• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကျနော်က အပြင်မှာ မိန်းကလေးတွေကို တန်ဖိုးထားတယ်”လို့ ပြောတဲ့ စည်သူဝင်း

by ချစ်ပိုး
14 August 2019
in Entertainment
A A
သရုပ်ဆောင် စည်သူဝင်း  / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် စည်သူဝင်း / ချစ်ပိုး / ဧရာဝတီ

8.3k
VIEWS
Share on FacebookShare on Twitter

ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် စည်သူဝင်းကတော့ မကြာခင် ပြသမယ့် “နှင်းဆီ” ဇာတ်လမ်းတွဲမှာ မိန်းကလေးတွေကို တန်ဖိုးမထားတဲ့သူ နေရာကနေ သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေ မမုန်းစေချင်ဘူးလို့ ဆိုပါတယ်။

“ကျနော် အနုပညာအလုပ်တွေ ပိသွားတော့ ပင်ပန်းသွားတာနဲ့ နားနေတာ။ Facebook ပေါ် ပုံမတင်ဖြစ်တာပါ။ အလုပ်တွေတော့ လုပ်နေပါတယ်။ ကျနော် ဇာတ်ကား ၂ ကားအတွက်လည်း Casting ဝင်ဖို့ ရှိပါတယ်။ နှင်းဆီမှာ ပါဝင်ဖြစ်တာက နှင်းဆီဇာတ်ကား ပထမ မင်းသားက ကျန်းမာရေး အခြေအနေကြောင့် ဆက်လက် ရိုက်ကူးလို့ မရတော့ဘူး။ ဒီကာရိုက်တာနဲ့ အလိုက်ဖက်ဆုံးက ဘယ်သူဖြစ်မလဲ ဆွေးနွေးကြတယ်၊ ကျနော့်ကို ဆက်သွယ်လာတယ်။ ကျနော်က မရိုက်ကူးနိုင်စရာ အကြောင်း မရှိဘူးလေ”

“ဆရာမကြီး မစန္ဒာရဲ့ ဝတ္ထုကို ရိုက်ချင်တာနဲ့ လက်ခံဖြစ်တယ်။ အများကြီးတော့ ကြိုးစားထားတယ်။ တင်မောင်ကျော်ဆိုတဲ့ ကာရိုက်တာပေါ့၊ အရမ်း ဆိုးတယ်၊ ကောင်မလေးတွေကို တန်ဖိုးမထားတတ်ဘူး။ အဲ့လို သရုပ်ဆောင်ထားတာမို့ ကျနော့်ကို အရမ်း မမုန်းကြပါနဲ့လို့တော့ ပြောချင်တယ်။ အပြင်မှာတော့ ကျနော်က အရမ်း အေးတယ်။ မိန်းကလေးတွေကို တန်ဖိုးထားရမယ်လို့ ထင်တာကြောင့် ကျနော်ကတော့ မိန်းကလေးတွေကို တန်ဖိုးထားတဲ့ သူတွေထဲမှာ ပါတယ်”လို့ သရုပ်ဆောင် စည်သူဝင်းက ပြောပါတယ်။

“နှင်းဆီ” ဇာတ်လမ်းတွဲအတွက် ဆံပင်အပြောင်းအလဲ လုပ်ခဲ့တဲ့ စည်သူဝင်းက အနုပညာသမား ဖြစ်တဲ့အတွက် ကာရိုက်တာအရ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

“ဆံပင်ပုံစံ ပြောင်းဖြစ်တာကလည်း နှင်းဆီဇာတ်ကား အတွက်ကြောင့်ပါ။ ဆံပင်ကတော့ တန်ဖိုးထားတဲ့ အရာတခုပေါ့။ ဇာတ်လမ်းအတွက် အတု စွပ်လို့ရပေမယ့် ဆရာမကြီးကို တန်ဖိုးထားတာရော သူ့ ပရိသတ်တွေကို တန်ဖိုးထားတာရောကြောင့် ကျနော့် ဆံပင်ကို ဖြတ်လိုက်တယ်။ အဲ့အတွက် ကျေနပ်တယ်”

“ကျနော့် မျက်နှာက အေးတာကြောင့် လူကောင်းပုံစံတွေပဲ ရိုက်ရတယ်။ အဲ့ဒါကြောင့် အပြောင်းအလဲဖြစ်ချင်လို့ ဆံပင်ရှည်ထားပြီး လူဆိုး ကာရိုက်တာလေးတွေ ရိုက်ဖြစ်တယ်။ ကျနော် အနုပညာသမား ဖြစ်တဲ့အတွက် ကာရိုက်တာအရ အပြောင်းအလဲတော့ လုပ်ရမှာပါပဲ”လို့ စည်သူဝင်းက ပြောပါတယ်။

သရုပ်ဆောင် စည်သူဝင်းကိုတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေ စတင် သိရှိခဲ့ကြတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးနေတာ တွေ့ရပါတယ်။

You may also like these stories:

ဒီနှစ်ထဲ အောက်တိုဘာလမှာ မင်္ဂလာဆောင်မယ့် သရုပ်ဆောင် ချစ်စနိုးဦး

“မင်္ဂလာဆောင်ရင် ခမ်းခမ်းနားနား မဆောင်ချင်ဘူး၊ ပိုက်ဆံတွေကို လှူလိုက်ချင်တယ်” 

Your Thoughts …
Tags: "နှင်းဆီ" ဇာတ်လမ်းတွဲစည်သူဝင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ရှင်မွေလ  / ချစ်ပိုး / ဧရာဝတီ

“နှင်းဆီ” ဇာတ်လမ်းတွဲမှာ “ဇော်”အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ ရှင်မွေလ

by ချစ်ပိုး
21 October 2019
90.8k

အစစအရာရာ အားလုံး ကြိုးစားခဲ့တော့ ပရိသတ်ကလည်း မှတ်မိတာလို့ထင်တယ်။ ပြီးတော့ နာမည်ကလည်း တလုံးတည်းဆိုတော့ ထွေထွေထူးထူး မှတ်စရာ မလိုတာလည်းပါတယ်"

သရုပ်ဆောင် စည်သူဝင်း / ဧရာဝတီ

တင်မောင်ကျော် ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့လို့ ချီးကျူးခံနေရတဲ့ စည်သူဝင်း

by ချစ်ပိုး
1 October 2019
6.7k

“ကျနော်ကိုယ်တိုင် ပရိသတ်တစ်ယောက်အဖြစ် ခံစားကြည့်ရင်လည်း အစ်ကိုကျော်က တော်တော်မုန်းဖို့ ကောင်းပါတယ်။ ကျနော့်ရဲ့အိုက်တင်က အရမ်းခက်ခဲပါတယ်။ ဗီလိန်တောင်မှ ကာရိုက်တာက တမျိုးပါ။

Next Post
ရခိုင် လုံ/နယ် ဝန်ကြီး အသစ်အတွက် စိန်ခေါ်မှုတွေ ရှိနေလား (ရုပ်/သံ)

ရခိုင် လုံ/နယ် ဝန်ကြီး အသစ်အတွက် စိန်ခေါ်မှုတွေ ရှိနေလား (ရုပ်/သံ)

"Shanghai Fortress" ရုပ်ရှင်

တရုတ်ဈေးကွက်မှာ ဝင်ငွေအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ "Shanghai Fortress" ရုပ်ရှင်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved