• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ဆုံနိုင်ခွင့် . . . ရချင်တယ်

by ညီညီစံ
29 October 2014
in Culture
A A
ဆုံနိုင်ခွင့်, ထူးအိမ်သင်, မြင့်မိုးအောင်, ညီညီသွင်, ညီညီစံ,

သရုပ်ဖော်ပုံ တော်တီဆွေ

2.3k
VIEWS
Share on FacebookShare on Twitter

တွေ့ကြုံဆုံကွဲ လောကကြီးမှာ ချစ်သူခင်သူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ တွေ့ဆုံခဲ့ရသလို အကြောင်း အမျိုးမျိုးနဲ့ လည်း ဝေးကွာ၊ ခွဲခွာကြရစမြဲပါ။ ချစ်သူနှစ်ဦး ဝေးကွာ ခွဲခွာရချိန်မှာ ခံစားရတဲ့အလွမ်းရဲ့ သောကက ပိုပြီး ပြင်းထန် ထိခိုက်စေတတ် ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ပြန်လည်ဆုံစည်း တွေ့ဆုံချင်တဲ့ စိတ်ဆန္ဒ ခံစားချက်လေးကို သီချင်း တပုဒ် ရေးဖွဲ့ဖူးပါတယ်။ ရောင်းရင်းကြီး ညီညီသွင်နဲ့ ကျနော် နှစ်ယောက်အတူ ရေးဖွဲ့ခဲ့တဲ့ “ဆုံနိုင်ခွင့်” အမည်ရ ကိုယ်ပိုင် သံစဉ် သီချင်းလေးပါ။

ညီညီသွင်နဲ့ ကျနော်ဟာ ဂီတခရီးမှာ အတော်ကြာ အတူလက်တွဲ ဖြတ်သန်းခဲ့ကြဖူးသလို အနေလည်း အတော်နီးခဲ့ကြ ပါတယ်။ သီချင်း တော်တော်များများ ကိုလည်း နှစ်ယောက်အတူတွဲ ဖန်တီးရေး ဖွဲ့ခဲ့ကြ ပါတယ်။ သူက ကျနော်ထက် သီချင်းရေးတာ ပိုစောပြီး ဂီတလောကထဲ ကြိုရောက်နှင့်တဲ့ သူမို့ သီချင်းရေး တာနဲ့ ပတ်သက်ရင် သူ့ဆီက ကျနော် တော်တော် လေ့လာ သင်ယူခဲ့ရပါတယ်။

“ဆုံနိုင်ခွင့်” သီချင်လေးဟာ ကျနော်တို့ နှစ်ယောက် သီချင်းရေး သက်တမ်း နုစဉ်ကာလ ၁၉၈၉ ပတ်ဝန်းကျင် လောက်က ရေးဖွဲ့ခဲ့တာ ဖြစ်ပြီး သူနဲ့ ကျနော် စတုတ္ထမြောက် အတူတွဲရေးတဲ့ သီချင်းအဖြစ် မှတ်မှတ်ရရ ရှိနေပါတယ်။ အဲဒီ ကာလတုန်းက ရင့်ကျက်ပြီး အတွေးအခေါ် ပါတဲ့ သီချင်းမျိုးတွေထက် ရင်ထဲက ပုဂ္ဂလခံစားချက်လေးတွေကို ရှေ့တန်းတင် ဦးစားပေး ရေးဖွဲ့ကြချိန်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ တွဲရေးတဲ့သူတွေဟာ ခံစားချက် အပေးအယူ မျှရမယ်၊ သက်ဝင်စီးမျောမှု ညီညွတ်ရမယ်၊ ရင်ခုန်သံ ဖလှယ်မှု ထပ်တူကျရမယ်၊ ရင်ဘတ်ချင်း တူရမယ်လို့ ကျနော်မြင်ပါတယ်။

ညီညီသွင်နဲ့ ကျနော်ဟာ ခုနက ပြောခဲ့သလို အနေနီးခဲ့တဲ့ အပြင် စာပေဂီတ အနုပညာတွေနဲ့ ပတ်သက်ရင် အကြိုက် တူတာတွေဟာလည်း တွဲရေးတဲ့နေရာမှာ တော်တော် အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ရေးဖွဲ့ဖို့ အကြောင်းအရာ ရွေးချယ်မှု အပိုင်းမှာ သူ့ခံစားချက် အကြောင်းအရာတွေ ကိုလည်း သူလိုက်ပါစီးမျော သက်ဝင်ပြီး ဖန်တီးခဲ့ကြပါတယ်။

ကျနော်က တောင်ကြီးက ကျောင်းလာတက်ရတဲ့သူ ဖြစ်လေတော့ ချစ်သူဖြစ်တဲ့ ရန်ကုန်က ကောင်မလေးနဲ့ မကြာခဏ ခွဲခွာရပါတယ်။ ခေတ်ကာလကလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးနဲ့ ကျောင်းတွေ မကြာမကြာ ပိတ်လေ့ ရှိတာမို့ ချစ်သူနှစ်ဦး ဝေးကွာခွဲခွာ နေရချိန်က ပိုများပါတယ်။

ချစ်သူနဲ့ ဝေးနေတဲ့အချိန် ခံစားရတဲ့ အတွေးလေးတွေကို “နှစ်ကိုယ်တူဝေးတဲ့ အချိန်လေးများရယ် မဖြေနိုင်အလွမ်းက ငြိတွယ်ဆဲ” ဆိုပြီး စကားလုံး စာသားတွေ အကြမ်းချရေးထားခဲ့ပါတယ်။ အဲဒီ စာကြမ်းလေးကို ညီညီသွင်က ခုနစ်မိုင်၊ ပြည်လမ်း၊ သူ့အိမ်ခန်းလေးထဲမှာ အတူရှိစဉ် တွေ့သွားပြီး သံစဉ်ထည့်ကာ သီချင်း စတည်မိ ခဲ့ကြပါတယ်။ သံစဉ်ရှာ ရင်း တချို့စကားလုံးတွေ သံစဉ်နဲ့ ထောင့်နေရင် သူကိုယ်တိုင် စကားလုံးတွေ ရွေးချယ်ပြီး  ဝင်ဖြည့်ပါတယ်။

“အကြင်နာစိတ် အတွက် မျက်ရည်ဝဲ”ဆိုတဲ့ စာကြောင်းလေးနဲ့ “ကန္တာနွေခရီး” ကို “နွေကန္တာခရီး” လို့ လျောလျောရဲရဲ ဖြစ်သွားအောင် ပြင်ဆင်ဖြည့်စွက်ပေးခဲ့တာလည်း ညီညီသွင်ပါပဲ။

ကျနော် ရေးထားတဲ့ စာကြမ်းလေးက သံစဉ်ထည့်က Verse တပိုဒ်ပဲ ရတာမို့ သီချင်းက တပိုင်းတစနဲ့ ရပ်သွားရ ပါတယ်။ တိုက်ဆိုင်စွာ အကြောင်းတခုနဲ့ ကျောင်းက ပိတ်လိုက်တာမို့ တောင်ကြီး အိမ်ပြန်ချိန်မှာ သီချင်းလေးက ကျနော်နဲ့အတူ ပါသွားခဲ့ပါတယ်။ တောင်ကြီးမှာ ရှိနေချိန် သီချင်းလေးကို ဆက်ရေးချင်တဲ့ အာသီသက အမြဲရှိနေခဲ့လို့ ဂစ်တာနဲ့ မကြာခဏ ဆိုတီးပြီး ရှေ့ဆက်ဖို့ အမြဲကြိုးစားခဲ့ပါတယ်။

မမျှော်လင့်ဘဲ တနေ့မှာ ကျနော်ကြိုက်တဲ့ Simon and Garfunkel နှစ်ယောက်တွဲ ထဲက Art Garfunkel ရဲ့ Single Album သီချင်းတပုဒ်ကို နားထောင်မိပြီး သီချင်းကို ဆက်ဖို့ ကျနော် အတွေးရသွားကာ Chorus ကို ဆက်ဖန်တီးလို့ အကြမ်းဖျင်း အဆုံးသတ်ခဲ့ပါတယ်။

ဆုံနိုင်ခွင့်
V: နှစ်ကိုယ်တူဝေးတဲ့ အချိန်လေးများရယ်
မဖြေနိုင် အလွမ်းကငြိတွယ်ဆဲ
သိပ်မြတ်နိုးတဲ့ နှောင်ကြိုးလေးအတွက်
ဖြေသိမ့်စရာလည်း မတွေ့နိုင်
နွံအိပ်မက်ထဲ ကျွံနစ်ဆဲပဲ
အကြင်နာစိတ်အတွက် မျက်ရည်ဝဲ
နွေကန္တာခရီး ဘယ်အထိဆက်ပြီး
သွားရမှာလဲ …ကျွမ်းလုပြီအသည်း …။
CHO: [ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့
မဆုံးအောင်ပဲ . . .]၂
ဆန္ဒလေးသိမ်ငယ်
တို့ဆုတောင်းလေးများ ဘယ်မှာပြည့်မလဲကွယ်
ရင်မောစွာ မင်းမေ့သွားမှာကိုစိုးတယ် …
နောက်ဆုံးမှာ မင်းမေ့သွားမှာကိုစိုးတယ် …

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

သီချင်းကို တောင်ကြီးအိမ်မှာ ကျနော် ဆက်ရေးနေတုန်း ကိုငှက် (ထူးအိမ်သင်) နဲ့ ကိုမြင့်မိုးအောင်တို့ရဲ့ သူငယ်ချင်း ထက်နိုင်ကျော် ဆိုတဲ့ ပုသိမ်က လူငယ်လေးက သူ့အဖေ တာဝန်ကျရာ တောင်ကြီးကို ရောက်နေပါတယ်။ သူက ဂီတဝါသနာ ပါသူမို့ ကျနော့်အိမ်ကို မကြာခဏ အလည်လာလေ့ရှိတော့ အဲဒီသီချင်းလေးကို ဆိုရေးတီးနေတာ တွေ့သွားပြီး ကြိုက်သွားပါတယ်။

ထက်နိုင်ကျော်က သီချင်းလေးကို သူစီစဉ်နေတဲ့ တေးစီးရီးထဲမှာ ထည့်သွင်းချင်ကြောင်း ကျနော့်ကို ပြောပါတယ်။ သီချင်းက ကျနော်တယောက်တည်း ရေးတာ မဟုတ်ကြောင်း ညီညီသွင်နဲ့ တွဲရေးထားတာ ဖြစ်ပြီး ညီညီသွင်ကိုလည်း ပြန်ပြရဦးမှာ ဖြစ်တဲ့ အကြောင်း ပြောပြရပါတယ်။

ရန်ကုန်ပြန်ရောက်ချိန် ညီညီသွင်ကို ကျနော် ဆက်ရေးထားတဲ့ သီချင်းလေးကို ဆိုတီးပြတော့ သူ တော်တော် သဘော ကျသွားပေမယ့် “မင်း Chrous အဆုံးသတ် Melody လေး သိပ်မကြိုက်သေးဘူး နည်းနည်း ပြင်ဦးကွာ” ဆိုပြီး သူပြင် ရေးလိုက်တော့မှ သီချင်းက အတော်ဟုတ်သွား ပြီး အချောသတ် သွားခဲ့ရပါတယ်။

ထက်နိုင်ကျော်က သူ့ရဲ့ ပထမဆုံး တေးစီးရီး “အားလုံးထက် အချစ်ကိုလိုတယ်” ဆိုတဲ့ အထဲမှာ သီချင်းလေးကို ထည့်သုံးခဲ့ပါတယ်။ သီချင်းခေါင်းစဉ်က အဲဒီတုန်းက ကျနော်ပေးထားတဲ့ “မဝံ့မရဲ” ဆိုတဲ့ နာမည်နဲ့ပါ။ နိုင်ငံရေး အခြေ အနေတွေ မတည်ငြိမ်တာကြောင့် ထက်နိုင်ကျော်ရဲ့ တေးစီးရီးဟာ လူသိပ် မသိလိုက်ဘဲ ဖြစ်သွားရသလို ကျနော်တို့ ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေးကလည်း မထင်မရှား တိမ်မြုပ်သွားသလို ဖြစ်ခဲ့ရပါတယ်။

ဆယ်စုနှစ် တခုနီးပါး ကြာချိန် ၁၉၉၉ ပတ်ဝန်းကျင်မှာတော့ သီချင်းလေးကို Title “ဆုံနိုင်ခွင့်” လို့ ညီညီသွင်က ပြောင်းပေးပြီး အဲလက်(စ်)နဲ့ ထွန်း အိန္ဒြာဗို သီဆိုဖို့ ပြန်လည်ပေးခဲ့ပါတယ်။ သီချင်းပုံစံကို အဲလက်(စ်) က Lazy Club တီးဝိုင်းနဲ့ Duet ပုံစံပြောင်းပြီး Arrange ပုံစံကိုလည်း ပြန်လည် ဆန်းသစ်ခဲ့ပါတယ်။ Album Title ကိုလည်း “ဆုံ နိုင်ခွင့်” လို့ ပေးခဲ့တာကြောင့် လူသိများ ထင်ရှားတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့ရပါတယ်။

“ဆုံနိုင်ခွင့်” သီချင်း လေးဟာ ကျနော်တို့နှစ်ယောက် နုပျိုစဉ်ကာလက ရေးဖွဲ့တဲ့ သီချင်းလေးဖြစ်ပေမယ့် အချိန် အတိုင်းအတာ တခုရောက်မှ ပြန်လည် ထုတ်ဖော်ပြသ နိုင်ခဲ့လို့ ကျော်ကြားတဲ့ သီချင်းလေး ဖြစ်ခဲ့ရပါတယ်။ ဒီအတွက် ညီညီသွင်နဲ့ အဲလက်(စ်) တို့ကို အထူးကျေးဇူး တင်ရမှာပါ။

သီချင်း စရေးတဲ့ အချိန် သံစဉ် စတည်ဆောက် ကတည်းက Pop  သီချင်းအေးအေးလေး ဖြစ်ပေမယ့် ညီညီသွင်က Chord အသွားအလာတွေမှာ Majar 7, Minor 7 အစရှိတဲ့ Chord တွေကို ဂရုတစိုက်နဲ့ ထည့်သုံးသွားတာ တွေ့ရ ပါတယ်။ ဒါကြောင့် သီချင်းရဲ့ Melody နဲ့ သီချင်းရဲ့ Composition ကို အားကောင်း ခိုင်မာစေခဲ့ပါတယ်။ သီချင်း စာသားကို ကျနော်တို့ ရေးဖွဲ့ရာမှာလည်း သွယ်ဝိုက်တဲ့ တင်စားဖွဲ့ဆိုမှု မျိုးတွေ မပါဘဲ လူတိုင်းနားလည် ထိရှလွယ်တဲ့ စကားလုံးတွေနဲ့ ရွေးချယ်ဖွဲ့ဆို ခဲ့တာမို့ အားလုံးလက်ခံတဲ့ အောင်မြင်တဲ့ သီချင်းလေးတပုဒ် ဖြစ်ခဲ့ရပါတယ်။

အခု အချိန်မှာတော့  ဟိုတုန်းကလို  ချစ်သူနဲ့ “ဆုံနိုင်ခွင့်” မျိုး မရလိုတော့ ပေမယ့် နှစ်ပေါင်း ငါးဆယ်ကျော် ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူတွေ အလိုလား အတောင့်တဆုံး အနာဂတ် နိုင်ငံ့ခေါင်း ဆောင်ကောင်းတဦးနဲ့ “ဆုံနိုင်ခွင့်” ကိုတော့ ကျနော် မျှော်လင့်မိချင်ပါသေးတယ်။     ။

Your Thoughts …
Tags: ArtEntertainment
ညီညီစံ

ညီညီစံ

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10.1k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.5k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
မွန်းတည့်နေဂျာနယ်, ယူနတီ, ကိုပါကြီး, အစိုးရ, စစ်တပ် , တပ်မတော်, မီဒီယာလွတ်လပ်ခွင့် , သတင်းမီဒီယာ

မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူနှင့် သတင်းသမားများ၏ အယူခံ ခရိုင်တရားရုံး ပယ်ချ

အမေရိကန်, ဒဲရက် မစ်ချယ်, အိုဘားမား, ကချင်ပြည်နယ်, KIO

အမေရိကန် သံအမတ်ကြီး ကချင်ပြည်နယ်သို့ ၃ ကြိမ်မြောက် သွားရောက်လေ့လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved