• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူနှင့် သတင်းသမားများ၏ အယူခံ ခရိုင်တရားရုံး ပယ်ချ

by နန်းဆိုင်နွမ်
29 October 2014
in သတင်း
A A
မွန်းတည့်နေဂျာနယ်, ယူနတီ, ကိုပါကြီး, အစိုးရ, စစ်တပ် , တပ်မတော်, မီဒီယာလွတ်လပ်ခွင့် , သတင်းမီဒီယာ

Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၊ သတင်းသမားများကို သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

1.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး၊ အယ်ဒီတာ ၂ ဦးနှင့် သတင်းထောက် ၁ ဦး တို့က ချမှတ်ခံလိုက်ရသော ပြစ်ဒဏ်များနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် အယူခံလွှာ တင်သွင်းခဲ့ရာ ခရိုင်တရားရုံးက အဆိုပါ အယူခံလွှာကို လက်မခံဘဲ ပယ်ချ လိုက်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ဝေသော Bi မွန်းတည့်နေဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက ရွေးချယ်တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုသော သတင်းကို ဂျာနယ်မျက်နှာဖုံးတွင် အကျယ်တဝင့်ဖော်ပြခဲ့ရာ အာဏာပိုင်များက Bi မွန်းတည့်နေ ဂျာနယ် ထုတ် ဝေ သူနှင့် သတင်းသမားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲဆို၍ ထောင်ဒဏ် ၂ နှစ်စီချမှတ် ခဲ့သည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် မွန်းတည့်နေဂျာနယ်၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက  အနောက်ပိုင်း ခရိုင် တရားရုံးသို့ သွားရောက်၍ ပြစ်ဒဏ်ကျသတင်းသမားများအတွက် အယူခံလွှာ တင်သွင်းခဲ့ရာ တရားရုံးက နာရီပိုင်းအတွင်း အယူခံလွှာ လက်မခံဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့  အယူခံလွှာရေးပြီး အနောက်ပိုင်း ခရိုင်တရားရုံးကို တင်လိုက်တယ်။ အယူခံလွှာပယ်ချခံလိုက်ရတယ်။ နောက် ထပ် အယူခံလွှာတင်ဖို့က မိသားစုဝင်တွေကို မေးပြီး ဆက်လုပ်သွားမှာပါ။ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှဘူးဆိုတာ တင်ပြပါ တယ်။ ဒီထက်မြင့်တဲ့ တရားရုံးသွားလို့ရတယ်။ တရားလွှတ်တော်ထဲ ဝင်လို့ရပါတယ်” ဟု မွန်းတည့်နေဂျာနယ်၏ တရား လွှတ် တော် ရှေ့နေ ဦးကျော်ဝင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူများမှာ Bi မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ ဦးယဉ်မင်းထွန်းနှင့် ဦးကျော်မင်းခိုင်၊ အယ်ဒီတာ ဦးဝင်းတင်၊ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် (အောင်သန့်-ကျိုက်ကော်) နှင့် သတင်းထောက် ကျော်ဇောဟိန်း (မင်းဝဿန်) တို့ဖြစ်သည်။

သတင်းထောက် ကျော်ဇောဟိန်း (မင်းဝဿန်) ၏ ဖခင် ဦးခင်အောင် က “ ဘာကြောင့် အယူခံကို ဖယ်ချလိုက်လဲ ဆိုတာ ကို သေချာတော့မသိသေးဘူး။ စုံစမ်းနေတုန်းပါ။ ပြီးတော့ ၅ယောက်တွဲအမှုဆိုတော့ အားလုံးရဲ့ ဆန္ဒကို မေးပြီး ဆက်လုပ် သွားမှာပါ” ဟု ဧရာဝတီသို့ပြောသည်။

သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်တို့နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေလင့်ကစား စစ်တပ်လက်နက်စက်ရုံအကြောင်းရေးသားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံထား ရသော ယူနတီသတင်းသမားများကိစ္စ၊ မွန်းတည့်နေဂျာနယ်မှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသော မွန်းတည့်နေ ဂျာနယ် မှ သတင်းသမားများ ကိစ္စနှင့်ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် သတင်းသမားများ ထောင်ချ ဖမ်ဆီးခံနေရုံမျှမက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင်  အလွတ် သတင်း ထောက် တဦးဖြစ်သူ ကိုပါကြီး စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်က စုံစမ်းဖော်ထုတ်ပေးရန် လူမှုအဖွဲ့အစည်းများက တောင်းဆို လျက်ရှိသည်။

Your Thoughts …
Tags: MediaRule of Law
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.4k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

Next Post
အမေရိကန်, ဒဲရက် မစ်ချယ်, အိုဘားမား, ကချင်ပြည်နယ်, KIO

အမေရိကန် သံအမတ်ကြီး ကချင်ပြည်နယ်သို့ ၃ ကြိမ်မြောက် သွားရောက်လေ့လာ

Lesbian, Gay, Bisexual, Transgender, LGBT, လိင်တူချစ်သူ, မိန်းမလျာ,

နိုင်ငံတိုးတက်ရေးမှာ တတ်နိုင်သလောက် ပါဝင်ချင်ပါတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved