• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ကာကွယ်ဆေးထိုးပြီးသူများကို အိုမီခရွန် ကူးစက်နေကြောင်း WHO သတိပေး

by ဧရာဝတီ
22 December 2021
in Coronavirus Update
A A
အိုမီခရွန်မျိုးကွဲသည် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး ထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းမှ နာလန်ထလာသူများကိုပါ ရောဂါဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတိပေးသည်

အိုမီခရွန်မျိုးကွဲသည် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး ထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းမှ နာလန်ထလာသူများကိုပါ ရောဂါဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတိပေးသည်

6.6k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲသည် ဒယ်လ်တာမျိုးကွဲထက် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး ထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းမှ နာလန်ထလာသူများကိုပါ ရောဂါဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက တနင်္လာနေ့တွင် သတိပေးသည်။

အိုမီခရွန်သည် ယခင်မျိုးကွဲများထက် အားပျော့သည်ဟု ကနဦး အထောက်အထားများမှ ကောက်ချက်ချပါက မိုက်မဲရာရောက်မည်ဖြစ်ကြောင်း WHO သိပ္ပံပညာရှင်ချုပ် ဒေါက်တာ ဆိုမီယာ ဆွာမိနာသန်ကလည်း ပြောသည်။

“ကူးစက်သူ အရေအတွက် တိုးလာတော့ ကျန်းမာရေးစနစ်တွေ မနိုင်မနင်းဖြစ်တော့မယ်” ဟု ဒေါက်တာ ဆိုမီယာ ဆွာမိနာသန်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာအခြေစိုက် သတင်းထောက်များကို ပြောသည်။

အိုမီခရွန်မျိုးကွဲသည် ကိုယ်ခံစွမ်းအား တုံ့ပြန်မှုအချို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြောင်းလည်း သူကပြောသောကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ထိုးပေးနေသည့် အားဖြည့်ကာကွယ်ဆေးထိုးရာတွင် ကိုယ်ခံအားစနစ် အားနည်းသူများကို ပစ်မှတ်ထားထိုးပေးရမည့် အခြေအနေဖြစ်သည်။

“အိုမီခရွန်ဟာ ဒယ်လ်တာထက် ပိုမိုကူးစက်ကြောင်း ကျိုးကြောင်းဆီလျော်တဲ့ အထောက်အထားကို တွေ့ထားပါပြီ” ဟု WHO ညွှန်ကြားရေးမှူးချုပ် မစ္စတာ တက်ဒရိုစ် အက်ဒါနွမ် ဂေဘရီယက်ဆက်စ်က ထိုသတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

“နောက်ပြီးတော့ ကာကွယ်ဆေးထိုးပြီးသူတွေ ကူးစက်နိုင်ခြေရှိသလို ကိုဗစ်ဖြစ်ပြီး ပြန်လည် နာလန်ထလာသူတွေကိုလည်း ထပ်မံကူးစက်နိုင်ခြေရှိနေတယ်” ဟု မစ္စတာ တက်ဒရိုစ်က ပြောသည်။

ထပ်မံကူးစက်နိုင်ခြေသည် ၅ ဆ ပိုမိုမြင့်မားကြောင်းနှင့် ဒယ်လ်တာထက် ပိုမိုအားပျော့သည့် လက္ခဏာ မရှိကြောင်း အင်ပီရီရယ်ကောလိပ်လန်ဒန်က လွန်ခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်သည့် လေ့လာတွေ့ရှိချက်များကို ၎င်းတို့၏ စကားများတွင် ထင်ဟပ်နေသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

သို့သော် အခြားပုံစံရှိသော ကိုယ်ခံစွမ်းအား ကာကွယ်ဆေးထိုးခြင်းများသည် ရောဂါကူးစက်မှုကို တားဆီးနိုင်ခြေ ရှိကြောင်း WHO အရာရှိများက ပြောသည်။

အချို့သော ဆောင်ရွက်ချက်များမှ ပဋိပစ္စည်းအကာအကွယ် အားနည်းသွားသော်လည်း ကိုယ်ခံစွမ်းအား တုံ့ပြန်မှု၏ ဒုတိယ မဏ္ဍိုင်ဖြစ်သော တီ-ဆဲလ်များက ရောဂါကူးစက်ခံရသည့် လူသားဆဲလ်များကို တိုက်ခိုက်ခြင်းဖြင့် ပြင်းထန်သော ဖျားနာခြင်းကို တားဆီးနိုင်မည့် မျှော်လင့်ချက်ရှိကြောင်း သိရသည်။

WHO မှ ကျွမ်းကျင်သူ အက်ဘ်ဒီ မာဟာမတ်က “ပိုးကို ဖျက်ဆီးပစ်တဲ့ ပဋိပစ္စည်း လျော့ကျသွားတာကို ကျနော်တို့ တွေ့နေရပေမယ့် တီ-ဆဲလ်က ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားက အရာမယွင်းဖြစ်နေကြောင်း ပဏာမ လေ့လာမှု အားလုံးနီးပါးက ပြသနေတယ်။ အဲဒီကိုယ်ခံစွမ်းအားက ကျနော်တို့ အမှန်တကယ် လိုအပ်တဲ့ ကိုယ်ခံစွမ်းအား ဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သောလကမှ တွေ့ရှိခဲ့သည့် မျိုးကွဲသစ်အား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို အနည်းငယ်သာ သိသေးကြောင်း မီးမောင်းထိုးပြပြီးနောက် ဒေါက်တာ ဆွာမိနာသန်က “စိန်ခေါ်မှုရှိနေတာ အမှန်ပဲ။ ကိုယ်ခံစွမ်းအား ကလုန်းဆဲလ် အများစုက အိုမီခရွန်နဲ့တွေ့ရင် အလုပ်မလုပ်ဘူး” ဟု ပြောသည်။

ကူးစက်မှုများကို တိုက်ဖျက်ရာတွင် သဘာဝ ပဋိပစ္စည်းများကို ပုံတူကူး ထုတ်ပေးသည့် ကုထုံးများကို သူက ရည်ရွန်ကိုးကားသော်လည်း အသေးစိတ်ပြောကြားခြင်း မပြုပေ။ အချို့သော ဆေးဝါးထုတ်လုပ်သူများကလည်း ထိုနည်းလမ်းကိုပင် အကြံပြုနေသည်။

ကပ်ရောဂါကို အဆုံးသတ်ခြင်း

နေရာအများအပြားမှ အားလပ်ရက် ပွဲတော်များကြောင့် ကာလတိုအတွင်း ကူးစက်မှုတိုးလာပြီး ကျန်းမာရေးစနစ်များ မနိုင်မနင်းဖြစ်ကာ လူပိုမိုသေဆုံးနိုင်ကြောင်း မစ္စတာ တက်ဒရိုစ်က ပြောကြားပြီး စုဝေးမည့် အစီအစဉ်များ ရွှေ့ဆိုင်းရန် ပြည်သူများကို တိုက်တွန်းသည်။

“ဘဝတခုကို ဖျက်သိမ်းရတာထက်စာရင် ပွဲလမ်းအခမ်းအနားတခုကို ဖျက်သိမ်းလိုက်ရတာက ပိုမိုကောင်းမွန် ပါတယ်” ဟု မစ္စတာ တက်ဒရိုစ်က ပြောသည်။

လူပေါင်း ၅ ဒသမ ၆ သန်းကို သေဆုံးစေခဲ့ပြီးဖြစ်သော ကပ်ရောဂါကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်နေသည့် ၂၀၂၂ ခုနှစ်တွင် ပင်ပမ်းနွယ်နယ်နေပြီဖြစ်သော ကမ္ဘာက ရင်ဆိုင်နေရသည့် မျိုးကွဲသစ်နှင့် ပတ်သက်သော မျှော်လင့်ချက်တခုကိုလည်း WHO အဖွဲ့က ပြောကြားခဲ့သည်။

ဒုတိယနှင့် တတိယမျိုးဆက် ကာကွယ်ဆေးများ ထုတ်လုပ်ရေးနှင့် ဗိုင်းရပ်စ်တိုက်ဖျက်သည့် antimicrobial ကုထုံးသစ်များ ဖော်ထုတ်ရေးနှင့် အခြား တီထွင်ဆန်းသစ်မှုများကို ထိုအဖွဲ့က ထောက်ပြသည်။

“ဒီရောဂါကို အလွယ်တကူ တားဆီးနိုင်တဲ့ နှိုင်းယှဉ်ချက်အားဖြင့် အားပျော့တဲ့ ရောဂါအဖြစ် လျှော့ချနိုင်ဖို့ မျှော်လင့်တယ်” ဟု WHO မှ အရေးပေါ် ကုသရေး ကျွမ်းကျင်သူ မိုက်ခ်ရန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

“ဗိုင်းရပ်စ်ကူးစက်မှုကို အနိမ့်ဆုံးမှာ ထိန်းထားနိုင်ရင် ဒီကပ်ရောဂါကို အဆုံးသတ်နိုင်မယ်” ဟု သူက ပြောသည်။

သို့သော် ရောဂါကူးစက်မှု တုံ့ပြန်ချက်များ တိုးတက်ရေးအတွက် ၂၀၁၉ ခုနှစ်ကုန်တွင် SARS-CoV-2 ကိုရိုနာ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိသော တရုတ်နိုင်ငံက ကူးစက်မှုအစဦးနှင့် ပတ်သက်သည့် အချက်အလက်များကို ပေးရန်လိုကြောင်း မစ္စတာ တက်ဒရိုစ်က ပြောသည်။

“မူလအစကို သိတဲ့အထိ ကျနော်တို့ဆက်လုပ်ဖို့လိုတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်အောင် လုပ်နိုင်ဖို့ ဒီတကြိမ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာက လေ့လာသင့်တဲ့အတွက် ပိုမိုတွန်းအားပေးဖို့လိုတယ်” ဟု မစ္စတာ တက်ဒရိုစ်က ပြောသည်။

ကိုးကား။ ။ Reuters

You may also like these stories:

အိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ

အိုမီခရွန်မျိုးကွဲကြောင့် ကပ်ဆိုက်နေသော ကမ္ဘာ့စီးပွားရေး စိုးရိမ်စရာဖြစ်လာ

ကိုဗစ်ပိုးသစ် Omicron အကြောင်း သိရသမျှ

အိုမီခရွန် အခြားမျိုးကွဲများလောက် မပြင်းထန်ကြောင်း ကနဦးလေ့လာမှုက ပြသ

Your Thoughts …
Tags: WHOကပ်ရောဂါကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုဗစ်နိုင်တင်းကျန်းမာရေးအိုမီခရွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

Next Post
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် နေပြည်တော်ရောက်

အလွတ်တန်းသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေး၌ သေဆုံးမှုအပေါ် သူတို့အမြင်

အလွတ်တန်းသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေး၌ သေဆုံးမှုအပေါ် သူတို့အမြင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved