Entertainment

"Rosella" ရုပ်ရှင်မှာ ဒေါင်းနဲ့အတူ ပါဝင် သရုပ်ဆောင်မယ့် နေခြည်ဦး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်ပိုင်းကို ပိုပြီးလုပ်ဖြစ်လာတဲ့ Beauty Blogger နေခြည်ဦးကတော့ မကြာခင်မှာ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမ မယ်လွင့်ရဲ့ “Rosella” ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ကူးမယ့် ဇာတ်ကားမှာ သရုပ်ဆောင် ဒေါင်းနဲ့အတူ တွဲဖက် သရုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“နေခြည်နဲ့ ကိုဒေါင်းနဲ့ ရိုက်မယ့် Rosella ကားလေး ရှိပါတယ်။ ဦးပွား ရိုက်မှာပါ။ အဲ့ကားမှာက နေခြည်က သိပ်ပြီးတော့ ဂရုမစိုက်တတ်တဲ့ ကောင်မလေး၊ အရက်တွေ သောက်တယ်၊ ဆေးလိပ်တွေ သောက်တယ်။ ဘဝ အေးဆေးပဲ ဆိုတဲ့ ကောင်မလေးဆိုတော့ ဝိတ်ချနေတယ်။ နှာခေါင်း ဖောက်တယ်၊ ဆေးလိပ် သောက်တယ်။ အဲ့ Mood သွင်းနေတယ်။ နောက် ၂ ပတ်လောက်ဆို ရိုက်တော့မှာ”လို့ နေခြည်ဦးက ပြောပါတယ်။

အဲဒီရုပ်ရှင်ကားအတွက် နေခြည်ဦးက ခန္ဓာကိုယ်ကို ထိန်းသိမ်းနေပြီး၊ Rosella ရုပ်ရှင်ကိုတော့ “ရွှေစင်ဦး” ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ကာ ဒါရိုက်တာ မီးပွား ပုံဖော် ရိုက်ကူးမှာ ဖြစ်ပါတယ်။

ဒီကား ရိုက်ပြီးရင် နေခြည်ဦးက ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့ အတူ ဇာတ်လမ်းတွဲတခု ရိုက်သွားဖို့ရှိပြီး အဲဒီအတွက်လည်း Pressure များနေတယ်လို့ သိရပါတယ်။

“အဲဒီအတွက် ပိုပြီး Pressure များတယ်။ အခုရိုက်ထားတဲ့ ကားတွေမှာဆို ကိုနေတိုးနဲ့ကား ရှိတယ်။ ကိုနေတိုးပါဝါ ရှိတယ်လေ။ အခုဟာကကျတော့ ကိုယ်နဲ့ မိုရီဆာကီဝင်းနဲ့ကို တွဲတင်ထားတဲ့အတွက် Pressure အရမ်းများတယ်။ ဒါပေမယ့် အဲ့ကားက မိန်းကလေးတယောက်ရဲ့ Leading ကို ရိုက်ထားတာဆိုတော့ တော်တော်လေး Pressure များတယ်။ ဇာတ်ညွှန်းကို ဖတ်ကြည့်တဲ့အခါမှာ တော်တော်လေးကို အဆင်ပြေလို့ လက်ခံလိုက်တာပါ”လို့ နေခြည်ဦးကပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကိုတော့ “အိပ်မက်တွေ မိုးထားတဲ့အိမ်”လို့ နာမည်ပေးထားပြီး နေခြည်ဦးနဲ့အတူ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်နဲ့ တခြား သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီကားအတွက်တော့ ဒေါင်းနဲ့ သရုပ်ဆောင်မယ့်ကားက အရင်ရိုက်ရမှာဖြစ်တဲ့အတွက် ပြင်ဆင်မှုများ မလုပ်ရသေးဘဲ ဇာတ်ညွှန်းကိုတော့ ကြေညက်အောင် ဖတ်ထားပြီးပြီလို့ ဆိုပါတယ်။

“ဒီကား မတိုင်ခင် တကားရှိတော့ သိပ်တော့ မပြင်ဆင်ရသေးဘူး။ ဒါပေမယ့် ဇာတ်ညွှန်းက နေခြည်ကိုယ်တိုင်လည်း နည်းနည်း ပါဝင်ခွင့်ရထားတော့ ဇာတ်ညွှန်းကိုတော့ နေခြည်က နောကြေနေပြီ။ ကာရိုက်တာကိုတော့ မသွင်းရသေးဘူး။ သူ့အရင်ရိုက်မယ့် ကားနဲ့က နည်းနည်းကွာတော့”လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားများကို ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး လက်ရှိမှာတော့ သူ့ရဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်တဲ့ “ပုရိသ” ရုပ်ရှင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading