• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရဲတပ်ဖွဲ့ကို တရားစွဲမည်ဟု ဗစ်တိုးရီးယား၏ ဖခင် ပြော

by ထက်နိုင်ဇော်
20 December 2019
in သတင်း
A A
နေပြည်တော်တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

58.6k
VIEWS
Share on FacebookShare on Twitter

ရဲတပ်ဖွဲ့သည် ကလေး နာမည်ရင်း၊ မိဘနာမည်များ၊ နေရပ်လိပ်စာများကို ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် လက်ရေးမူ တိုင်စာကိုပါ ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲမည်ဟု ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် ရဲတပ်ဖွဲ့ ၏ သတင်းစာ ရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘ အမည်များ၊ နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့ မှ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးနှင့် ရဲမှူးကြီး မင်းဟန်တို့က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် သတင်းစာ ရှင်းလင်းပွဲအပြီး “ရဲဇာနည်” ဖြင့် ဖွင့်ထားသော ရဲတပ်ဖွဲ့ ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ မှတဆင့်လည်း ကလေးနာမည်၊ မိဘအမည်များ ပါသည် “လက်ရေးမူတိုင်စာ” ကို ဖော်ပြခဲ့သဖြင့် ပြည်သူလူထုက အပြင်းအထန် ဝေဖန်ပြစ်တင်နေကြသည်။

ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူ က “ဥပဒေကို စောင့်ရှောက်တဲ့သူတွေက ဥပဒေကို ချိုးဖောက်တယ်။ ဒါပေမယ့် ကျနော်တို့က ဥပဒေဘောင်ထဲကပဲ ရင်ဆိုင်မှာ။ ပြောရရင် တရားပြန်စွဲမှာ။ တရားကို စွဲမှာပါ” ဟု ပြောသည်။

ရဲတပ်ဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ လုပ်ရပ်သည် အမှန်တရားကို ရှာဖွေနေသူ မည်သူမဆို ၎င်းတို့ တပ်ဖွဲ့ ကို ထိခိုက်လာပါက အရှက်ခွဲမည်ဆိုသည့် သဘော ဖြစ်နေပြီး တရားဥပဒေကို စောင့်ရှောက်ရမည့် အဖွဲ့အစည်း ကိုယ် တိုင်က တရားဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗစ်တိုရီးယား၏ ဖခင်က “ဒါသည် ကျနော်တို့ကို ခြိမ်းခြောက်တာပဲ။ ကျနော်တို့တင် မကဘူး၊ တနိုင်ငံလုံးကို ခြိမ်းခြောက် လိုက်တာပဲ။ ငါတို့ အဖွဲ့အစည်း လုပ်သလိုပဲနေ။ ထပ်အထွန့်မတက်နဲ့။ ဆက်ပြဿနာရှာရင် နောက်ဆုံး အဆုံးသတ် ရလဒ်က ဒါပဲ ဖြစ်မယ် ဆိုတာကို သူတို့က Message ပေးလိုက်တာပဲ။ ကျနော်တို့ကလည်း ဘယ်လိုပဲ ဖြစ်နေ၊ ဖြစ်နေ နောက်ဆုတ် သွားမှာ မဟုတ်ဘူး” ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ယူ ရှင်းလင်းခဲ့သူ ရဲအရာရှိကြီး ၃ ဦး၊ ရဲဇာနည် ဖေ့စ် ဘုတ်သို့ တင်ခဲ့သည့် ရဲတပ်ဖွဲ့ကို ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းပေးလိုက်သည့် ကလေး သူငယ်နှင့် ဆိုင်သော အခွင့်အရေး ဥပဒေ ပုဒ်မ ၉၆(ဃ) အရ တရားစွဲဆိုခွင့် ရှိကြောင်း နေပြည်တော်မှ တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယင်းပုဒ်မ ၉၆ (ဃ) တွင် မည်သူမျှ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မှုခင်း သတင်းအချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်း၊ ကြော်ငြာခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ စာအုပ်များတွင် ထည့်သွင်းဖော်ပြခြင်း၊ ဖြန့်ချိခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်များတွင် ထုတ်လွှင့်ခြင်း ပြုလုပ်မည်ဆိုလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၄ လမှ ၁ နှစ်အထိ ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် ၄ သိန်းမှ ၆ သိန်း ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
32
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
38
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
646

ရှေ့နေ ဦးခင်မောင်ဇော် က “အဓိကကျတာကတော့ ကာယကံရှင် မိသားစုက စွဲရမှာပေါ့။ ဒါပေမယ့် ကိုယ်တိုင် စွဲရမယ်လို့ ပြဌာန်းမထားရင် မည် သူမဆို စွဲနိုင်တယ်။ တိုင်ချက် ဖွင့်လို့ရတယ်။ အခု အဖေကိုယ်တိုင် ကတော့ ဆွဲမယ်လို့ ပြောထားပြီ။ အဖေက ထွက်ရပ်လိုက်တာပေါ့။ အဖေက မဆွဲလည်း အဖေ့အပေါ်မှာ စေတနာ ရှိတဲ့ တယောက်ယောက်က ဆွဲလို့ရတယ်။ ဆရာ သက္ကမိုးညိုက ဆွဲပေးလို့ရတယ်။ ကျနော်လည်း ဆွဲပေးလို့ ရတယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ ထုတ်ပြန်ပြောဆိုချက်များသည် ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို  ၎င်းတို့တွင် အခြေခံ ကျင့်ဝတ်ကိုပင် သိတတ်နားလည်မှုပင် မရှိတော့သည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ မှ စာရေးဆရာ မသီတာ (စမ်းချောင်း) ကလည်း သုံးသပ်သည်။

စာရေးဆရာ မသီတာ (စမ်းချောင်း) က “ဒီသတင်းစာ ရှင်းလင်းပွဲကို လုပ်သွားတာက သူတို့ထဲက အဆင့်မြင့် ရာထူးရှိတဲ့သူတွေ။ သူတို့က ကျန်တဲ့ တပ်ဖွဲ့ ဝင်တွေကို ပြန်ပြီး Message ပေးရမယ့်သူတွေ။ ဘယ်လို နေထိုင်ပြုမူ ပြောဆိုရမယ်ဆိုတာ ပြောရမယ့် သူတွေ။ အဲဒီလူတွေကိုယ်တိုင်က ဒီလိုဖြစ်နေပြီး သဘောမပေါက်ဘူးဆိုရင် အဲဒီ အင်စတီကျူးရှင်းကြီး တခုလုံးက အဲဒီအထဲမှာ ပိတ်မိနေပြီ။ ရုန်းထွက်ဖို့ ဆန္ဒလည်း မရှိဘူး။ အရည်အချင်းလည်း မရှိဘူး။ အခြေအနေလည်း မပေးဖူးဆိုတာ ပြနေပြီ” ဟု ပြောသည်။

၎င်း က ဆက်၍ “တရားရေး ဝန်ကြီးဌာန မရှိဘူး ဖြစ်နေတယ်။ အဲဒီတော့ Change of Command က ပျောက်နေတယ်။ တရားရေး ဝန်ကြီးဌာန Ministry of Justices ရှိမယ်ဆိုရင် အဲဒီအောက်ထဲမှာ တရားသူကြီးတွေ ရှိမယ်။ ရဲဆိုတာ ရှိမယ်။ အဲဒီလို ဖြစ်ရမှာ။ အခုဟာက အကြပ်အတည်းက ဘာဖြစ်နေလဲဆိုတော့ သူနဲ့ တရားစီရင်ရေး ကြားမှာ Change of Command က ပျောက်နေတယ်။ သူကိုယ်တိုင်က တခြားဝန်ကြီးဌာနတခုကို ရောက်နေ တယ်”ဟု ပြောသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး ကလည်း “ဒီဖြစ်စဉ်က တရားပြန်စွဲလို့ရတယ်။ ဥပဒေအရ တရားဝင် ခွင့်ပြုထားပြီးသားပါ။ ကာယကံရှင်ကိုယ်တိုင် စွဲရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင်လည်း လူမှုဝန်ထမ်း ဌာနကို အကူအညီ တောင်းလို့ရတယ်။ အဲဒီမှာ ကေ့စ်မန်နေဂျာတွေရှိတယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ ၏ ထုတ်ပြန် ပြောဆိုချက်များကြောင့် အများပြည်သူက စိတ်ပျက်စွာ ပြောဆိုဝေဖန်မှုများ မနေ့က လူမှုကွန် ရက်တွင် တချိန်လုံး ပျံ့နှံ့ ခဲ့ပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်းတို့၏ ရဲဇာနည်ဖေ့ဘုတ်စ်မှ တိုက်ရိုက် ထုတ်လွှင့်မှုနှင့် မှုခင်းမှတ်တမ်း ထုတ်ပြန်ချက်များကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။

နေပြည်တော်တွင် ၂၀၁၉ ခုနှစ် မေလက စတင်ခဲ့ပြီး Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှု ဖြစ်စဉ်အပြီး စွပ်စွဲခံနေရသူ ကိုအောင်ကြီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၃ ကြိမ်မြောက်ရုံးချိန်း တွင် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက တရားရှင် လွှတ်ပေးလိုက်ရာ ရဲတပ်ဖွဲ့ က အချိန်စောလွန်းသည်ဟု ဝေဖန်ခဲ့သည်။

“ရဲတပ်ဖွဲ့သည် အကြောင်းမဲ့ သက်သက် စွဲတာ မဟုတ်ပါဘူး။ ထွက်ဆိုချက် သက်သေခံတွေသည် အခြေအမြစ် မရှိတာ မဟုတ်ဘူး” ဟု မနေ့က ရှင်းလင်းပွဲတွင် ရဲတပ်ဖဲွဲ့ဌာနချုပ် မှုခင်းဌာန၊ ဌာနမှူး ရဲမှူးကြီး မင်းဟန် က ပြောခဲ့သည်။

လူသက်သေများကိုသာ စစ်ဆေးအပြီး သက်မဲ့သက်သေများကို မစစ်ဆေးမီ ကိုအောင်ကြီးကို ပြန်လွှတ်ပေးလိုက်ခြင်း သည် စောလွန်းသည်ဟု မှုခင်းရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ မှူး ရဲမှူးချုပ် စိုးနိုင်ဦးက မနေ့က ရဲချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာလည်း တရားရုံး၏ အဆုံးအဖြတ်ကို ရဲတပ်ဖွဲ့ က မကျေနပ်သဖြင့် ပြုလုပ်  ခြင်း ဖြစ်ပြီး သတင်းထောက်များ မေးမြန်းသည့် မေးခွန်းများကိုလည်း တိကျသည့် အဖြေမပေးနိုင်ခဲ့ဟု ဥပဒပညာရှင် အသိုင်းအဝိုင်းက ဝေဖန်မှုများလည်း ရှိသည်။

ဗစ်တိုးရီးယား အမှု ကို ရှေ့ဆက်မည့် လုပ်ငန်းစဉ်၊ တာဝန်ယူ တာဝန်ခံမှုတို့အပေါ် ရဲတပ်ဖွဲ့၏ အကြောင်းပြချက်မှာ အောင်ကြီးကို လွှတ်ရသည့်အကြောင်း တရားရုံး၏ တရားဝင် အထောက်အထားကို  မဖတ်ရသေးသည်ဟု ပြောဆိုပြီး တရားရုံးပြန်ကြားချက် ရမှသာ ဥပဒေအတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း၊ အချိန်ကာလကို ပြော၍ မရနိုင်သေး ကြောင်း ရဲတပ်ဖွဲ့ က ပြောဆိုခဲ့သည်။

You may also like these stories:

ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ

ဗစ်တိုရီးယား အတွက် အမှန်တရား ရစေချင်တယ်ဆိုတဲ့ အောင်ကြီး

Your Thoughts …
Tags: ကလေးသူငယ်ဗစ်တိုးရီးယားရဲဇာနည်ရဲတပ်ဖွဲ့ဥပဒေ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

ကလေးသူငယ် အပြာရုပ်ရှင် ဖြန့်ချိသူ

ကလေးသူငယ် အပြာရုပ်ရှင် ဖြန့်ချိသူကို ချင်းမိုင်မြို့မှာ ဖမ်းမိ

by ရေဗန်
25 November 2019
47.8k

အဲဒီ ကလေးသူငယ် အပြာရုပ်ရှင် ဖြန့်ချိရေး Group ကို ရုရှားနိုင်ငံက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံက Korakot Chulthong က ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

by ဧရာဝတီ
6 September 2024
3k

ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။

Next Post
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရှင်းလင်းနေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ

 ကမ်းခြေရဲ့အလှအပက တောင်လိုပုံနေတဲ့ အမှိုက်တွေအောက်မှာ  ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပါတယ်

၃ ရက်အတွင်း အမှိုက် ၁၈ တန်ကျော်ရှင်းလင်းခဲ့ရတဲ့ ဘာလီကျွန်းက ကူတာကမ်းခြေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved