• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပြန်ဆိုတေးကို နားမလည်ဘဲ ဝေဖန်တာ လုံးဝ ဂရုမစိုက်ဘူး”လို့ ပြောတဲ့ အိမ့်ချစ်

by မန်းသူ
1 April 2019
in Entertainment
A A
အဆိုတော် အိမ့်ချစ်  / မန်းသူ / ဧရာဝတီ

အဆိုတော် အိမ့်ချစ် / မန်းသူ / ဧရာဝတီ

7.3k
VIEWS
Share on FacebookShare on Twitter

အဆိုတော် အိမ့်ချစ်ကို ဖခင်ဖြစ်သူ ချစ်ကောင်း၊ မောင်ဖြစ်သူ ဂျူနီယာ ချစ်ကောင်းတို့နဲ့အတူ ဖျော်ဖြေပွဲတချို့မှာတွေ့နေရပြီ ဖြစ်ပါတယ်။ မောင်ဖြစ်သူ ဂျူနီယာချစ်ကောင်းကိုလည်း အနီးကပ်ပံ့ပိုးပေးနေတဲ့ အဆိုတော်အိမ့်ချစ်က မောင်ဖြစ်သူနဲ့ ပတ်သက်လို့ အခုလို ဆိုပါတယ်။

“Vocal သွင်းတဲ့အချိန်တွေဆို လိုက်နားထောင်ပေးတယ်။ မှားနေတဲ့နေရာ လိုက်ပြင်ပေးတယ်။ Vocal Guide လိုပေါ့။ ဘယ်နားလေးမှာတော့ ဘယ်လိုဆို။ ဘယ်အပိုင်းကတော့ အားနည်းနေတယ် စသဖြင့်ပေါ့။ လွှတ်တော့ထားပေးတယ်။ အရမ်းဆိုးရွားမယ့် အခြေအနေမျိုးဆိုရင်တော့ အိမ့်ချစ် လိုက်ထိန်းပေးတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရမ်းလိုက် မပါပါဘူး”လို့ အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။

သားအဖ သုံးယောက်လုံး ပါဝင်သီဆိုဖြစ်ပြီး အမှတ်တရလို ဖြစ်သွားတဲ့ “စတူဒီယိုခေတ်ရဲ့ နှစ် ၄၀ အလွန်သီချင်းများ”တေးစီးရီးနဲ့ ပတ်သက်ပြီးလည်း အိမ့်ချစ်က အခုလိုဆို ပါတယ်။

“အဲဒီအခွေထဲမှာ အိမ့်ချစ်က အန်တီ မေခလာရဲ့ ‘စီနီယာ ၊ ဂျူနီယာ နင်နဲ့ငါ’ ဆိုတဲ့ သီချင်းလေး ဆိုတယ်။ ဖေကြီးနဲ့တွဲပြီး ‘ဂစ်တာကုသိုလ်’ ဆိုတဲ့ သီချင်းလေး ဆိုထားတယ်။ မောင်လေးကတော့ ‘ကျနော်နဲ့ မကြည်အောင်’ ဆိုတဲ့ သီချင်းလေး ဆိုထားတယ်။ သားအဖသုံးယောက် အတူတူပါတဲ့ အခွေပေါ့။ အိမ့်ချစ်နဲ့ ကတော့ အဖေနဲ့ စုံတွဲ ဆိုတယ်။ မောင်လေးကတော့ တယောက်တည်း ဆိုထားတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ဟိုးတုန်းက သီချင်းလေးတွေနဲ့ ပြန်ဆိုတေးပေါ့။ လှိုင်းတေးသံသွင်းက ထုတ်တာ။ ချစ်ငယ် သီချင်းလေးက နည်းနည်းခက်တယ်။ ဘားကြိုးတွေ ဆိုရတယ်။ အဲဒီတော့ ဒီဘက် Electronic Music ဘက်ကိုရောက်အောင် ပြန်ဆွဲပြီးတော့ ကိုနိုင်ဇော်တို့နဲ့ တိုင်ပင်ပြီးလုပ်ခဲ့ရတယ်။ သီချင်းတွေကလေ အရမ်းကြီးတော့ မစိမ်းဘူး။ အိမ့်ချစ်မှာ တခုကောင်းတယ်။ အိမ့်ချစ်က သီချင်းဟောင်းတွေ အရမ်းနားထောင်ခဲ့တော့ တော်ရုံတန်ရုံ အိမ့်ချစ် မသိတဲ့ သီချင်းဆိုတာက ရှားတယ်”လို့ အိမ့်ချစ်က ဆိုပါတယ်။

“ဒီသီချင်းတွေလည်း အိမ့်ချစ်အားလုံး နားထောင်ဖူးလို့ သိပြီးသားပေါ့။ မောင်လေးအတွက် သီချင်းဆိုရင် အိမ့်ချစ် ကိုယ်တိုင် ထောက်ခံပြီး ဆိုခိုင်းလိုက်တာ။ အိမ့်ချစ် အရမ်းကြိုက်တဲ့ သီချင်းလေး။ ဒါပေမဲ့ ‘ကျနော်နဲ့ မကြည်အောင်’ ဆိုတော့ ယောက်ကျားလေး ဆိုရမယ့် သီချင်းမို့လို့ သူ့ကိုပဲ ဆိုခိုင်းလိုက်တာ”လို့ အိမ့်ချစ်က ပြောပါတယ်။

ဒီဘက်ခတ်မှာ ပြန်ဆိုတေးဆိုတာကို ပရိသတ်က အရမ်းဝေဖန်မှုများတော့ ဆိုရတဲ့သူမှာ စိုးရိမ်မှုတွေ ရှိနေလား ဆိုတာကိုတော့ အခုလို ဆိုပါတယ်။

“အိမ့်ချစ် ပြောပြချင်တာကလေ။ တကယ်တမ်း ဟောင်ဖွာ၊ ဟောင်ဖွာ လုပ်တဲ့သူတွေကလေ ဒီလို သီချင်းမျိုးတွေ မမှီဘူး သိလား။ ဒါကြောင့် ဒီတခေါက်တော့ သူတို့ သိပ်ပြောလိမ့်မယ် မထင်ဘူး။ ဝေဖန်တဲ့နှုန်းကတော့ ၅၀ ရာခိုင်နှုန်းလျော့ကျသွားလိမ့်မယ်။ အိမ့်ချစ်ရဲ့ အဖေ၊ အမေတွေအရွယ်က ထောက်ပြပြောဆိုရင် အိမ့်ချစ် အမြဲတမ်း နားထောင်တယ်။ အခုက အဲဒီလို မဟုတ်ဘဲ ဟောင်ဖွာ၊ဟောင်ဖွာ လုပ်ပြီးတော့ ‘ကောင်မရယ်၊ မဆိုစမ်းပါနဲ့။ စိတ်ပျက်လိုက်တာ။’ အဲဒါမျိုးတွေ အိမ့်ချစ် လုံးဝ ဂရုမစိုက်ပါဘူး”

“သူတို့သည် ဘာမှ နားမလည်ဘဲ လိုက်ဝေဖန်တာ အိမ့်ချစ် ဂရုမစိုက်ဘူး။ တကယ့်လူကြီးတွေက ဒီသီချင်းကို သမီးဘာကြောင့် ဆိုတာလဲ။ ဒီနေရာမှာ ဘယ်လိုဖြစ်တယ်ဆိုရင် နားထောင်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်လို့တောင် Messenger ကနေ တကူးတက သွားပြောပါတယ်”လို့ အိမ့်ချစ်က ပြောပါတယ်။

အခုလို မိသားစုရေး၊ ဂီတအရေး၊ မောင်ဖြစ်သူတို့ကြောင့် အချစ်ရေးကို မလှည့်နိုင်ဖြစ်နေတာလား ဆိုတာကိုလည်း အိမ့်ချစ်က အခုလို ဆိုပါတယ်။ “အချစ်ရေးဘက်ကို လှည့်ပါတယ်။ ရည်းစားထားတယ်လေ။ ရည်းစားတွေ အများကြီး ရှိတယ်။ စာမျက်နှာပေါ်တင်ရင် ကန်းတက်ကုန်မှာ စိုးလို့ မတင်တာ”လို့ အိမ့်ချစ်က ဆိုပါတယ်။

Your Thoughts …
Tags: ပြန်ဆိုတေးအိ့မ်ချစ်
မန်းသူ

မန်းသူ

Similar Picks:

အဆိုတော် မေလသံစဉ် / May La Thanzin's Facebook

Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
19 December 2020
4.4k

“အခုလို ကိုဗစ်ကာလမှာ အဖွဲ့အစည်းတွေနဲ့ ရိုက်ရတာ သိပ်အဆင်မပြေတော့ အိမ်မှာပဲ နေပြီး ကိုယ့်ဘာသာကိုယ် ရိုက်လို့ ရတာတွေ ရိုက်တယ်။ ဓာတ်ပုံလေးတွေ အိမ်မှာပဲ ရိုက်ဖြစ်တယ်။

၂၀၂၀ အတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၂၀ ကိုဗစ်ကာလအတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

by ယုဖြူဟန်
31 December 2020
18.1k

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ နှစ်ဦးကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နှစ်ဖက်မိဘများရှေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုတော် မေလသံစဉ် / May Melody's Facebook

Live Sale တွေ မလုပ်ဖြစ်တော့တဲ့ အဆိုတော် မေလသံစဉ်

by ယုဖြူဟန်
25 January 2021
12k

Live Sale တွေ မလုပ်ဖြစ်ပေမယ့် ကြော်ငြာတွေနဲ့ ကြော်ငြာသီချင်း အပ်ထားတာတွေကို ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း

by ယုဖြူဟန်
24 June 2019
62.6k

တကယ်တမ်းပြောရရင် ကျမတို့က အဆိုတော်တွေဖြစ်ကြပေမယ့် ကျမတို့ခေတ်တုန်းက ပြန်ဆိုတေးတွေနဲ့ အဆိုတော်လုပ်ခဲ့ကြရတယ်လေ။

ဂီတပညာရှင် ဦးပက်ထရစ်  / ယုဖြူဟန် / ဧရာဝတီ

“ပြန်ဆိုတေးတွေ ဆိုတဲ့အခါ မူရင်းသီချင်းကို မလေ့လာကြဘူး”

by ယုဖြူဟန်
21 December 2018
12.2k

“သီချင်းတွေကတော့ ဒီလိုပါပဲ။ ဂီတရေစီးကြောင်းကလည်း တချိန်လုံးပြောင်းနေတာပဲဆိုတော့ ဒီလိုပဲပြန်ဆိုကြမှာပါပဲ။ ပြန်ဆိုမယ့်သူတွေအနေနဲ့ သတိထားရမှာပဲ ရှိပါတယ်။

အဆိုတော် အိမ့်ချစ်ရဲ့ Emily တံဆိပ် အကျၤီ / အိမ့်ချစ် ဖေ့စ်ဘုတ်

အိမ့်ချစ်ရဲ့ Emily တံဆိပ်အင်္ကျီများ တောင်းဆိုမှုများလို့ ထပ်ထုတ်သွားမည်

by ယုဖြူဟန်
16 February 2017
19.8k

အဲဒီ ဝေဖန်မှုတွေကို မသိတဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။ ဒါက နာမည်ကြီးနေတဲ့ကိစ္စမဟုတ်တဲ့အတွက် နောက်ထပ်လည်း အဲ့ဒါကိုဘဲ ထပ်ထုတ်ပါမယ်။ တောင်းဆိုမှုအရမ်းများနေလို့ပါ

Next Post
နာမည်ကျော် Kpop အဖွဲ့ Big Bang မှအဖွဲ့ဝင်ဟောင်း Seungri

ပြည့်တန်ဆာ ဝန်ဆောင်မှုကို Seungri ဆောင်ရွက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

အဲဒီ ဟမ်ဘာကာမှာ အသားလုံးဝ ပါဝင်မှု မရှိဘဲ သခွားသီး ချဉ်ဖတ်တွေကို ညှပ်ထားတဲ့ ပုံစံနဲ့ ပြုလုပ်ထားပါတယ်

ဟမ်ဘာကာ ကြိုက်တဲ့ ပရိသတ်တွေကို April Fool လုပ်လိုက်တဲ့ McDonald’s

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved