သတင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ် ရှိ မယ်လအူးဒုက္ခသည်စခန်းနှင့် မယ်ရာမိုဒုက္ခသည်စခန်းများရှိ ကျန်းမာရေးဝန်ထမ်းတချို့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနေပြီ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်နေ့က မယ်လအူး စခန်း၊ ၂၂ ရက်နေ့တွင် မယ်ရာမိုစခန်းတို့မှ ကျန်းမာရေးဝန်ထမ်းများကို ထိုးပေးခဲ့ခြင်း ဖြစ်ပြီး၊ ထိုးပေးသည့် လူအရေအတွက်ကိုမူ အတိအကျ မသိပေ။

ကရင်ဒုက္ခသည်ကော်မတီ (KRC) ဥက္ကဋ္ဌ ဦးစောရောဘတ်ထွေးက ယင်းစခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လူနာများနှင့် အများဆုံး ထိတွေ့ရသည့်အတွက် ကိုဗစ်ကာ ကွယ်ဆေးကို ပထမဦးဆုံးအဖြစ် ထိုးပေးခြင်းဖြစ်ကြောင်း ပြော သည်။

“ထိုးတာတော့ လူမများဘူး။ အကုန်လုံး ထိုးတာ မဟုတ်ဘူး။ ကျန်းမာရေးဝန်ထမ်းတွေကို NGO တွေက ထိုးပေးတာ။ စခန်းထဲမှာ ထိုးပေးတယ်” ဟု ၎င်းကဆိုသည်။

မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းများမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒုက္ခ သည်စခန်းများတွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသည့် NGO အဖွဲ့အစည်းတခုက လာရောက်ကူညီ ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ထိုးလို့ရရင်တော့ စခန်းကလူတွေ အကုန်ထိုးမှာပေါ့။ စခန်းကလူတွေက အကုန်လုံး ထိုးချင်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိတယ်” ဟု ဦးစောရောဘတ်ထွေးက ပြောသည်။

မယ်လအူး ဒုက္ခသည်စခန်းတွင် လူဦးရေ ၉၀၀၀ ကျော် ရှိပြီး အများစုမှာ ကရင်နှင့် ကယားလူမျိုးများ ဖြစ်ကြောင်း၊ ကျန်း မာရေးဝန်ထမ်း ၂၀၀ နီးပါးရှိကြောင်း၊ စခန်းတွင်း ကိုဗစ်ကူးစက်မှု ရှိလာခြင်းကြောင့် သွားလာမှုများကို တင်းကျပ် ထား ကြောင်းလည်း ၎င်းက ပြောသည်။

ယခုလအတွင်း မယ်လအူး ဒုက္ခသည်စခန်းမှ ၆ ဦးနှင့် လူဦးရေ ၁ သောင်းကျော် ရှိသည့် မယ်ရာမိုစခန်းမှ ၂ ဦး စုစုပေါင်း ၈ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည်။

ပြီးခဲ့သည့် လများကလည်း ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများဖြစ်သော မယ်လ၊ အုန်းဖျန်၊ ထမ်းဟင် စခန်းများတွင် လည်း ကိုဗစ်ကူးစက်မှုများရှိခဲ့ပြီး သေဆုံးသည့် အခြေအနေအထိ မရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသများအတွင်း လက်နက်ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများကို နှစ် ပေါင်း ၃၀ ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့်ပေးထားသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူပေါင်း ၉ သောင်းကျော် နေထိုင်လျက်ရှိသည်။

You may also like these stories:

စစ်ကိုင်းနှင့် မကွေးက ကျေးရွာများ အာဏာသိမ်းတပ် ဝင်စီးနေ၍ ထွက်ပြေးနေရ

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

Did you find apk for android? You can find new Free Android Games and apps.
Loading