Entertainment

အသက် ၂၅ နှစ်အရွယ် ချစ်သူနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် မက်ဒေါနား

ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တုန်းက ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ သူ့ရဲ့နောက်ခံအကသမားတယောက်ဖြစ်တဲ့ Ahlamalik Williams နဲ့တွဲခုတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

အသက် ၆၁ နှစ်အရွယ် မက်ဒေါနားနဲ့ အသက် ၂၅ နှစ်အရွယ် Williams တို့ကို အဆိုတော်ရဲ့ ဟိုတယ် လသာဆောင်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး မက်ဒေါနားရဲ့ဘေးနားမှာ ရပ်နေတဲ့ Williams က ခါးကိုလက်နဲ့ သိုင်းဖက်ထားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ရှိမှာ Madame X Tour ဖျော်ဖြေပွဲမှာ ပါဝင်နေကြတာဖြစ်ပြီး အခုနှစ် အစောပိုင်းကစလို့ Williams ဟာ မက်ဒေါနားရဲ့ Instagram ပို့စ်မှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ နွေရာသီနဲ့ဆောင်းဦးရာသီကာလ တလျှောက်လုံးမှာလည်း အခါအားလျော်စွာ အတူတူ ရှိနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။

ဓာတ်ပုံတချို့နဲ့ ဗီဒီယိုကလစ်တချို့မှာဆိုရင် သူတို့နှစ်ဦးဟာ ရဟတ်ယာဉ်တစင်းကို အတူတူ စီးနင်းခဲ့တာ၊ အတူတူ အစမ်းလေ့ကျင့်တာတွေလုပ်နေခဲ့တာ၊ ပြီးခဲ့တဲ့ ဇွန်လတုန်းက မက်ဒေါနားရဲ့ Madame X အယ်လ်ဘမ်က Billboard ရဲ့ ထိပ်တန်း အယ်လ်ဘမ်၂၀၀ စာရင်းမှာ ပါဝင်ခဲ့လို့ ဂုဏ်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။

 

သူတို့နှစ်ယောက်ရဲ့ လက်ရှိ ဆက်ဆံရေးနဲ့ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပေမယ့် Williams ဟာ မက်ဒေါနားရဲ့ နောက်ခံ အကသမားအဖြစ် ဆောင်ရွက်ပေးနေတာ အချိန်တချို့ကြာခဲ့ပြီလို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတုန်းက Williams က မက်ဒေါနားကိုမွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ အပြင် ၂၀၁၆ ခုနှစ်မှာရိုက်ခဲ့တဲ့ မက်ဒေါနားရဲ့ မှတ်တမ်းရုပ်ရှင်မှာလည်း ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ တယောက်နဲ့ တယောက်ရဲ့ Instragram ပို့စ်တွေမှာ မကြာခဏ ပါဝင်လာလေ့ရှိတာကို တွေ့ရပါတယ်။

Daily Mail မီဒီယာရဲ့အဆိုအရ အမေရိကန်အငြိမ်းစားရေတပ်စစ်ပြန်တယောက်ရဲ့ သားဖြစ်တဲ့ Williams ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစ်ကို ၊ အစ်မတို့နဲ့အတူ ကြီးပြင်းခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ မက်ဒေါနားနဲ့ Williams တို့ကြားမှာ အသက်ကွာခြားချက်က ၃၆ နှစ်ရှိနေပါတယ်။ ဒါ့အပြင် မက်ဒေါနားရဲ့ အသက် ၂၃ နှစ်အရွယ် သမီး Lourdes ထက် နှစ်အနည်းငယ်သာ ကြီးပါတယ်။

Ref: popculture

You may also like these stories:

နယူးယောက်ခ်တိုင်းမ် သတင်းစာကို ရန်တွေ့လိုက်တဲ့ အဆိုတော် မက်ဒေါနား

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Loading