• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်းမှ အနုပညာရှင်များရဲ့ စကားသံများ

by ချစ်ပိုး
22 April 2019
in Entertainment
A A
“ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်း  / ထက်ဝေ / ဧရာဝတီ

“ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်း / ထက်ဝေ / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်တန့်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်တဲ့ “ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်း ဆွေးနွေးပွဲကို ဧပြီလ ၂၀ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသု၊ အောင်ထက်တို့နှင့်အတူ အသိပညာရှင် ၊ အတတ်ပညာရှင်များကလည်း ကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့ သရုပ်ဆောင်များရဲ့ စကားသံများကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
580
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
484
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
991

သရုပ်ဆောင် ဒေါင်း

“ကျနော်တို့ ချစ်မြတ်နိုးတာတွေ အမြဲဆုံးရှုံးခဲ့ကြပါတယ်။ အဲ့လိုပဲ အခုလည်း ဧရာဝတီကို ကျနော်အပါအဝင် ကျနော်တို့ ပြည်သူတွေ ဆုံးရှုံးရမှာကို ကြောက်မှာပါ။ အခုမြစ်ဆုံမှာ ခံစားရသလောက်တွေ့ရတဲ့အချက်က ကျနော်တို့ အားလုံး ညီညွတ်ကြပါတယ်။ ကျနော်တို့ ပြည်သူတွေမှာ အယူဝါဒ ကွဲပြားမှုတွေ ရှိတယ်။ တိုင်းရင်းသားရေးတွေ နိုင်ငံရေးပါတီတွေ အခြားယူဝါဒကွဲပြားမှုတွေအများကြီး ရှိတယ်။ ဒါပေမဲ့ မြစ်ဆုံမှာတော့ တူညီတဲ့ စည်းလုံးခြင်း ရှိတယ်”

“အဲ့ဒါက အရမ်းကိုကြည်နူးစရာကောင်းတဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ခံစားချက် တခုပါ။ ကျနော်တို့ မြစ်ဆုံမှာ အများကြီး မျှော်လင့်ချက်ထားတယ်။ အဲ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရင် ဘာဖြစ်မှာလည်း ကျနော် မတွေးရဲဘူး။ ကျနော်က အနုပညာသမားတယောက်၊ သရုပ်ဆောင် တယောက်။ သရုပ်ဆောင်တယောက်က ပြည်သူတွေနဲ့ အလုပ်လုပ်နေတာ ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ ရပ်တည်ရှင်သန်နေတာ။ အနုပညာသမားတယောက်အနေနဲ့ ရပ်တည်ရှင်သန်နေတယ် ဆိုကလည်း ပြည်သူတွေရဲ့ ခံစားချက်တွေသိမှရပ်တည်ရှင်သန်လို့ရတာ။ ပြည်သူတွေဆီက တဒေါ်လာ ကောက်တာလည်း ဘာမှလုပ်ချင်လို့ မဟုတ်ဘူး။ ပြည်သူတွေက လက်မခံဘူးဆိုတာကို အကောင်းဆုံး နည်းလမ်းနဲ့ ဖော်ပြတာပါ”

“အဲ့ဒါ သမိုင်းတခုရေးထိုးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကြောင်းအရာ တခု ဖြစ်ကောင်း ဖြစ်မယ်။ အဲ့ထက် ထိရောက်တာ မရှိဘူး။ သမိုင်းအခွင့်အရေးကို ကျနော်တို့မရေးထိုးရင် ကျနော်တို့ ညံ့လို့ပဲ။ ကျနော်တို့ ဆွဲမခေါ်ချင်ဘူး။ ဆွဲခေါ်တယ်ဆိုတာ အတင်းအကျပ် လုပ်ရာရောက်တယ်။ အားလုံ းနှလုံးသားထဲမှာ ရှိတယ်လို့ ယုံကြည် ပြီးသား”လို့ သရုပ်ဆောင်ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု

“ကျမ အသက် ၂၁ နှစ်တုန်းက တဦးသော အစ်မကို ဆုံးရှုံးခဲ့ဖူးတယ်။ အဲ့ထဲက ဘဝနဲ့ ပတ်သက်ပြီး အမြင်တွေ ပြောင်းလဲလာခဲ့တယ်။ ဘဝဆိုတာ တိုတိုလေး အဲ့တော့ နေခွင့်ရတဲ့ အချိန်လေးမှာ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေကို ချစ်တတ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်တွေကိုလည်း တန်ဖိုးထားတတ်လာခဲ့တယ်”

“အခု အိမ်ထောင်ကျပြီးချိန်မှာ တချိန်ချိန်ကျရင် ကျမသားသမီးလေးတွေ ရလာမယ်။ နောက်နှစ်တွေ အများကြီး ကြာတဲ့အခါမှာလည်း မြေးလေးတွေလည်းရလာမှာပေါ့နော်။ ကိုယ်ချစ်တဲ့ သားသမီးတွေ မြေးလေးတွေကို မြန်မာ ပြည်ကြီးကဘယ်လောက်ချစ်ခင်ဖို့ကောင်းလဲ၊ ဧရာဝတီမြစ်ကြီးက ဘယ်လောက်လှလဲ၊ ဧရာဝတီမြစ်ကြီးက ပြည်သူပြည်သားတွေ အသက်မွေးဖို့ ဘယ်လိုကူညီပေးနိုင်လဲ။ မြစ်ဆုံဆိုတာဘယ်လောက်လှလဲ၊ မြန်မာပြည်မှာ တောအုပ်တွေ တောင်တန်းတွေက ဘယ်လောက်လှလဲဆိုတာကို ညအိပ်ရာဝင်ပုံပြင်တခုကို ကလေးတွေကို မပြောပြချင်ပါဘူး”

“ဧရာဝတီမြစ်ကြီးဆီကို ခေါ်ပြပြီး တွေ့လားဘယ်လောက်လှလဲ ဆိုတာကိုသူတို့ လက်လေးတွေ ဆွဲခေါ်ပြီးသွားပြချင်ပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ထဲမှာလည်း ကျမလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ အဲ့အတွက် ကျမတို့ ချစ်တဲ့ ဧရာဝတီကြီးကို ရွေးယူခွင့် ရချင်ပါတယ်”လို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အဆိုတော် အောင်ထက်

“ကျနော်တို့ ခံစားချက်တွေ ပါဝင်ဆွေနွေးပေးပါဆိုလို့ ပါဝင်ဆွေးနွေးတာပါ။ ဒီစီမံကိန်းသာဖြစ်သွားရင် ကျနော့်မှာ စိုးရိမ်မိတာ အများကြီးရှိပါတယ်။ ကျနော်တို့က အလှအပတရားတွေကို ခံစားကြတယ်။ အလှအပတွေ အားလုံး ပျောက်ဆုံးသွားမှာကို ကြောက်ပါတယ်။ ဧရာဝတီကို မှီခိုနေတဲ့ သူတွေအတွက် မြစ်ရေ မရှိရင် ဒုက္ခရောက်ကြလိမ့်မယ်”

“ဧရာဝတီကို မှီခိုနေကြတဲ့ သူအားလုံးလည်း ဧရာဝတီကြီးမှ မရှိတော့ဘူးဆိုရင် ပူပန်စရာတွေကတော့ အများကြီးပါပဲ။ ကျနော်တို့ ဧရာဝတီနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်မိပါတယ်။ အဲ့လို စိုးရိမ်စရာတွေ ပူပန်စရာတွေ မရှိအောင် ပြည်သူတွေပါဝင်ပေးဖို့ တိုက်တွန်းပါရစေ”လို့ အဆိုတော် အောင်ထက်က ပြောပါတယ်။

Your Thoughts …
Tags: ဒေါင်းပိုင်ဖြိုးသုမြစ်ဆုံဧရာဝတီ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

ဗန်းမော်မြို့

ဗန်းမော်မြို့

by ဧရာဝတီ
31 August 2024
3.9k

ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် တရုတ်သဘောထား ဘယ်လိုရှိမလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် တရုတ်သဘောထား ဘယ်လိုရှိမလဲ (ရုပ်/သံ)

by ဧရာဝတီ
5 March 2025
2.9k

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် အပါအဝင် စစ်ဘက်၊ အရပ်ဘက်က အရာရှိတွေ မတ်လ ၃ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို ရောက်ရှိနေကြပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ကို ဘာကြောင့်မုန်းသလဲ (ရုပ်/သံ)

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ကို ဘာကြောင့်မုန်းသလဲ (ရုပ်/သံ)

by ဧရာဝတီ
26 May 2025
2.6k

စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တို့လက်ထက်မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ တရုတ်မုန်းတီးသူတယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)

စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)

by ဧရာဝတီ
21 December 2024
2.6k

စစ်ကောင်စီတပ်ရဲ့ တတိယအဆင့် အမြင့်ဆုံး ရာထူးဖြစ်တဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူး အချိန်းအပြောင်းဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေး ကစားကွက်တခု ဖြစ်နိုင်ပြီး အကျိုးသက်ရောက်မှုတွေ များစွာရှိတယ်လို့...

ဖမ်းမိထားတဲ့ ဘီလူးစစ်ကြောင်းမှူးနဲ့အဖွဲ့ကို စစ်ဆေးနေ (ရုပ်/သံ)

ဖမ်းမိထားတဲ့ ဘီလူးစစ်ကြောင်းမှူးနဲ့အဖွဲ့ကို စစ်ဆေးနေ (ရုပ်/သံ)

by စောမေရီ
22 August 2024
2.5k

စစ်ကိုင်းတိုင်းက ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေအကြား အမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကောင်စီ လက်အောက်ခံ၊ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးနဲ့အဖွဲ့ဝင်တချို့ကို ဖမ်းမိထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဧရာဝတီကို အတည်ပြုပါတယ်။

Next Post
မင်းသား ဆောင်ဆန်ဟွန်း

စီးရီးအသစ်ထဲမှာ တက်သစ်စ နိုင်ငံရေးသမားအဖြစ် မြင်တွေ့ရမယ့် မင်းသား ဆောင်ဆန်ဟွန်း

သီရိလင်္ကာ ဗုံးပေါက်ကွဲကြောင့် သေဆုံးမှု ဖြစ်စဉ် / reuters

သီရိလင်္ကာ အီစတာပွဲတော် ဗုံးခွဲခံရမှု သေဆုံးသူ ၂၉၀ အထိ တိုးလာ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate