• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရက် ၂၀ ကျော် ပန်းတွေပို့နေတဲ့ အမည်မဖော်သူကို သိချင်နေတဲ့ နေခြည်ဦး

by ယုဖြူဟန်
22 September 2019
in Entertainment
A A
Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး  / ယုဖြူဟန် / ဧရာဝတီ

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

20.3k
VIEWS
Share on FacebookShare on Twitter

မိန်းကလေးအများစု အားကျ သဘောကျရတဲ့ Beauty Blogger တဦးဖြစ်သလို သရုပ်ဆောင်တယောက်လည်းဖြစ်တဲ့ နေခြည်ဦးကတော့ သူ့ဆီကို နေ့စဉ် ရက်၂၀ ကျော် ပန်းစည်းများ ပို့ပေးနေတဲ့ အမည်မသိတဲ့သူကို သိချင်နေပြီလို့ ပြောပါတယ်။

“သိချင်တာပေါ့။ နေ့တိုင်းပို့နေတဲ့အတွက် ဘယ်တော့ ရပ်သွားမလဲဆိုပြီး အသည်းကွဲတော့ မလိုတောင် ဖြစ်နေတယ်။ နေ့တိုင်းတော့ ပို့နေတုန်းပဲ။ နေခြည့်စိတ်ထင် ၁ လလောက်နေရင် မပို့လောက်တော့ဘူး ထင်ပါတယ်။ သူငယ်ချင်းတွေကို မေးကြည့်တာကတော့ ပန်းစည်း တစည်းကို ၃ သောင်းလောက် တန်တယ်လို့ ပြောတယ်။ နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ။ ပဲရစ်သွားလို့ ပို့ပေးရင်တော့ ဝမ်းသာရမှာပေါ့။ ဟိုမှာလည်း ချိတ်လို့ ရပါတယ်။ ဘဏ်ကဒ်နဲ့ ချိတ်ရင် ဟိုတယ်ထိ ရောက်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

အဆိုပါ ပန်းစည်းတွေကတော့ သူငယ်ချင်းတွေရဲ့ပြောပြချက်အရ ပန်းစည်းတစည်းကို ငွေကျပ် ၃ သောင်းခန့်တန်ဖိုးရှိနေပြီး မတူညီတဲ့ ပန်းများစွာကို အမည်မဖော်ဘဲ နေ့စဉ် ပို့ပေးနေတယ်လို့ သိရပါတယ်။

“တခါတလေကျရင် အဖေလို့ ထင်တယ်။ အဲဒါ အပွင့်လင်းဆုံးပြောတာ။ ပန်းတွေက မျိုးစုံပို့တာလေ။ သမီးရည်းစား ပိုးကြေးပန်းကြေးပေးရင် နှင်းဆီပန်းတွေ ပေးကြတယ်လေ။ သူကကျတော့ မဟုတ်ဘူး။ ဒေလီယာတွေရော၊ ပန်းတွေက အမျိုးစုံပေးတာဆိုတော့ အဖေများပို့နေတာလားပေါ့။ နောက်ပြီးတော့ အဖေကအမြဲတမ်း အသည်းပုံတွေ ဝင်ဝင်ပေးတယ်။ အိမ်အောက်ဆင်းလာရင် စကားမပြောဘူး။ ပန်းစည်းရောက်လာရင် အပေါ်ပြန်တက်တက်သွားတယ်။ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

မကြာသေးခင်ကမှ ချစ်သူနဲ့ လမ်းခွဲထားတာဖြစ်တဲ့အတွက် ချစ်သူကပြန်ချော့တာလားဆိုပြီး ပရိသတ်တွေ အထင်ရှိနေတဲ့အပေါ်မှာလည်း နေခြည်ဦးက အခုလို ပြောပြခဲ့ပါတယ်။

“အခုဆိုရင်ပို့နေတာ ၂၅ ရက် ရှိပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းပျော်တယ်။ နေခြည့်မှာ ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီး အမုန်းမရှိတဲ့ မိန်းကလေး တယောက်ဆိုတော့ အေးဆေးပဲ။ ရည်းစားဟောင်းတွေက ပို့တယ်ဆိုရင်လည်း ကျေးဇူးအများကြီးတင်တယ်။ နေခြည့်ရဲ့ Lonely ဖြစ်နေတဲ့စိတ်က ဒီပန်းစည်းလေးနဲ့ပဲ အသက်ဆက်နေရတာဆိုတော့ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”လို့ နေခြည်ဦးက ဆိုပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာလည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ လုပ်မယ့် Paris Fashion Week 2019 ကို သွားရောက်တော့မှာဖြစ်တဲ့အတွက် ပန်းစည်းကို ပဲရစ်အထိ ပို့ပေးမယ်ဆိုရင်လည်း ဝမ်းသာရမှာပါလို့ သူက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Paris Fashion Week ကို ဒုတိယအကြိမ်မြောက် သွားမှာဖြစ်တဲ့အတွက် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ၊ လေ့လာမယ့်အကြောင်းတွေကိုလည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ကတော့ နေခြည် ဟိုဘက်မှာ လေ့လာဖို့ စဉ်းစားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီက ဝယ်ရတာကအရမ်းခက်တယ်။ ဘန်ကောက်တို့၊ စင်ကာပူတို့က ဝယ်ရတယ်။ ပဲရစ်က ဒီဇိုင်နာတွေ ဖြစ်တဲ့အတွက် ပဲရစ်မှာက ပိုပြီးတော့ စုံတယ်။ ဒီနှစ်အတွက်တော့ နေခြည်သိတဲ့ Personal Stylist တွေနဲ့ ချိတ်ထားတယ်။ ကိုယ်ဝတ်ချင်တဲ့ စတိုင်လေးတွေကို ကြည့်ပြီးတော့ ဝတ်မယ်”လို့ နေခြည်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သွားရောက်ခဲ့စဉ်ကလည်း ဖက်ရှင်တွေကို လူအများ သဘောကျခဲ့ရတဲ့အတွက် ဒီနှစ်မှာ နေခြည်ဦးရဲ့ပရိသတ်များက ပိုပြီးမျှော်လင့်နေကြတဲ့အပေါ်မှာလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“မနှစ်ကကျတော့ သိပ်မဝတ်တတ်ဘူး။ ပြည်တွင်းကဒီ ဇိုင်နာတွေကို Promote လုပ်မယ် ဆိုပြီးလုပ်ခဲ့တော့ ဟိုရောက်မှ ဝယ်ရတဲ့အခါကျ သိပ်နားမလည်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဈေးကြီးရင်ပြီးရော ကောက်ဝယ်လိုက်တာ ဒီနှစ်မှာတော့ ပဲရစ်မှာရှိတဲ့ ဘယ်ဒီဇိုင်နာတွေက ဖက်ရှင်ရှိုးလုပ်မှာလဲ။ နေခြည်က ဘယ်ဒီဇိုင်နာတွေရဲ့ ပွဲကို ဝင်ခွင့်ရမှာလဲ။ ပြီးတော့ နေခြည် ကြည့်ချင်တဲ့ပွဲတွေအတွက် သေချာလေးကို ပြင်ဆင်ထားပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

Beauty Blogger အလုပ်အပြင် ရုပ်ရှင်ဇာတ်ကားများလည်း ဆက်တိုက် ရိုက်ကူးနေတဲ့ နေခြည်ဦးကတော့ အောက်တိုဘာလအတွင်းမှာလည်း နေတိုးနဲ့ တွဲဖက် သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Beauty BloggerParis Fashion Weekနေခြည်ဦး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
91.1k

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။

ဘလော့ဂါ ဝင်းမင်းသန်း

အကျဉ်းကျခံနေဆဲ အမျိုးသမီးထုရဲ့ “Glow Nation” ဘလော့ဂါ ဝင်းမင်းသန်း

by ဧရာဝတီ
8 March 2022
11.3k

LGBT အရေးနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီး သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုလေ့ရှိတဲ့ အဝင်းကို အမျိုးသမီးတွေသာမက လိင်တူချစ်သူတွေကပါ လေးစားချစ်ခင်ကြပါတယ်။ LGBT အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝင်းမင်းသန်းက အများကြီး လူရှေ့ထွက်...

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
12.8k

သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
26.1k

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

Beauty Blogger နေခြည်ဦး / ဧရာဝတီ

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

by ဧရာဝတီ
3 March 2021
36k

နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ vivo Myanmar ဖုန်းကုမ္ပဏီမှ ယနေ့၊ မတ်လ ၃ ရက်နေ့မှာ လက်တွဲဖြုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး  / Nay Chi Oo's Facebook

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

by ယုဖြူဟန်
14 August 2018
25k

ကားရတာနဲ့ ပတ်သက်ပြီးတော့လည်း “ဝယ်ပေးမယ်ပြောတာက Velar ၊ Showroom ရောက်တော့ လိုချင်တာက Autobiography ၊ ဘယ်ကားလေးရရ ကံတရားပေါ့”

Next Post
ကျောက်တော်မြို့ရှိ မြို့မရဲစခန်း

ကျောက်တော်၌ ရဲတပ်ကြပ်ကြီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး

သရုပ်ဆောင် အောင်ရဲလင်း  / ယုဖြူဟန် / ဧရာဝတီ

ဖြစ်ရပ်မှန် ဇာတ်ကားမှာ ရဲတယောက်အနေနဲ့ မြင်တွေ့ရမယ့် အောင်ရဲလင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved