• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

တိုကျိုနဲ့ အနီးဝန်းကျင် ၃ နေရာကို အရေးပေါ်အခြေအနေ ကြေညာ

by Aurora
7 January 2021
in Coronavirus Update
A A
ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါ

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါ

4.8k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် မြို့တော် တိုကျိုနဲ့ အနီးဝန်းကျင် ခရိုင်တွေကိုပါ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။ တိုကျိုမြို့တော်မှာ နေ့စဉ်ကူးစက်နှုန်း ၂,၅၀၀ ဝန်းကျင် ရှိလာပြီးနောက် ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ကြေညာလိုက်တာပါ။

ယခင်အပတ်ကတည်းက မြို့တော်တိုကျိုနဲ့ အနီးနားက မြို့တွေမှာ ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike အပါအဝင် ချီဘာ၊ ဆိုင်တမနဲ့ ကာနာဂါဝါ အုပ်ချုပ်ရေးမှူးတွေက ဝန်ကြီးချုပ် ဆူဂါကို အရေးအပေါ်အခြေအနေ ကြေညာပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဝန်ကြီးချုပ် ဆူဂါက ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေဟာ ဖေဖော်ဝါရီ ၇ ရက်ထိ သက်ဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရေးပေါ်အခြေအနေကြောင့် အိမ်မှာပဲ နေကြရမှာဖြစ်ပြီး ပြင်ပမှာ လူစုဝေးခွင့် မရှိတော့သလို စားသောက်ဆိုင်၊ ဘားတွေကိုလည်း ည ၈ နာရီမှာ ပိတ်သိမ်းရမယ်လို့ ဖော်ပြထားပါတယ်။

ဈေးဝယ်စင်တာတွေနဲ့ ကျောင်းတွေကိုတော့ ဖွင့်ထားမှာဖြစ်ပြီး၊ ရုပ်ရှင်ရုံ၊ ပြတိုက်နဲ့ တခြားပွဲအခမ်းအနားတွေကို လူဦးရေ လျှော့ချသွားရမယ်လို့ ပါရှိပါတယ်။ “ဒီအခြေအနေကနေ ကျော်လွှားနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အားလုံးလည်း ကန့်သတ်ကာလကို သည်းခံ ဖြတ်ကျော်ကြဖို့ တောင်းဆိုပါတယ်” လို့ ဝန်ကြီးချုပ် ဆူဂါက ပြောကြားလိုက်ပါတယ်။

COVID-19 ကုသရေးဆေးရုံတွေကို အကူအညီ ထပ်ပေးသွားဖို့ ကတိပြုလိုက်သလို၊ စစ်ဘက်ကလည်း ကူညီပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားထားပါတယ်။ ဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်ဆုံး ခွင့်ပြုပေးနိုင်ရေး အတွက်လည်း အားထုတ် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးကာလကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့တာပါ။ တိုကျိုမှာ နေ့စဉ် ရက်ဆက်ဆိုသလို အတည်ပြုလူနာ ၁,၅၀၀ ကျော် ရှိခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ နေ့စဉ် ၅,၀၀၀ ဝန်းကျင် ကူးစက်ခံနေရပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်တွေကို ဖေဖော်ဝါရီမှာ စတင်နိုင်မယ်လို့ မျှော်မှန်းထားပြီး၊ ဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရေးကြီးတာဝန် ထမ်းဆောင်နေသူတွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

တိုကျို ဆေးတက္ကသိုလ်ဆေးရုံရဲ့ ကူးစက်ရောဂါ ပါမောက္ခ ဒေါက်တာ Atsuo Hamada က ညဘက် စုဝေး စားသောက်ရာကနေ ကူးစက်မှုတွေ များလာတာလို့ ဆိုပါတယ်။ “ညဘက် လူတွေ အပြင်ထွက် စားသောက်ကြရင် အရက်မူးလာတာနဲ့ အသံကျယ်ကြီးတွေနဲ့ စကားပြောမယ်၊ သီချင်းတွေ အော်ဆိုကြရင် ဗိုင်းရပ်စ်က လေထဲကနေ ကူးစက်တာဖြစ်လို့ ပိုကူးစက်လွယ်ပါတယ်” လို့ တယ်လီဖုန်း အင်တာဗျူးမှာ ဒေါက်တာ Hamada က ဖြေကြားခဲ့ပါတယ်။

အလားတူ အရေးပေါ်အခြေအနေ ကြေညာချက်မျိုး ဧပြီလကုန်ပိုင်းကနေ မေလနှောင်းပိုင်းထိ ယခင်က ကြေညာခဲ့ရဖူးပါတယ်။ အရေးယူမှုတွေ မရှိပေမယ့် လူတိုင်း စည်းကမ်း လိုက်နာခဲ့တာကြောင့် ထိန်းချုပ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
71
သဇင်ပန်း

သဇင်ပန်း

10 January 2026
118
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
307

ဂျပန်မှာ လက်ရှိအချိန်ထိ ကူးစက်ခံရသူပေါင်း ၂၅၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၇၀၀ ကျော်ရှိလာတာကြောင့် ဆေးရုံတွေမှာ လူနာအတွက် နေရာအခက်အခဲတွေ ရှိနေပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: AP

Your Thoughts …
Tags: COVID-19ကိုရိုနာဗိုင်းရပ်စ်ဂျပန်နိုင်ငံတိုကျိုအရေးပေါ်အခြေအနေ
Aurora

Aurora

Contributor

Similar Picks:

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

by ဧရာဝတီ
3 February 2024
5.2k

ဦးမြင့်ဆွေ၏ ပြောစကားအရ စစ်ကောင်စီသည် သြဂုတ်လတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမည် ဖြစ်သည်။

“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

by ဧရာဝတီ
17 February 2024
4.5k

သူ့ကို အတင်းအကျပ် စစ်သားစုဆောင်းပါက စစ်တပ်သို့ဝင်မည့်အစား လက်ချောင်းအနည်းငယ် ဖြတ်ပစ်မည်ဟု ရန်ကုန်တွင် ငါးရောင်းသည့် အခြားသူ အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
4.1k

"ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်"

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

by ဧရာဝတီ
3 August 2023
3.5k

ယခုတကြိမ်သည် စစ်ကောင်စီက အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်သည်မှာ လေးကြိမ်မြောက်ဖြစ်သည်။

Next Post
ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသည့် အကြောင်း NLD ပါတီမှ ဒေါက်တာအောင်မိုးညိုက မွန်ပြည်နယ် အခြေစိုက် သတင်းထောက်များကို ရှင်းပြနေစဉ်

NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ

ဒေါက်တာ အေးမောင်အား စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ်   / မင်းအောင်ခိုင် / ဧရာဝတီ

ဒေါက်တာ အေးမောင်နှင့် နိုင်ငံရေးဖြင့် ဆက်စပ်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved