• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ

by ဇူးဇူး
7 January 2021
in သတင်း
A A
ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသည့် အကြောင်း NLD ပါတီမှ ဒေါက်တာအောင်မိုးညိုက မွန်ပြည်နယ် အခြေစိုက် သတင်းထောက်များကို ရှင်းပြနေစဉ်

ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသည့် အကြောင်း NLD ပါတီမှ ဒေါက်တာအောင်မိုးညိုက မွန်ပြည်နယ် အခြေစိုက် သတင်းထောက်များကို ရှင်းပြနေစဉ်

9.9k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုသည် တာထွက်ချိန်မှာပဲ သဘောထား ကွဲလွဲမှုများ၊ အထစ်အငေါ့များဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းအခက်အခဲများအား မည် သို့ ကျော်ဖြတ်ပြီး ရှေ့ဆက်သွားကြမလဲ ဆိုသည်ကို နိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်စားလျက် ရှိသည်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း အနိုင်ရ NLD ပါတီက တရားဝင် ထုတ်ပြန်ကြေညာပြီး မကြာခင်မှာပဲ ပါတီ၏ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းကာ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် လိုက်လံတွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
60
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
563
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
8

ပထမဆုံး ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁ ရက်က ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း ပါတီချင်း တွေ့ဆုံသည့်ပုံစံ မဟုတ်သောကြောင့် ဝေဖန် မှုများ ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၄ ရက်၌ ဒုတိယခရီးစဉ် ဖြစ်သည့် မွန်ပြည်နယ်သို့ သွားရောက်ခဲ့ရာတွင်လည်း မွန်ညီညွတ်ရေးပါတီ (MUP) နှင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။

ယင်း အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် NLD က တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ကျင့်သုံးသည့် နည်းနာများ လိုအပ်ချက်ရှိနေပြီး ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။

ကချင်နှင့် မွန် အတွေ့အကြုံကိုယူကာ သေချာပြန်လည် သုံးသပ် ပြင်ဆင်ပြီးတော့မှ အဖြစ်သင့်ဆုံး နည်းလမ်းကို ရှာဖွေလာ ပြီး ကျန်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဆက်လက် လုပ်ဆောင်သွားမည်ဆိုပါက ပွဲပျက်သည့် အနေအထားထိ ဖြစ် လာစရာ မရှိဟု ၎င်းက ဆိုသည်။

ထို့ပြင် NLD အနေဖြင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမှန်တကယ် ပူးပေါင်းလုပ် ဆောင်မည် ဆိုပါက ကိုယ်စားလှယ် အရေအတွက် ဘယ်လောက်ဖြစ်စေ၊ မည်သူ့ကိုပဲ တာဝန်ပေးသည်ဖြစ်စေ နည်းနာနှင့် မူဝါဒ လုပ်ငန်းစဉ်များ အတိအကျ ချမှတ်ပြီးမှသာ တိုင်းရင်းသားပါတီများနှင့် ဆက်ဆွေးနွေးစေလိုကြောင်း ၎င်းက အကြံပြု သည်။

ဦးစိုင်းလိတ်က “အဲဒီလို မရှိဘဲနဲ့ တိုင်းရင်းသားတွေရဲ့ အသံကို လာရောက်နားထောင်တယ်။ ပြီးတော့မှ အပေါ်ကို သွား တင်ပြမယ်။ ပြီးတော့မှ တခါပြန်လာပြီး ဆင်းလာပြီး ချပြမယ်ဆိုတာကတော့ အချိန်ကြန့်ကြာနိုင်တဲ့အပြင်ကို အလုပ်လည်း ဖြစ်လောက်မယ် မထင်ဘူး” ဟု ဆိုသည်။

၎င်း၏ ပြောပြချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာ တတိယပတ်လောက်တွင် NLD က ဇန်ဝါရီ ၂ ရက်၌ တွေ့ဆုံရန် ရှမ်းပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်က တဆင့် ၎င်းထံ ဆက်သွယ်လာကြောင်း၊ အခက်အခဲ တချို့ကြောင့် Zoom meeting ဖြင့် လုပ်ရန် ကမ်းလှမ်းဖြစ်ကြောင်း ပြောပြသည်။

ထို့ပြင် လကုန်ခါနီး ထပ်ဆက်လာသည့်အခါ NLD ဘက်က ကချင်နှင့် မွန်ကို ဦးစားပေးသွားရန် ဆွေးနွေးဆုံးဖြတ်ထား သဖြင့် ရှမ်းပြည်နယ်ကို မလာနိုင်သေးကြောင်း၊ လာမည်ဆိုပါက ၅ ရက် ကြိုတင် အကြောင်း ကြားပေးမည်ဟု ပြောဆိုရာ ယနေ့ (ဇန်နဝါရီ ၇ ရက်) ထိ ဆက်သွယ်လာခြင်း မရှိသေးသဖြင့် နောက်ထပ် ၅ ရက် အထိ တွေ့ဆုံရန် မည်သည့် အစီ အစဉ်မှ မရှိသေးကြောင်း သိရသည်။

ဦးစိုင်းလိတ်က “လောလောဆယ် NLD က အနိုင်ရထားတာဆိုတော့ NLD နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လို့ပဲ ပြောရမှာပေါ့။ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်တယ်။ သဘောတူညီချက်တခု ချမှတ်နိုင်တယ်ဆိုရင်တော့ ကျန်တဲ့ အစိတ်အပိုင်းတွေမှာ လက် တွဲဆောင်ရွက်ဖို့က ကျနော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး” ဟုလည်း ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရ ၁၉ ပါတီ ရှိသည့်အနက် NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှအပ ကျန်ပါတီများသည် ဗမာ မဟုတ်သော တိုင်းရင်းသားပါတီများ ဖြစ်သောကြောင့် NLD အနေဖြင့် ပြန်လည် သုံးသပ်မှုများ ပြုလုပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆွေးနွေးပွဲများကို မရပ်လိုက်ဘဲ ဆက်သွားသင့်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက အကြံပြု တိုက်တွန်းသည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ၊ ပြင်ပဆက်ဆံ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက “အခု ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး လူမှုမီဒီယာပေါ့။ အဲဒီမှာ တဖက်နဲ့တဖက် ဝေဖန်ပုတ်ခတ်နေကြတာ တော်တော် ဆိုးတယ်။ ဒါနောက်ဆုံး တွေ့ဆုံဆွေးနွေးပွဲကြီးလည်း မဟုတ်ပါဘူး။ ဒီထက်ပိုပြီး သဘောထားကြီးဖို့၊ အပြုသဘောဆောင် ဖို့လည်း လိုပါတယ်” ဟု ထောက်ပြသည်။

ရခိုင် အမျိုးသားပါတီ (ANP) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှ တာဝန်ရှိသူများ၏ ပြောပြချက်အရ NLD ဘက်က တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသော်လည်း ကမ်းလှမ်းလာလျှင် တွေ့ဆုံရန် အသင့်ဖြစ်ကြောင်း၊ တွေ့ဆုံရာ ၌လည်း သီးသန့် အနိုင်ရ ကိုယ်စားလှယ်ဖြင့် တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ ပါတီကရွေးချယ်ထားသည့် ပါတီကိုယ်စားပြု အနေဖြင့်သာ တွေ့ဆုံရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ဆွေးနွေးရာ၌ တိုင်းရင်းသားအရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အဓိက ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ပြီး မကြာခင် ထပ်ဖွဲ့တော့မည့် တတိယ သက်တမ်း အစိုးရ၏ နိုင်ငံရေး ရပ်တည်ချက်ကိုလည်း သိရှိနိုင်ရန် ဆွေးနွေးသွားမည် ဟု KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ပြောသည်။

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကလည်း ဦးဆောင်ဆွေးနွေးမည့်၊ အစိုးရဖွဲ့နိုင်မည့် အနိုင်ရ NLD ပါတီ၏ အစီ အမံ ဆောင်ရွက်ချက်က အခရာကျပြီး ပြည်ထောင်စုအရေးအတွက် စိတ်ကောင်း စေတနာကောင်း သန့်သန့်ဖြင့် အားလုံး ဆွေးနွေးတိုင်ပင် ညှိနှိုင်းကာ တဖြည်းဖြည်း အောင်မြင်သည့် လမ်းကြောင်းသို့ ဦးတည်သွားနေခြင်းကိုသာ လိုချင်သည်ဟု ဆိုသည်။

NLD အနေဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့သည့် မွန်ညီညွတ်ရေးပါတီနှင့် ထပ်မံတွေ့ဆုံရန် အစီအစဉ် ရှိမရှိ၊ ကျန်တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံမည့် အခြေအနေများနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ကချင်နှင့် မွန်သို့ သွားရောက်ပြီး ပြန်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့သည် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ ခရီးစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ၂ စောင် တင်ပြထားပြီး ယင်းကော်မတီမှ တစုံတရာ ထပ်မံညွန်ကြားမှု မရှိသေး ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း ကိုယ်စားလှယ် အဖွဲ့ဝင် ဦးအင်ထုံခါးနော်ဆမ်က ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “အမှန်တော့ ဒီကိစ္စတွေက နိုင်ငံရေးကိစ္စတွေပါ။ နိုင်ငံရေးကိစ္စဆိုတာ မူ နဲ့ပျော့ပျောင်းမှုကို ပေါင်းစပ်ဖို့ လိုပါတယ်။ ကိုယ်ဆုပ်ကိုင်ထားရမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ မူတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းရမှာ ဖြစ်ပြီး ဒါတွေ ညှိနှိုင်းတဲ့အခါမှာလည်း ပျော့ပျောင်းဖို့ လိုပါတယ်။ မူအရတောင် ပျော့ပျောင်းမှု လုပ်ဖို့လိုတယ်ဆိုရင် ကျင်းပမယ့် နေရာဒေသတွေ၊ အချိန်အခါတွေ၊ ပါဝင်မယ့်သူတွေ အဲဒါတွေနဲ့ပတ်သက်လို့ ဆက်လက် ပြီး အကန့်အသတ်တွေ ထားရှိနေဦးမယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ် အောင်မြင်မှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုသည်။

လက်ရှိ နိုင်ငံ အနေအထားအရ စုပေါင်းပြီး မလုပ်လို့မရမည့် အခြေအနေတွင် စုပေါင်းနိုင်မည့် အနေအထားအတွက် အဖြေ တခု ရှာထားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးနိုင်ခြင်းမရှိဘဲ ကျန်သည့် နေရာ၊ ရာထူးကိစ္စများ ဆွေးနွေးရန် ပိုမို ခက်ခဲ သွားလိမ့်မည် ဖြစ်ကြောင်း ထောက်ပြ ပြောဆိုမှုများလည်း ရှိနေသည်။

You may also like these stories:

NLD နှင့် မွန်ညီညွတ်ရေးပါတီတို့ ဆွေးနွေးပွဲ နေရာညှိနှိုင်းမရ၍ မဖြစ်မြောက်

၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်ဖြင့် သွားမည်ဟု အတိုင်ပင်ခံပြော

NLD ပါတီနှင့် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ မြစ်ကြီးနားတွင် ဆွေးနွေး

Your Thoughts …
Tags: NLDတိုင်းရင်းသားပါတီတွေ့ဆုံဆွေးနွေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
ဒေါက်တာ အေးမောင်အား စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ်   / မင်းအောင်ခိုင် / ဧရာဝတီ

ဒေါက်တာ အေးမောင်နှင့် နိုင်ငံရေးဖြင့် ဆက်စပ်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို

ယနေ့ စစ်တွေမြို့တွင် ကျင်းပသည့် ANP ပါတီနှင့် တိုင်းရင်းသားမျိုးနွယ်စုများ တွေ့ဆုံပွဲ / ခိုင်ရိုးလ / ဧရာဝတီ

ANP အစိုးရဖြစ်ရေး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက လိုလားဟုဆို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate