• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ

by ဧရာဝတီ
2 December 2020
in ဆောင်းပါး
A A
AstraZeneca ကိုဗစ်ကာကွယ်ဆေးက ဈေးပိုပေါပြီး သယ်ယူသိမ်းဆည်းရ ပိုလွယ်သည်

AstraZeneca ကိုဗစ်ကာကွယ်ဆေးက ဈေးပိုပေါပြီး သယ်ယူသိမ်းဆည်းရ ပိုလွယ်သည်

25.3k
VIEWS
Share on FacebookShare on Twitter

အောက်စဖို့ဒ် တက္ကသိုလ်နှင့် အက်စ်ထရာ ဇန်နက်ကာ AstraZeneca တို့က ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအဆင့်တွင် ပါဝင်သူများ၏ ရလဒ်များကို ထုတ်ပြန်သည့်နေ့မှ စတင်ပြီး မေးခွန်းများစွာ ထွက်ပေါ်လာနေသည်။

ဖေါ်ပြထားသည့် ၇၀ ရာခိုင်နှုန်း ထိရောက်မှုဆိုသည်မှာ အခြားထိပ်တန်း ပဏာမအဆင့် ကာကွယ်ဆေးနှစ်ခု ဖြစ်သည့် မိုဒန်းနား Moderna နှင့် ဖိုင်ဇာ Pfizer တို့၏ ထိရောက်မှု ၉၄.၅ ရာခိုင်နှုန်းနှင့် ၉၅ ရာခိုင်နှုန်းတို့နှင့် ယှဉ်ပါက သိသိသာသာ နိမ့်ကျနေသည်။

သို့သော် ထိုကာကွယ်ဆေးသည် လာမည့်လများတွင် အခြားဆေးနှစ်ခုထက် ကမ္ဘာအတွက် ပိုမိုအရေးပါကြောင်း ပြသနိုင်မည်ဖြစ်သည်။ ရလဒ်များနှင့်ပတ်သက်သည့် မေးခွန်းများကို ရှင်းလင်းဖြေကြားပြီး အတည်ပြုချက်ရရှိပါက ထိုကာကွယ်ဆေးကို အရေးပေါ်လိုအပ်နေသည့် ဆင်းရဲသော နိုင်ငံများအတွက် ပံ့ပိုးသွားနိုင်သည်။

ဗြိတိန်အစိုးရသည် အတည်ပြုရေး လုပ်ငန်းစဉ်များအနက် ပထမအဆင့်ကို သောကြာနေ့တွင် စတင်ပြုလုပ်လိုက်ပြီး ထိုကာကွယ်ဆေးကို အကဲဖြတ်ရန် ဗြိတိန်ဆေးဝါး ကြီးကြပ်ရေး အဖွဲ့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အက်စ်ထရာ ဇန်နက်ကာက ကာကွယ်ဆေးသန်း ရာပေါင်းများစွာကို ဝင်ငွေနိမ့်နှင့် အလယ်အလတ်နိုင်ငံများအတွက် အကျိုးအမြတ် အခြေမခံဘဲ ဆက်တိုက် ဖြန့်ချိရန် ကတိပြုထားသည်။

“ဖိုင်ဇာ ကာကွယ်ဆေးက ကနဦးထုတ်လုပ်မှုတွေဟာ ဥရောပသမဂ္ဂနဲ့ အမေရိကအတွက်လို့ ကတိပြုထားတယ်။ မိုဒန်းနားရဲ့ ကာကွယ်ဆေးကလည်း ၂၀၂၁ ခုနှစ် ပထမ ၆ လလောက်မှာ အမေရိကန်နဲ့ ချိတ်ဆက်ထားတယ်။ ဒီလိုအခြေအနေတွေကြောင့် အောက်စဖို့ဒ် အက်စ်ထရာဇန်နက်ကာကတော့ ကမ္ဘာ့ကျန်ဒေသတွေအတွက် သတင်းကောင်းဖြစ်တယ်” ဟု Duke ကမ္ဘာ့ကျန်းမာရေး တီထွင်ဆန်းသစ်မှုဌာန လက်ထောက်အစီအစဉ် ဒါရိုက်တာ အန်ဒရီယာ တေလာက CNN သတင်းဌာနသို့ပြောသည်။

အက်စ်ထရာ ဇန်နက်ကာက ကာကွယ်ဆေးသန်း ရာပေါင်းများစွာကို ဝင်ငွေနိမ့်နှင့် အလယ်အလတ်နိုင်ငံများအတွက် အကျိုးအမြတ် အခြေမခံဘဲ ဆက်တိုက် ဖြန့်ချိရန် ကတိပြုထားသည်။

အောက်စဖို့ဒ် တက္ကသိုလ်တွင် ထုတ်လုပ်နေသော ဆေးသည် အခြားဆေးများထက် သိသိသာသာ ဈေးသက်သာပြီး ပိုမိုအရေးပါသောအချက်မှာ ထိုဆေးသည် ရေခဲသော အပူချိန်တွင် ထိန်းသိမ်းထားရန်မလိုသောကြောင့် ပြိုင်ဖက်ဆေးများကဲ့သို့ မဟုတ်ဘဲ ဖွင့်ဖြိုးဆဲနိုင်ငံများသို့ သယ်ယူပို့ဆောင် ဖြန့်ချိရာတွင် များစွာ ပိုမို လွယ်ကူသည်။

တောင်အာဖရိက နိုင်ငံတွင် လူနှင့် ဆေးစမ်းစဉ်က

” ခုချိန်ထိတော့ ဒီကာကွယ်ဆေးက ဆင်းရဲတဲ့အခြေအနေတွေမှာ သုံးနိုင်တဲ့ တခုတည်းသော ကာကွယ်ဆေးလို့ ကျနော်ထင်တယ်” ဟု လန်ဒန် အင်ပီရီရယ်ကောလိပ်မှ ကူးစက်ရောဂါထိန်းချုပ်ရေး ဥက္ကဌ အက်ဇရာ ဂါနီ က CNN သို့ပြောသည်။

နည်းပညာ

အောက်စဖို့ဒ် အက်စ်ထရာ ဇန်နက်ကာ ကာကွယ်ဆေးကို အပူချိန် ၂ မှ ၈ ဒီဂရီ ဆဲလ်စီးယပ် (၃၆ မှ ၄၆ ဒီဂရီ ဖာရင်ဟိုက်) တွင် အနည်းဆုံး ၆ လ ထိန်းသိမ်းထားနိုင်သည်။ မိုဒန်းနား၏ ကာကွယ်ဆေးကို အနှုတ် ၂၀ ဒီဂရီ ဆဲလ်စီးယပ် ( အနှုတ် ၄ ဒီဂရီ ဖါရင်ဟိုက်) သို့မဟုတ် ရေခဲသေတ္တာ အပူချိန်တွင် ရက် ၃၀ အထိ သိမ်းဆည်းထားနိုင်ပြီး ဖိုင်ဇာနှင့် ဘိုင်အို အင်န် တက်ချ်ကာကွယ်ဆေးကိုမူ အနှုတ် ၇၅ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၁၀၃ ဒီဂရီ ဖါရင်ဟိုက်) တွင် ထိန်းသိမ်းရန်လိုပြီး ထိုထက်မြင့်သော အပူချိန်တွင် ထားသည်နှင့် ၅ ရက်အတွင်း အသုံးပြုရန် လိုမည်ဖြစ်သည်။

“အအေးပေး ကွင်းဆက် cold chain အအေးခန်းစနစ်ဟာ ဗဟိုနေရာတွေကနေ ဒေသဆိုင်ရာ ကျန်းမာရေး ဆေးခန်းတွေဆီကို ကာကွယ်ဆေးပို့ဆောင်ရာမှာ ကမ္ဘာတဝန်း အသုံးပြုနေတဲ့ စံသိုလှောင်မှုစနစ်ဖြစ်တယ်။ အခုအချိန်အထိ အက်စထရာ ဇန်နက်ကာ ကာကွယ်ဆေးက အဲဒီလို စနစ်တွေမှာ ပေးပို့နိုင်တဲ့ တခုတည်းသော ဆေးဖြစ်တယ်”

“ဖိုင်ဇာနဲ့ မိုဒန်းနားက မြင့်မားတဲ့ အအေးပေး သိုလှောင်မှု စနစ်လိုပြီး အဲဒါက နေရာတော်တော်များများမှာ မရှိဘူး” ဟု ဂါနီ ပြောသည်။

“အအေးပေး ကွင်းဆက် cold chain အအေးခန်းစနစ်ဟာ ဗဟိုနေရာတွေကနေ ဒေသဆိုင်ရာ ကျန်းမာရေး ဆေးခန်းတွေဆီကို ကာကွယ်ဆေးပို့ဆောင်ရာမှာ ကမ္ဘာတဝန်း အသုံးပြုနေတဲ့ စံသိုလှောင်မှုစနစ်ဖြစ်တယ်။ အခုအချိန်အထိ အက်စထရာ ဇန်နက်ကာ ကာကွယ်ဆေးက အဲဒီလို စနစ်တွေမှာ ပေးပို့နိုင်တဲ့ တခုတည်းသော ဆေးဖြစ်တယ်” ဟု ဂါနီပြောသည်။

ထိုကာကွယ်ဆေးများသည် မတူညီသော နည်းပညာများကို အခြေခံကြသည်။ အက်စထရာ ဇန်နက်ကာ၏ ကာကွယ်ဆေးသည် Johnson & Johnson ၏ ကာကွယ်ဆေးနှင့် ရုရှား၏ Sputnik V ကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ်၏ အစိတ်အပိုင်းများကို ခန္ဓာကိုယ်အတွင်းသို့ သယ်ဆောင်ရာတွင် အဒန်နိုဗိုင်းရပ်စ်ကို အသုံးပြုထားသည်။

မိုဒန်းနားနှင့် ဖိုင်ဇာတို့၏ ကာကွယ်ဆေးသည် mRNA ဟုခေါ်သည့် မျိုးဗီဇ အစိတ်အပိုင်းတခုကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်း လူလုပ် ကိုရိုနာဗိုင်းရစ်စ် အစိတ်အပိုင်း ဖြစ်စေကာ ကိုယ်ခံစွမ်းအား စနစ်ကို လှုံ့ဆော်ပေးသည်။ “ဒါက နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုသစ်လွင်တဲ့ နည်းပညာဖြစ်ပြီး အချိန်နဲ့အလိုက် mRNA ရဲ့ တည်ငြိမ်မှုနဲ့ပတ်သက်ပြီး အနည်းငယ်သာ သိရသေးတယ်” ဟု ဗြိတိန် ဆေးဝါးဗေဒ မဟာဌာနမှ ပညာရေးနှင့် စံနှုန်းကော်မတီ ဥက္ကဌ ပန်နီ ဝါ့ဒါက CNN သို့ပြောသည်။

အင်္ဂလန် အောက်စ်ဖို့ဒ် Jenner Institute ရှိ ဓာတ်ခွဲခန်းတခုအတွင်း ဆေးကို သုတေသန လုပ်နေစဉ်

မိုဒန်နားနှင့် ဖိုင်ဇာတို့သည် အချက်အလက်နှင့် ထုတ်လုပ်မှုစွမ်းရည်ကို တည်ဆောက်သောကြောင့် ယခုထက် ပိုမို မြင့်မားသည့် အပူချိန်တွင် သိုလှောင်ရေး နည်းလမ်းများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း အောက်စဖို့ဒ်၏ ကာကွယ်ဆေးသည် လက်ရှိ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်အရ ကမ္ဘာတဝန်း သယ်ယူပို့ဆောင်နိုင်သည့် အလားအလာ ရှိကြောင်း သူပြောသည်။

သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဖြန့်ချိသောအခါ ကာကွယ်ဆေးအာနိသင် အဆင့်များကို ထိန်းသိမ်းထားနိုင်မှသာ တန်ဖိုးရှိမည်ဖြစ်သည်။

ကာကွယ်ဆေးစမ်းသပ်မှု တကြိမ်သည် အာနိသင် ၆၂ ရာခိုင်နှုန်း ထုတ်လုပ်ပေးပြီး ကျန်စမ်းသပ်မှုများတွင် အာနိသင် ၉၀ ရာခိုင်နှုန်း ထုတ်လုပ်ပေးသောကြောင့် ပျမ်းမျှအားဖြင့် ထိရောက်မှု ၇၀ ရာခိုင်နှုန်း ရှိကြောင်း အက်စ်ထရာ ဇန်နက်ကာက ယခုအပတ်အတွင်း ပြောကြားခဲ့သည်။ ထိုရလဒ်မှာ ကောင်းမွန်သော ရလဒ်ဖြစ်ပြီး တုပ်ကွေးကာကွယ်ဆေးများနှင့် နှိုင်းယှဉ်နိုင်သော်လည်း မိုဒါန်းနား၏ ၉၄.၅ ရာခိုင်နှုန်းနှင့် ဖိုင်ဇာ၏ ၉၅ ရာခိုင်နှုန်းကို ယှဉ်နိုင်ခြင်းမရှိပေ။ ၉၀ ရာခိုင်နှုန်းဟုသောအချက်မှာ ပါဝင်စမ်းသပ်သူ ၂၇၄၁ ဦးတို့၏ နမူနာများကို အခြေခံပြီး ထိုအရေအတွက်မှာ နှိုင်းယှဉ်ချက်အားဖြင့် နည်းပါးလှသည်။

အောက်စဖို့ဒ် အက်စ်ထရာ ဇန်နက်ကာ ရလဒ်တွင် ဆေးပမာဏနှင့် အသက်အရွယ် ကွာခြားမှုနှင့် ပတ်သက်သည့် နားလည်ထားရမည့် အာနိသင် အပြောင်းအလဲများရှိကြောင်း အမေရိကန်အစိုးရ၏ ကာကွယ်ဆေး ထုတ်လုပ်ရေး စီမံကိန်းဖြစ်သည့် Operation Warp Speed မှ အကြံပေး အရာရှိချုပ် မွန်ဆက် ဆလိုအီ ပြောသည်။

အက်စ်ထရာဇန်နက်ကာ ကာကွယ်ဆေး၏ ဖြန့်ချိရာတွင် ရိုးရှင်းမှုသည် ထိရောက်မှုနိမ့်ခြင်းနှင့် ထေမိစေနိုင်ကြောင်း Warwick Business School မှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများဆိုင်ရာ တွဲဖက်ပါမောက္ခ အေဖါ အလီပြောသည်။

လတ်တလောတွင်လူ ၁၀၀၀၀ ခန့် ပါဝင်သည့် အမေရိကန်နိုင်ငံမှ စမ်းသပ်မှုတွင် ဆေးအာနိသင် ထက်ဝက်သာရှိသော ဆေးများ ထည့်သွင်း စမ်းသပ်ရေး အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့နှင့် ဆွေးနွေးနေကြောင်း အက်စ်ထရာ ဇန်နက်ကာမှ ပြောခွင့်ရသူ တဦးက ကြာသပတေးနေ့တွင် CNN သို့ပြောသည်။

အက်စ်ထရာဇန်နက်ကာ ကာကွယ်ဆေး၏ ဖြန့်ချိရာတွင် ရိုးရှင်းမှုသည် ထိရောက်မှုနိမ့်ခြင်းနှင့် ထေမိစေနိုင်ကြောင်း Warwick Business School မှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများဆိုင်ရာ တွဲဖက်ပါမောက္ခ အေဖါ အလီပြောသည်။

ထိခိုက်လွယ်သော သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးအခြေအနေများကြောင့် မှန်ကန်စွာသိုလှောင်ရန် ခက်ခဲသည့် ကမ္ဘာ့ပကတိ အခြေအနေတွင် mRNA ကာကွယ်ဆေးများ၏ အမှန်တကယ် ထိရောက်မှုသည် နိမ့်ကျနိုင်သည်ဟုလည်း သူပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ဖိုင်ဇာ၏ ကာကွယ်ဆေးကို စံအပူချိန်တွင် သိုလှောင်နိုင်စေမည့် ပုံသေနည်းတခု ရရှိရန် ဖိုင်ဇာနှင့် လက်တွဲလုပ်ကိုင်နေကြောင်း BioNTech က လွန်ခဲ့သော အပတ်က ကြေညာသည်။ မိုဒန်းနားကလည်း ရေခဲသေတ္တာ အပူချိန်တွင် ၎င်းတို့ကာကွယ်ဆေးသည် မည်မျှကြာကြာ တည်ငြိမ်နေမည်နှင့် ပတ်သက်သည့် ခန့်မှန်းချက်ကို မူလက ၇ ရက် သတ်မှတ်ရာမှ ရက် ၃၀ အထိ တိုးချဲ့လိုက်ကြောင်း ယခုလတွင်ကြေညာသည်။ ထိုသို့ တိုးချဲ့လိုက်သောကြောင့် ပိုမိုရိုးရှင်းသော ဖြန့်ချိရေးနှင့် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့အခြားနေရာများတွင် ပိုမိုကျယ်ပြန့်စွာ ကာကွယ်ဆေး ထိုးရေး အဆင်ပြေစေရန် ပိုမိုဖြစ်လာကြောင်း မိုဒန်းနား နည်းပညာနှင့်အရည်အသွေး အရာရှိချုပ် ဂျူယန် အင်းဒရက် ကပြောသည်။

ကူညီရန် ကတိပြု

ဖွံ့ဖြိုးဆဲ နိုင်ငံ ၉၂ နိုင်ငံတွင် ကာကွယ်ဆေး အညီအမျှ ရစေရန် ၎င်းတို့၏ ကာကွယ်ဆေး သန်း ၃၀၀ ကို ကာကွယ်ဆေးမဟာမိတ် GAVI ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေး တီထွင်ဆန်းသစ်မှုအဖွဲ့(CEPI) တို့၏ ပူပေါင်းဆောင်ရွက်မှုဖြစ်သော COVAX သို့ အက်စ်ထရာ ဇန်နက်ကာက ကတိပြုထားသည်။ ထိုကဲ့သို့သော အတိုင်းအတာအထိ ကတိပြုသည့် တခုတည်းသော အခြား ကာကွယ်ဆေးလုပ်ငန်းမှာ ဆေး သန်း ၂၀၀ ကတိပြုသည့် Sanofi ဖြစ်သည်။

“အက်စ်ထရာဇန်နက်ကာက အမျိုးမျိုးသော ဆေးဝါးထုတ်လုပ်ရေး နေရာတွေမှာ ကူညီထုတ်လုပ်ဖို့ အဲဒီမဟာမိတ်အဖွဲ့ထဲက ထုတ်လုပ်ရေး ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီးတော့ ကာကွယ်ဆေးသာမက ထည့်ဖို့ ဖန်ဆေးပုလင်းတွေ၊ ဒီဆေးပုလင်းကို ပိတ်ဖို့ အပိတ်တွေနဲ့ ဆေးထိုးအပ်အိမ်နဲ့ အပ်တွေကိုပါ ထုတ်လုပ်ဖို့ လုပ်နေတယ်”

အိန္ဒိယ နိုင်ငံမှ Serum Institute of India (SII) နှင့် ဘေလ်နှင့် မယ်လင်ဒါ ဂိတ် ဖေါင်ဒေးရှင်း Bill and Melinda Gates Foundation တို့ကလည်း အက်စ်ထရာ ဇန်နက်ကာ နှင့်/ သို့မဟုတ် Novavax ကာကွယ်ဆေး သန်း ၂၀၀ ကို ဝင်ငွေနည်းသော နိုင်ငံများအတွက်ပေးမည်ဖြစ်ကြောင်း GAVI ကိုယ်စားလှယ်တဦးက CNN သို့ပြောသည်။ မိုဒန်းနားနှင့် ဖိုင်ဇာတို့ကမူ COVAX သို့ မည်သည့် ကတိကဝတ်မျှ ပေးခြင်းမရှိပေ။

ထို့ကြောင့် အက်စ်ထရာ ဇန်နင်ကာသည် CEPI မှတဆင့် SII ကဲ့သို့သော လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်သောကြောင့် အခြားဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးများထက် ထုတ်လုပ်မှုစွမ်းရည် ပိုမိုမြင့်မားသည့် သဘောသက်ရောက်နေသည်။

“အက်စ်ထရာဇန်နက်ကာက အမျိုးမျိုးသော ဆေးဝါးထုတ်လုပ်ရေး နေရာတွေမှာ ကူညီထုတ်လုပ်ဖို့ အဲဒီမဟာမိတ်အဖွဲ့ထဲက ထုတ်လုပ်ရေး ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီးတော့ ကာကွယ်ဆေးသာမက ထည့်ဖို့ ဖန်ဆေးပုလင်းတွေ၊ ဒီဆေးပုလင်းကို ပိတ်ဖို့ အပိတ်တွေနဲ့ ဆေးထိုးအပ်အိမ်နဲ့ အပ်တွေကိုပါ ထုတ်လုပ်ဖို့ လုပ်နေတယ်” ဟု ဝါ့ဒ် ကပြောသည်။

၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေး ၃ ဘီလျံကို အမှာစာရသည်နှင့် တပြိုင်နက် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း အက်စ်ထရာ ဇန်နက်ကာက ပြောသည်။ ဖိုင်ဇာနှင့် ဘိုင်အိုအင်န်တက်ချ်ကမူ ၂၀၂၀ တွင် ကာကွယ်ဆေး သန်း ၅၀ ထုတ်လုပ်နိုင်ပြီး ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေး ၁.၃ ဘီလျံ ထုတ်လုပ်နိုင်ကြောင်း ကြေညာပြီး မိုဒန်းနားက တနှစ်လျှင် ကာကွယ်ဆေး သန်း ၅၀၀ ထုတ်လုပ်နိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်မှ စတင်ပြီး တနှစ် တဘီလျံ ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

နောက်ဆုံးတွင် မချမ်းသာသော နိုင်ငံများရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းစီအထိ ကာကွယ်ဆေးပေးနိုင်ရန် COVAX က ရည်မှန်းထားသည်

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medicins Sans Frontieres နှင့် Global Justice Now ကဲ့သို့သောအဖွဲ့များက ပွင့်လင်းမြင်သာရန်တောင်းဆိုပြီးနောက် အက်စထရာ ဇန်နက်ကာနှင့် အောက်စဖို့ဒ် တက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှုက အနည်းဆုံး ၂၀၂၁ ခုနှစ် ဇူလ်ိုင်လအထိ ကာကွယ်ဆေးကို အကျိုးအမြတ် မယူဘဲ ကမ္ဘာတဝန်း ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများအတွက် အမြဲတမ်း ဖြန့်ချိမည်ဖြစ်ကြောင်း ပြောသည်။

“ဘယ်ကာကွယ်ဆေးအတွက်မဆို အဓိက သော့ချက်က ဒီဆေးကို ဘယ်လို အလျှင်အမြန်ဖြန့်ချိနိုင်မလဲ ဆိုတာ အပါအဝင် အများပြည်သူ ကျန်းမာရေးအပေါ် သက်ရောက်မှုပဲ။ ကျနော်တို့ ကာကွယ်ဆေးကို လက်ရှိ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုကို သုံးပြီး တကမ္ဘာလုံးကို အလျှင်အမြန် အလွယ်တကူ ဖြန်ချိလို့ ရတယ်။ ရေခဲသေတ္တာမှာလည်း အလွယ်တကူ သိုလှောင်လို့ ရတယ်”

အောက်စဖို့ဒ်၏ ကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများထက် ဈေးသက်သာပြီး ဆေးတလုံးလျှင် ခန့်မှန်းခြေ ၃ မှ ၄ ဒေါ်လာခန့်သာ ကုန်ကျကာ ဖိုင်ဇာ၏ဆေးက တလုံးလျှင် ဒေါ်လာ ၂၀ ခန့်ကုန်ကျပြီး မိုဒန်းနား၏ဆေးက တလုံးလျှင် ၃၂ မှ ၃၇ ဒေါ်လာအထိ ကုန်ကျသည်။

“အခုလက်ရှိကျန်းမာရေး ဝန်ဆောင်မှု အနေအထားမှာ ကျနော်တို့ ကာကွယ်ဆေးကို အလျှင်အမြန် ဖြန့်ချိနိုင်တယ်။ ဒါကြောင့် နောက်ထပ်ကူးစက်မှုကို တားဆီးနိုင်ပြီး ဘယ်လိုကာကွယ်ကုသရမယ်ဆိုတာကို ကျနော်တို့လည်း ပိုမိုသိရှိလာမယ်” ဟု အောက်စဖို့ဒ် တက္ကသိုလ် ပြောခွင့်ရသူက CNN သတင်းဌာနသို့ပြောသည်။ ကာကွယ်ဆေးအမျိုးမျိုးကို လိုအပ်မည်ဖြစ်ကြောင်း နှင့် အချို့သော ကာကွယ်ဆေးများသည် အမျိုးမျိုးသော အသက်အရွယ်နှင့် လူအုပ်စုများကို ပိုမိုထိရောက်နိုင်ကြောင်းလည်း သူပြောသည်။

“ဘယ်ကာကွယ်ဆေးအတွက်မဆို အဓိက သော့ချက်က ဒီဆေးကို ဘယ်လို အလျှင်အမြန်ဖြန့်ချိနိုင်မလဲ ဆိုတာ အပါအဝင် အများပြည်သူ ကျန်းမာရေးအပေါ် သက်ရောက်မှုပဲ။ ကျနော်တို့ ကာကွယ်ဆေးကို လက်ရှိ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုကို သုံးပြီး တကမ္ဘာလုံးကို အလျှင်အမြန် အလွယ်တကူ ဖြန်ချိလို့ ရတယ်။ ရေခဲသေတ္တာမှာလည်း အလွယ်တကူ သိုလှောင်လို့ ရတယ်” ဟု သူပြောသည်။

ကမ္ဘာတဝန်း သက်ရောက်မှု

ဝင်ငွေနိမ့်နှင့် အလယ်အလတ် နိုင်ငံများသို့ ကာကွယ်ဆေးရောက်ရှိရေးတွင် COVAX သည် အရေးပါမည်ဖြစ်ကြောင်း ဒျုခ် တက္ကသိုလ်၏ မော်ဒယ်ပုံစံက ပြသနေသည်။ COVAX သည် ကမ္ဘာတဝန်း ထိခိုက်လွယ် အုပ်စုများကို ကာကွယ်ရန် ၂၀၂၁ နှစ်ကုန်တွင် ကာကွယ်ဆေး ၂ ဘီလျံ ထုတ်ပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံများရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိအတွက် ကာကွယ်ဆေးပေးမည်ဖြစ်သည်။

သို့သော် ၂၀ ရာခိုင်နှုန်းဆိုသည်မှာ လူအုပ်စုလိုက် ခံနိုင်ရည်ရှိလာရန် လိုအပ်သည့် စံနှုန်းဖြစ်သည့် ၇၀ ရာခိုင်နှုန်းအောက် များစွာလျှော့နည်းကြောင်း ဂါနီသတိပေးသည်။ ထိုကြောင့်အချို့သော နိုင်ငံများ လိုအပ်ချက်မပြည့်မီဘဲ ဖြစ်နေမည်။

ခရီးသွားနိုင်ရန်နှင့် နယ်စပ်များကို ဖြတ်ကျော်သွားနိုင်ရန်အတွက် လူသားအားလုံးကို ကာကွယ်ဆေး ထိုးပြီးရန် အရေးကြီးကြောင်း ဂါနီပြောသည်။ ကာကွယ်ဆေးကို ထပ်မံအားဖြည့်ရန် နောက်တကြိမ် ကာကွယ်ဆေး ထိုးရေးကို ထည့်မတွက်လျှင်ပင် တကမ္ဘာလုံးသို့ ကာကွယ်ဆေး ရောက်ရှိရေးသည် ၂၀၂၃ ခုနှစ်အထိ ကြာနိုင်ကြောင်း လက်ရှိ သုတေသနပြုနေသည့် မိုဒယ်ပုံစံများအရ သိရသည်။

“တကမ္ဘာလုံးက နေရာတိုင်းမှာရှိတဲ့ ထိခိုက် အလွယ်ဆုံး အုပ်စုတွေအတွက် ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေး ရရှိရေးဟာ ဒီကမ္ဘာတဝန်း ကူးစက်ရောဂါရဲ့ ပြင်းထန်တဲ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု Gavi ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဆက်သ် ဘာကလေ ကပြောပြီး အောက်စဖို့ဒ် ကာကွယ်ဆေး၏ သတင်းကို ယခုအပတ်အတွင်း ကြေညာချက်တစောင်တွင် ကြိုဆိုခဲ့သည်။

ထိုကိစ္စအတွက်အဖြေမှာ ၎င်းတို့ပြည်သူများကို ကာကွယ်လိုသည့် သဘာဝကျသောအရာကို လုပ်ကိုင်နေသော ချမ်းသာသည့် နိုင်ငံများကို အရှက်မခွဲဘဲ ထုတ်လုပ်မှု စွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ရန်သာဖြစ်ကြောင်း ဘီလ်ဂိတ်ပြောသည်။

ဒျုခ်တက္ကသိုလ်၏ မော်ဒယ်ပုံစံအရ ချမ်းသာသော နိုင်ငံများသည် ၎င်းတို့လူဦးရေအတွက် လုံလောက်သော ကာကွယ်ဆေးရရန် အလားအလာ တိုးမြှင့်ရေး ကာကွယ်ဆေး ဘီလျံပေါင်းများစွာကို ကြိုတင်ဝယ်ယူမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာမူ COVAX ကိုသာ လုံးလုံးလျားလျား မှီခိုနေရမည်ဖြစ်သည်။

ထိုကိစ္စအတွက်အဖြေမှာ ၎င်းတို့ပြည်သူများကို ကာကွယ်လိုသည့် သဘာဝကျသောအရာကို လုပ်ကိုင်နေသော ချမ်းသာသည့် နိုင်ငံများကို အရှက်မခွဲဘဲ ထုတ်လုပ်မှု စွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ရန်သာဖြစ်ကြောင်း ဘီလ်ဂိတ်ပြောသည်။

ကာကွယ်ဆေး၏ အာနိသင်နှင့် ဘေးကင်းလုံခြုံမှုကို စောင့်ကြည့်ခြင်း ပြဿနာများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပေါ်ပေါက်နေပြီးသော စိန်ခေါ်မှုဖြစ်ကြောင်း လန်ဒန် တကိုယ်ရေ ကျန်းမားရေးနှင့် အပူပိုင်း ဆေးပညာကျောင်းမှ ဆေးဝါးနှင့် လူသား အပြန်အလှန်တုံ့ပြန်မှုကို လက်တွေ့အခြေအနေတွင် လေ့လာခြင်း ဘာသာရပ် ပါမောက္ခ စတီဗင် အီဗန်း ပြောသည်။

” ဝင်ငွေနိမ့်နဲ့ အလယ်အလတ် နိုင်ငံတွေမှာမှသာ သိသာထင်ရှားလာမယ့် ဆိုးကျိုးအချို့ ရှိနိုင်တယ်။ သူတို့တွေက မတူညီတဲ အစားအသောက်ကိုစား၊ ယေဘုယျအားဖြင့် အာဟာရအဆင့်ကလည်း အမျိုးမျိုးရှိပြီး စရိုက်လက္ခဏာကလည်း မတူညီဘူး” ဟု CNN သို့ သူပြောသည်။

ဝင်ငွေနိမ့်နှင့် အလယ်အလတ်နိုင်ငံများအတွက် လက်ရှိအဆင့်တွင် အောက်စဖို့ဒ်ကာကွယ်ဆေးသည် အာမခံချက် ရှိနိုင်သော်လည်း ထိုဆေးကို မထုတ်လုပ်မီ ဖြေရှင်းရမည့် အချက်အလက်များနှင့် ပတ်သက်သည့် သတိပေးချက်များလည်း ရှိနေပြန်သည်။

အဓိကအားဖြင့် အရေးပါသည်မှာ ကာကွယ်ဆေး များနိုင်သမျှ များများထုတ်လုပ်ပြီး ကမ္ဘာကြီးထပ်မံထိခိုက်မှုကို ကန့်သတ်လျှော့ချရန်နှင့် အလျှင်အမြန် ပြန်လည် နာလန်ထလာရေးသာဖြစ်သည်။

ကိုးကား။ ။ CNN ၏ Why Oxford’s Covid-19 vaccine could do more for the world than other shots

You may also like these stories:

ကိုဗစ်-၁၉ ကိုအမြစ်ဖြတ်ရန် အစီအစဉ် သုံးရပ်

Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

သွေးရည်ကြည်လှူဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်

Your Thoughts …
Tags: AstraZenecaGAVIPfizerကိုဗစ်ကာကွယ်ဆေးအောက်စဖို့ဒ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း  / ကျော်ခ  / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

by ဧရာဝတီ
26 August 2021
16.6k

ထိုးလို့ရရင်တော့ စခန်းကလူတွေ အကုန်ထိုးမှာပေါ့။ စခန်းကလူတွေက အကုန်လုံး ထိုးချင်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိတယ်

NLD အစိုးရလက်ထက် ကိုဗစ်ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ခံဖြစ်ခဲ့သူ ဒေါက်တာထားထားလင်း

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

by ဧရာဝတီ
14 June 2021
14.3k

ဒေါက်တာ ထားထားလင်းနှင့် CDM ဆရာဝန်အချို့အား နိုင်ငံတော်ပုန်ကန်မှု ဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရ

by ဧရာဝတီ
31 July 2021
8.1k

လက်ရှိ ထိုင်းနိုင်ငံ အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးများ ထိုးနှံ ထားပြီးဖြစ်ပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား မည်မျှပါဝင်သည်ကိုမူ မသိရပါ။

KIA ထိန်းချုပ်နယ်မြေ အတွင်း ကိုဗစ် ကာကွယ်ရေး လှုပ်ရှားမှု  / Kachin Net

ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်

by ဧရာဝတီ
31 July 2021
16.2k

တရုတ်သည် ၎င်းတို့နှင့် နယ်နိမိတ် ကျောချင်းကပ်နေသည့် တိုင်းရင်းသားတပ်များကိုသာ ကူညီခြင်း မဟုတ်ဘဲ တရုတ်၏ အနာဂတ်စီးပွားရေး စီမံကိန်းလမ်းကြောင်းပေါ်တွင် အခြေစိုက် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ခေါင်းဆောင်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

SSPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်နေမှု  / SSPP

SSPP ထိန်းချုပ်နယ်မြေတွင် တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

by ဧရာဝတီ
22 July 2021
12.8k

အခု လောလောဆယ်တော့ ကျနော်တို့ဌာနချုပ် ဝန်းကျင်မှာရှိတဲ့ သူတွေပေါ့။ နှစ်ထောင်ကျော်ကျော်လောက်တော့ ထိုးပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ဒေသတွင်းမှာ အယောက် ၅ သိန်းကို ထိုးပေးဖို့ စီစဉ်ထားတယ်။ ဆေးက ကျနော်တို့ မှာထားပြီးပြီ

၂၀၂၂ ခုနှစ် ဇန်နဝါရီလက မြန်မာ ဒုက္ခသည်များအတွက် ထိုင်းမှ စေတနာရှင်များက လှူဒါန်းသည့် စားစရာများကို နယ်စပ်မြစ် ဖြတ်ကျော် သယ်ဆောင်စဉ်  / ဧရာဝတီ

မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ

by Tom Fawthrop
2 May 2022
6.4k

ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်နဲ့ သူ့ရဲ့မျိုးကွဲတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က ဘာသတင်းမှ မရသလောက် ဖြစ်နေတယ်

Next Post
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

ဦးအောင်ကြည် နုတ်ထွက်မှု အစိုးရနှင့် ပြဿနာတက်၍ မဟုတ်ဟု သမ္မတရုံး ရှင်းလင်း

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမြင်ကွင်း  / ဧရာဝတီ

ရွေးကောက်ပွဲ အချက်အလက်များ ခွင့်ပြုချက်မရဘဲ မပေးဖို့ UEC ညွှန်ကြား

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved