောင် ၅ နှစ်နှင့် ၇ နှစ်အသီးသီးကျနိုင်သည့် စွဲချက်များဖြစ်သည်။

ရှောင်တာနဲလ်ကို လွှတ်ပေးရန် သူ၏မိသားစုနှင့် သြစတြေးလျ အစိုးရတို့က အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သြစတြေးလျ အစိုးရနှင့် မိသားစုကို ရှောင်တာနဲလ်နှင့် စကားပြောခွင့်ပေးထားကြောင်း စစ်ကောင်စီက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
2
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
39
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
16

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Australian Adviser Detained by Myanmar Junta at Risk of COVID-19 ကို ဘာသာပြန်သည်။)

You may also like these stories:

ကိုဗစ် တတိယလှိုင်းကြား မြန်မာနိုင်ငံ ကျရှုံးနေသည်

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ

ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ

Your Thoughts …
Tags: စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်ရှောင်တာနဲလ်သြစတြေးလျ စီးပွားရေးအကြံပေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အဆိုတော် တင်ဇာမော်  / Tin Zar Maw's Facebook

အဆိုတော် တင်ဇာမော်နဲ့ သူ့ရဲ့မိခင် COVID-19 ကူးစက်ခံထားရ

သရုပ်ဆောင် မင်းမော်ကွန်း  / Ye Min Kyi Aac

“မင်းမော်ကွန်း ပေါင် ကျည်ထိမှန်” ဆိုတဲ့သတင်း အမှားဖြစ်ကြောင်း ပြန်ဖြေရှင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved