• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ချစ်ပြုံးစီခြယ်ခဲ့တဲ့ စိုးလွင်လွင်

by ညီညီစံ
3 January 2015
in Culture
A A
ခိုင်ထူး, စိုးလွင်လွင်, ချစ်ပြုံးစီခြယ်, Bass ခင်မောင်သန်း, Iron Cross Band, Symphony Band,

အဆိုတော် စိုးလွင်လွင်

14.8k
VIEWS
Share on FacebookShare on Twitter

နံနက်ခင်းတခုမှာ ရောင်းရင်းကြီး တေးရေး ညီညီသွင် ကျနော့်ထံ ဖုန်းဆက်လာပါတယ်။ ပိုပိုကြီး (စိုးလွင်လွင်) အမှတ်တရ Show ပွဲတခု မဖြူ (စိုးလွင်လွင်ဇနီး) စီစဉ်မှာမို့ တိုင်ပင်ဖို့ အတွက် ကျနော့်ကို ဆုံဖို့ ချိန်းဆိုခြင်း ဖြစ်ပါ တယ်။ ညီညီသွင် ပြောမှပဲ စိုးလွင်လွင် ကွယ်လွန်ခဲ့တာ ဆယ်စုနှစ် နီးပါး ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ကျနော် သတိထားမိ ပါတော့တယ်။ စိတ်ထဲမှာတော့ မနေ့ တနေ့ကလိုပါပဲ။ စိုးလွင်လွင်နဲ့ ပတ်သက်တဲ့ အမှတ်တရ အပိုင်းအစ တွေဟာလည်း ကျနော့်အတွေးထဲ အစီအရီ ပေါ်လာပါတော့တယ်။

စိုးလွင်လွင်ကို ညီညီသွင်နဲ့ ပတ်သက်ပြီး ရင်နှီး ကျွမ်းဝင်ခဲ့ရ ပေမယ့် သူ့ရဲ့အဆိုတော် တယောက်လို ဟိတ်ဟန် မရှိတဲ့ အနေအထိုင် ရိုးစင်းမှုတွေကြောင့် အချိန်တိုလေး အတွင်းမှာပဲ ငယ်ပေါင်းကြီးဖော် တွေလို ဖြစ်သွားခဲ့ရပါတယ်။ ကိုယ်ပိုင်သံစဉ် ရေစီးကြောင်း စတင်ကတည်းက တစိုက်မတ်မတ် မယိမ်းမယိုင် ပါဝင်လာတဲ့ စိုးလွင်လွင်ဟာ ကျနော်နဲ့ တွေ့ချိန်မှာ အောင်မြင်မှု အတော်ရနေပါပြီ။

အနုပညာကို အလေးအနက် တန်ဖိုးထားတတ်သလို အနုပညာသမား ပီသစွာ နေထိုင်ကျင့်ကြံသူတွေ ထဲမှာ စိုးလွင်လွင်ကို ချန်ထားလို့ မရပါဘူး။ ရန်ကင်းက သူ့တိုက်ခန်းလေးမှာ ကျနော်နဲ့ ညီညီသွင်ကို အခန်းတခန်း သီးသန့် ပေးထားပြီး သီချင်းတွေ စိတ်ကြိုက် ဖန်တီးခွင့် ပေးတာကို ကြည့်ခြင်း အားဖြင့် လွတ်လပ်တဲ့ အနုပညာ ဖန်တီးမှုကို ခုံမင်သူ တဦးလည်း ဖြစ်ပါတယ်။ ဂီတ အနုပညာကို တန်ဖိုးထားတဲ့ စိတ်၊ ဂီတအနုပညာ သမားတွေကို ယုံကြည် လေးစားတတ်တဲ့ စိတ်ကိုလည်း သူနဲ့ ရင်းနှီးပြီး မကြာခင်မှာပဲ ကျနော် သိရှိခွင့် ရခဲ့ပါတယ်။

၁၉၈၈ အရေးအခင်းပြီး ကာလတခုက ဖြစ်ပါတယ်။ သူ့ရဲ့ (မာနမျက်နှာ) တေးစီးရီးထွက်ပြီး ကျနော်နဲ့ ညီညီသွင် သူ့တိုက်ခန်းလေးမှာ သောင်တင် နေချိန်ပေါ့။ တရက်မှာ စိုးလွင်လွင်ဆီကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူ တချို့ ရောက်လာပြီး မန္တလေးနန်းတွင်းမှာလပြုလုပ်မယ့် Show တခု အတွက် ဖျော်ဖြေပေးဖို့ လာရောက် ဆက်သွယ်ပါ တယ်။ (အဲဒီတုန်းက တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည် တာဝန်ယူချိန်ပါ။)

စိုးလွင်လွင်က တာဝန်ရှိသူတွေ ပြောဆိုဆွေးနွေးတာကို အားလုံးနားထောင်ပြီး တခွန်းပဲ ပြန်မေးပါတယ်။ “ဘယ် Band ဖျော် ဖြေရမှာလဲ။ Band အဆင်မပြေရင် ကျနော် မဆိုဘူး” တာဝန်ရှိပုဂ္ဂိုလ်က စိုးရိမ်တဲ့မျက်နှာ နဲ့ “Symphony Band နဲ့ပါ” လို့ပြော လိုက်တော့ စိုးလွင်လွင်မျက်နှာ ဝင်းလက် သွားပြီး “ဒါ ဆရာဘွဲ့ Band ပဲ၊ ကျနော်ဆိုမယ်” လို့ ချက်ချင်း အဖြေ ပေးလိုက်ပါတယ်။

သူ ချစ်ခင်လေးစား ယုံကြည်ရတဲ့ ဆရာ စောဘွဲ့မှူး ဦးစီးတဲ့ Band နဲ့မို့ ဖျော်ဖြေဖို့ လက်ခံလိုက်ခြင်း ဖြစ်ကြောင်း ကျနော် သဘောပေါက် နားလည်ခဲ့ရပါတယ်။ ဆရာ စောဘွဲ့မှူးက Iron Cross Band မထူထောင်ခင် Symphony Band ကိုအရင်ဖွဲ့ခဲ့ပါတယ်။

ဖြစ်ချင်တော့ ဒီ Show ပွဲကို စိုးလွင်လွင်က “ညီစံ အတွေ့အကြုံ ရအောင် လိုက်ခဲ့ပါကွာ” ဆိုပြီး အတင်းခေါ် တာကြောင့် သူနဲ့အတူ မန္တလေးကို အမြန်ရထားကြီးနဲ့ ချီတက်ခဲ့ကြပါတယ်။ အထူးတန်း သီးသန့်တွဲပေါ်မှာ  Symphony အဖွဲ့သားတွေနဲ့ အတူတူ တပျော်တပါး ကျနော်တို့ ခရီးထွက်ခဲ့တာ အခုထိ သတိရနေပါသေးတယ်။

ကျနော်တို့ မျက်နှာချင်းဆိုင်မှာ Bass ကိုခင်မောင်သန့် (ယခု Iron Cross Band) တို့ ကြင်စဦး ဇနီးမောင်နှံ ပါ။ ကိုခင်မောင်သန့်က တလမ်းလုံး ရယ်စရာတွေ ပြောလိုက်၊ ဆရာဘွဲ့က ဟာသတွေ လုပ်လိုက်နဲ့ မန္တလေး ခရီးစဉ်ဟာ ပျော်စရာ ကောင်းလှပါတယ်။

မန္တလေး ရောက်တော့ နန်းတွင်း တပ်ထဲက တည်းခိုဆောင်တွေမှာ ဖျော်ဖြေရေး အဖွဲ့သားတွေကို နေရာချထား ပေးပါတယ်။ ကျနော်တို့ နှစ်ယောက်နဲ့ အတူ နှစ်ထပ် တည်းခိုဆောင်ရဲ့ အပေါ်ထပ်မှာ တခန်းတည်း အတူနေရာကျသူ က အဆိုတော်ကြီး ကိုခိုင်ထူးပါ။

ကိုခိုင်ထူးကို ကျနော် အဲဒီတော့မှ စတင်ရင်းနှီးဖူးတာပါ။ စိုးလွင်လွင်က ကိုခိုင်ထူးကို “ဒါ မာနမျက်နှာသီချင်းရေးတဲ့ ကျနော့် တေးရေးဆရာ ညီညီစံ” ဆိုပြီး မိတ်ဆက်ပေးပါတယ်။ ကိုခိုင်ထူးမှ မဟုတ်ပါဘူး။ ကျနော် မသိသေးတဲ့ ဂီတသမားတွေ အားလုံးကိုလည်း သူ့တေးရေးဆရာပါ ဆိုပြီး ဂရုတစိုက် မိတ်ဆက်ပေးပါတယ်။ တေးရေးသမားတွေ အပေါ် အလေးအနက် တန်ဖိုးထားတတ်တဲ့ စိုးလွင်လွင်ရဲ့ စိတ်ဓာတ်ပါ။

ညဘက် ဖျော်ဖြေရေး စင်မြင့်ရှိရာ ကျုံးမြို့ရိုးဘက်သွားတော့ ကျနော်က သူသီဆိုမယ့် Notes စာရွက်လေးတွေ ကူညီသယ်ကိုင် ပေးမယ် လုပ်တော့လည်း သူက “ညီစံ၊ ခင်ဗျားက တေးရေးဆရာပဲ၊ ကျနော့် Notes စာရွက်တွေ မကိုင်ပေး ပါနဲ့၊ ကျနော့်ဘာသာ သယ်ပါ့မယ်” ဆိုပြီး သူ့ဘာသာသူ ချိုင်းကြားညှပ်လို့ စင်ပေါ်တက် သွားတဲ့ သူပါ။

တည်းခိုဆောင်မှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အခန်းထဲမှာ ခုတင်သုံးလုံးနဲ့ အဆင်ပြေလှ ပေမယ့် ရေချိုးခန်း၊ အိမ်သာ ကတော့ တခန်းတည်း ရှိပါတယ်။ အပြင်ထွက်ဖို့နဲ့ စင်မြင့်ပေါ်သွားခါနီး ရေချိုးခန်း ဝင်ချိန်တိုင်းမှာ စိုးလွင်လွင်က ကိုခိုင်ထူးကို “ကိုခိုင်ထူး အရင်လုပ်ပါ ကျနော် တို့က အရေးမကြီး” ဆိုပြီးအမြဲဦးစား ပေးတတ်ပါတယ်။

ကိုယ့်ထက် စီနီယာကျတဲ့ ကိုခိုင်ထူးရဲ့ ဂီတအတွေ့အကြုံ ပြောစကားတွေကိုလည်း တလေးတစားနဲ့ နာယူတတ် ပါတယ်။ ဂီတသမားတွေ အပေါ်မှာ အမြဲလေးလေးစားစား ဆက်ဆံတတ်တဲ့ စိုးလွင်လွင်ရဲ့ စိတ်ရင်း စေတနာကို ကျနော် အဲဒီကတည်းက အနီးကပ် အကဲခတ်ခွင့် ရခဲ့ပါတယ်။

သီချင်းတွေ ပေါ်မှာ အလေးအနက် ထားတဲ့ အနုပညာ ခံစားချက်ကိုလည်း ကျနော် ကိုယ်တွေ့ ကြုံသိခဲ့ရပါတယ်။ “မာနမျက်နှာ” တေးစီးရီး ထွက်ပြီး “ချစ်တဲ့ငြိမ်း”၊ “မောင့်မျက်ရည်ဝိုင်း” အစရှိသဖြင့် စိုးလွင်လွင်ရဲ့ အောင်မြင်တဲ့ တေးစီးရီးတွေ ဆက်တိုက် ထွက်ရှိခဲ့ပါတယ်။

စိုးလွင်လွင် တေးစီးရီးတွေဟာ တကိုယ်တော် တေးစီးရီးတွေချည်းပါ။ အတွဲခွေ တခါမှ မဆိုဖူးပါဘူး။ တရက်မှာတော့ သရဖီ တေးသံသွင်းက စီစဉ်သူ ကိုကြည်သိန်းက အဆိုတော်ကြီး ကိုခိုင်ထူးနဲ့ စိုးလွင်လွင်ကို တခြမ်းစီ အတွဲခွေလုပ်ဖို့ စီစဉ်လာပါတယ်။ စိုးလွင်လွင်ကလည်း သူလေးစား ချစ်ခင်တဲ့ ကိုခိုင်ထူးနဲ့ အမှတ်တရ အတွဲခွေ လုပ်ရမှာမို့ စိတ်ဝင်တစားနဲ့ သီချင်းတွေကို ဂရုတစိုက် ပြင်ဆင်ပါတယ်။

ကျနော့်ကို သီချင်းအသစ် တပုဒ် ရေးပေးဖို့ သူကိုယ်တိုင်အပ်တဲ့ အချိန်မှာလည်း “ညီစံ၊ သီချင်းကို ဂရုစိုက်ပါ။ ကိုခိုင်ထူးလို သမ္ဘာကြီးနဲ့ တွဲရမှာမို့” ဆိုပြီး ပြောပါတယ်။ သူ့အတွက် “ပန်းရနံ့လေးမှ တပါး” ဆိုတဲ့ သီချင်းတပုဒ်ကို တေးစီးရီးအတွက် ကျနော်ရေးစပ်ပေးခဲ့ပါတယ်။ “ထားရစ်ခဲ့ နေခဲ့တော့မယ်” အမည်ရ အဲဒီ တေးစီးရီးဟာ ကိုခိုင်ထူးနဲ့ စိုးလွင်လွင် တခြမ်းစီ သီဆိုထားတာပါ။ တေးစီးရီးမှာပါဝင်တဲ့ “ချစ်ပြုံးစီခြယ်” ဆိုတဲ့ သီချင်းလေးကတော့ သူ ရေးဖွဲ့ခဲ့ သမျှ သီချင်းတွေထဲမှာ ကျနော်အကြိုက် ဆုံး တေးသီချင်းပါပဲ။

ချစ်ပြုံးစီခြယ်

V1:       စန်းသော်တာ လမင်းကြီးလို  ဝင်းဝင်းပပထည်

တို့ချစ်သူ ရွှေစင်လေး ရှုမငြီးနိုင်တယ်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မောင့်ရင်ကိုအေးချမ်းစေသူ      ပြုံးပန်းအလှမျက်ခြယ်

သက်နွဲ့တင် ချိုအီမူး ကျော့ဆုံးကေသွယ်

V2:       မရမ်းရောင်ခြယ် သူ့နှုတ်ခမ်းလေးရယ် … နမ်း နမ်း နမ်းချင်စဖွယ်

ပန်းဝတ်ရည်တုံအိမူး ကိုယ်ရူးပြီကွယ်            … နန်းစံသူ မြမျက်ဝန်းရယ် အသည်းစွဲ

နုတ်ထားတယ်

စိမ်းနဲ့နော်ကြင်နာဦး သက်ဆုံးတိုင်မယ်

CHO:     အညှာလွယ်လွယ် တို့အသည်း … နုနုငယ်ငယ်

ကြွေပြီနော် ချိုအသည်း … ပြုံးသူ့သက်လှယ် ရုန်းဘူးနော့် မျက်ခြယ် … ဆုံးခန်းထိအောင် …

V3:       ပိုးချည်မျှင် လွန်းရက်ကန်းတင် … အကွက်လှလှလိမ်းခြယ်

ထားသစ္စာခိုင်စေဦး ရွက်လူးပျိုငယ်

ဘဝပုံကာချစ်ကြစို့ကွယ် … တိုးရစ်ပတ်အချစ်နွယ်

စိမ်းလဲ့ရေကြည်စေဦး … ချစ်ပြုံးစီခြယ်  …။

ချစ်လို့လှတဲ့ ချစ်သူရဲ့ အလှအပနဲ့ သက်ဆုံးတိုင် ချစ်ခင်ကြင်နာမယ့်အကြောင်းကို ဖွဲ့ဆိုထားတာဖြစ် ပေမယ့် စကားလုံး အသုံးအနှုန်းနဲ့ တင်စားဖွဲ့ဆိုမှုတွေဟာ မြန်မာစာပေကို ထဲထဲဝင်ဝင် လေ့လာလိုက်စား သူတဦးဖြစ် ကြောင်း သိသာ ထင်ရှားလှပါတယ်။ သံစဉ်ကလည်း ရှားပါးတဲ့ မြန်မာဟန်ပါတဲ့ Jazz  ပုံစံ ဖြစ်ပါတယ်။ သီချင်းကို  Arrangement လုပ် ပေးသူက လီယိုနာ့ဒ် ကိုမောင်မောင်လွင်ပါ။

အနုပညာကို ချစ်တဲ့စိတ်၊ ဂီတအနုပညာသမား တွေကို လေးစားတဲ့စိတ်၊ သီချင်းတွေကို အလေးအနက် တန်ဖိုးထား တတ်တဲ့ စိတ် ရှိတဲ့ စိုးလွင်လွင် တယောက် ကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာကြာပါစေ သူရှင်သန် စဉ်က ပြုမူ လှုပ်ရှားခဲ့သမျှ ပုံရိပ်တွေကတော့ ကျနော့် နှလုံးသားထဲမှာ ထပ်ဟပ်ကျန်ရစ် နေဆဲပါ။ တကယ်တော့ စိုးလွင်လွင်ဟာ သူချစ်တဲ့ တေးသီချင်းတွေနဲ့ လောကကြီးကို အပြုံးပန်း စီခြယ်ခဲ့သူ မဟုတ်ပါလားခင်ဗျာ။

Your Thoughts …
Tags: ArtEntertainmentMusic
ညီညီစံ

ညီညီစံ

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10.1k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.5k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
ကလေးစိတ်ပညာ, ပညာရေးစနစ်, ကျူရှင်, ဂိုက်, စာကျက်လမ်းညွှန်,

စာကျက်လမ်းညွှန်နဲ့မှ စာကျက်တတ်တဲ့ ကလေးများရဲ့ အနာဂတ်

Streptococcus, လည်ချောင်းနာရောဂါ, ပဋိဇီဝဆေး, Rapid Strep Test,

လည်ချောင်းနာခြင်း အထွေထွေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved