• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ

by ဧရာဝတီ
19 July 2021
in သတင်း
A A
ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ
46.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကိုဗစ်ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး ပြီးခဲ့သည့် ၅ ရက်အတွင်း ကိုဗစ် ပျမ်းမျှ ကူး စက်နှုန်း ထောင်နှင့်ချီ ရှိနေကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက် အရ သိရသည်။

ပြီးခဲ့သည့် ၅ ရက်အတွင်း လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းတွင် ၅,၂၁၉ ဦး၊ ပဲခူးတိုင်းတွင် ၅,၆၂၆ ဦး ကိုဗစ် ကူးစက်ခံ ခဲ့ရကြောင်း သိရသည်။

အဆိုပါ ကိန်းဂဏန်း အချက်အလက်များသည် စစ်ကောင်စီက ထုတ်ပြန်သော ကိန်းဂဏန်းများ အရသာ ဖြစ်ပြီး ဆေးရုံ ဆေးခန်းများက လက်မခံသဖြင့် မိမိအစီအစဉ်နှင့် မိမိကုသသူများ၊ ဆေးရုံ၊ ဆေးခန်း သွားရောက် မပြသသူများကို ထည့် သွင်း တွက်ချက်လျှင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းထက် အဆများစွာ မြင့်တက်နိုင်ကြောင်း ကျန်းမာရေး ပညာ ရှင်များနှင့် ကူညီရေးများ ပြုလုပ်နေသည့် ပရိဟိတ အသင်း အဖွဲ့များက သုံးသပ်ထားသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းတခုမှ ဆရာဝန်တဦးက ကိုဗစ်ကုသပေးနေသည့် ၎င်း၏ ဆေးခန်းတွင် ကိုဗစ်ရောဂါ လက္ခ ဏာ လူနာ များပြားလာသဖြင့် လာသမျှကို မကြည့်ပေးနိုင်တော့သည့်တိုင် တနေ့လျှင် ကိုဗစ်လူနာ ၂၅၀ မှ ၃၀၀ ကြားသာ လက်ခံကုသပေးနေရကြောင်း ပြောသည်။

“တတိုက်မှာ ၁၀ ခန်း ရှိမယ်ဆိုရင် ၇ ခန်းလောက်က ကိုဗစ် ဖြစ်နေပြီ။ Outbreak ဖြစ်နေပြီ။ serious case က သက်ကြီးပိုင်းနဲ့ ရောဂါအခံ ရှိတဲ့လူတွေမှာ တွေ့လာတယ်။ အခုချိန်မှာတော့ လာသလောက်ကို လက်မခံနိုင် တော့ဘူး။ ဒီလောက်ပဲ ကြည့်နိုင်တယ်ဆိုပြီး။ မနေ့ကဆို အယောက် ၂၀၀ ကျော်တယ်။ အခုဆို ဆေးခန်းမှာ လူနာ ပြည့်နေပြီ။ Booking နဲ့ ဖြတ်ချရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်အရ ကိုဗစ် တတိယလှိုင်းတွင် ပဲခူးတိုင်းသည် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေကာ ဒုတိယ အများဆုံးမှာ ရန်ကုန်တိုင်းတွင် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဇူလိုင် ၁၈ ရက်ထိ စာရင်းများအရ ကိုဗစ်တတိယလှိုင်းတွင် ပိုးကူးစက်သူ ၈၆,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁,၇၈၄ ဦးအထိ ရှိပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် အအေးမိ၊ နှာစေး ချောင်းဆိုးစသည့် တုပ်ကွေးလက္ခဏာ အားလုံးသည် ရာသီတုပ်ကွေးမဟုတ်ဘဲ ကိုဗစ်ဖြစ်သဖြင့် အဆိုပါ လက္ခဏာများ ခံစားရသည်နှင့် အခြားသူတဦးကို မကူးစက်နိုင်ရန်အတွက် သီးခြားခွဲနေရန်နှင့် အမြန်ဆုံးကုသရန် အရေးကြီးကြောင်း ကိုဗစ်ကုသရေး ပြုလုပ်နေသည့် ဆရာဝန် တဦးက ပြောသည်။

၎င်းက “သိတာနဲ့ သီးခြားခွဲနေဖို့ အရေးကြီးဆုံးပဲ။ အပြင်မထွက်နဲ့။ ရာသီတုပ်ကွေး မဟုတ်ဘူး။ ကိုဗစ်ပဲ။ Definitely COVID ပဲ။ ကျနော့် လူနာတွေဆို တန်းပြောတယ် ကိုဗစ်ပဲ။ ရာသီတုပ်ကွေးသမားလို ဖြစ်နေတာ။ မိုးမိလို့ ဖြစ်တာ ပြောရင် ပြောမယ်။ ဒါပေမယ့် အခုချိန်မှာ ဖျားရင် ကိုဗစ်ပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှစပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့ နယ်တွင် ကိုဗစ်ကူးစက်မှုများ ရှိနေကြောင်းနှင့် ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
49
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
210
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

You may also like these stories:

ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ

ကိုဗစ်ပိုး ရှိမရှိ Test Kits ဖြင့် စစ်ဆေးခြင်းသည် အဖြေမမှန်နိုင်ဟု ဆရာဝန်များပြော

ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ

Your Thoughts …
Tags: ကိုဗစ်ကူးစက်မှုပဲခူးတိုင်းရန်ကုန်တိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

by ဧရာဝတီ
19 July 2023
7k

ပဲခူးတိုင်းအတွင်းရှိ၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ညောင်လေးပင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များကြား ဇူလိုင် ၁၄ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်နေကြောင်း KNU တပ်မဟာ ၃ နှင့် နီးစပ်သူများက ဧရာဝတီကို ပြောသည်။

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

by ဧရာဝတီ
15 May 2024
6.9k

"လူ ၃၀ ကျော်ကို ရန်ကုန်-ပြည်လမ်းပေါ်က မီးနင်းချောင်း စစ်ဆေးရေးစခန်းမှာ ဖမ်းပြီး ကျန်တဲ့ ၂၀ ကျော်က ကွမ်းခြံကုန်း စစ်ဆေးရေးစခန်းမှာ အဖမ်းခံရတာ"

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

by Brian Wei
17 January 2024
1.8k

ပြည်သူ့စစ်ကို ထောက်ပံ့ရန် တအိမ်လျှင် တလ ၅,၀၀၀ ကျပ် ပေးရမည်ဟုလည်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

ပဲခူးရိုးမသို့ ဝင်သည့် စစ်ကြောင်း ဒေသခံ ၉ ဦးကို သတ်ဖြတ်

by ဧရာဝတီ
8 June 2024
1.1k

အဲဒီရိုးမဖြတ်လမ်းက ကျနော်တို့အတွက်ရော သူတို့အတွက်ရော အရေးပါတဲ့ လမ်းကြောင်းဖြစ်တယ်၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အလုံးစုံ စိုးမိုးထားနိုင်ပြီဆိုရင် KNU တပ်မဟာ ၁၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်ပေါ့၊ အဲဒီကနေ လက်နက်ခဲယမ်း ရိက္ခာထောက်ပံ့မှု...

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

by ဧရာဝတီ
20 October 2023
953

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်သမားများအား မျိုးစပါးများကို စပါးပေါ် အကြွေးစနစ်နှင့် ချပေးခြင်းများ ရှိသော်လည်း တခြား အကူအညီများကို လယ်သမားများ မရရှိ

Next Post
ကရင်ပြည်နယ် အတွင်းလှုပ်ရှားနေသည့် KNU/KNLA တပ်ဖွဲ့များ / ဧရာဝတီ

ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ

NLD အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved