Entertainment

MCU ရဲ့ ပထမဆုံး LGBT စူပါဟီးရိုးဖြစ်လာမယ့် မင်းသမီး Tessa Thompson

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Tessa Thompson ရဲ့ “Valkyrie” ဇာတ်ကောင်ဟာ MCU လို့ခေါ်တဲ့ Marvel Cinematic Universe မှာ ပထမဆုံး လူသိရှင်ကြား ကြေညာထားတဲ့ LGBTQ+ စူပါဟီးရိုးအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသမီးဟာ “Thor: Ragnarok” နဲ့ “Avengers: Endgame” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ဇာတ်ကောင်ဟာ မူရင်း Comics ထဲမှာ လိင်နှစ်မျိုး နှစ်သက်သူလည်း ဖြစ်ပါတယ်။ အခုတော့ Valkyrie ဇာတ်ကောင်ဟာ သူ့ရဲ့ဘုရင်မ ဖြစ်လာမယ့်သူကို ရှာဖွေနေပြီလို့ Marvel စတူဒီယို ဥက္ကဋ္ဌ Kevin Feige က ပြောဆိုခဲ့ပါတယ်။

“San Diego Comic-Con” ရုပ်ရှင်ပွဲတော်မှာ မင်းသမီး Tessa က “ဘုရင်အသစ်အနေနဲ့ သူ (Valkyrie) ဟာ သူ့ရဲ့ ဘုရင်မကို ရှာဖွေဖို့ လိုပါတယ်။ ဒါဟာ ဦးစားပေးကိစ္စ ဖြစ်လာမှာပါ။ သူ့မှာ အကြံဉာဏ်အချို့ ရှိပါတယ်”လို့ ဆိုပါတယ်။ Valkyrie ဇာတ်ကောင်ဟာ LGBTQ+ ဇာတ်ကြောင်းပုံစံနဲ့ လာမှာလားဆိုတဲ့ မေးခွန်းကိုတော့ ဥက္ကဋ္ဌ Feige က “ဟုတ်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

“Thor 4” ရုပ်ရှင်မှာတင်မဟုတ်ဘဲ သူတို့ရဲ့ ရုပ်ရှင်တွေ တလျှောက်လုံးမှာ ဘယ်လိုတင်ဆက်ပုံမျိုးနဲ့ ချိတ်ဆက်မယ် ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထွက်ရှိလာမယ့် Thor ရုပ်ရှင်ဟာ “Thor: Love and Thunder” ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီရုပ်ရှင်မှာတော့ မင်းသမီး Natalie Portman လည်း ပြန်လည် ပါဝင်လာမှာဖြစ်ပြီး အခုတခေါက် ရုပ်ရှင်မှာတော့ အမျိုးသမီး Thor အဖြစ် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Jane Foster အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရမင်းသမီး Portman ဟာ MCU မှာ Thor ရဲ့ ချစ်သူအနေနဲ့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တို့မှာထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင် ပထမဆုံး ၂ ကားမှာ ပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာ Taika Waititi က “Thor: Love And Thunder” ကို ရိုက်ကူးမှာဖြစ်ပါတယ်။

Ref. asiaone

You may also like these stories:

မြောက်အမေရိက ရုပ်ရှင်ရုံ ဝင်ငွေစာရင်းမှာ ဦးဆောင်ခဲ့တဲ့ “Men In Black: International” ရုပ်ရှင်

LGBT နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝေဖန်မှုများကြောင့် ဆော်ဒီဖျော်ဖြေပွဲမှ Nicki Minaj နုတ်ထွက်

မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading