Entertainment

ချစ်သူသစ် ရနေတယ်လို့ ကောလာဟလ ထွက်နေတဲ့ အဆိုတော် Rihanna

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ရီဟားနား (Rihanna) ဟာ ၃ နှစ်ကြာတွဲခဲ့တဲ့ ဆော်ဒီသန်းကြွယ်သူဌေး Hassan Jameel နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ဇန်နဝါရီလအစောပိုင်းမှာ စတင်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ သတင်းများထွက်ပြီး ရက်သတ္တပတ် အတွင်းမှာပဲ ရီဟားနားဟာ Hip Hop အဆိုတော် ASAP Rocky နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလများ ထွက်လာတာ ဖြစ်ပါတယ်။

သန်းကြွယ်သူဌေးဖြစ်တဲ့ ချစ်သူဟောင်းနဲ့ ၂၀၂၀ နှစ်ရောက်မှ တရားဝင် ပြတ်စဲကြပေမယ့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာကတည်းက Rocky နဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ပျံ့နေခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက လန်ဒန်မြို့မှာ ကျင်းပတဲ့ ဖက်ရှင်ပွဲတပွဲကို အတူပွဲတက်လာပြီးနောက် ဝေဖန်သံတွေ စတင်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ပွဲတကွဲမှာလည်း Rocky နဲ့ ရီဟာနားတို့ စကားပြောနေကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ အဲဒီနေ့မှာပဲ ရီဟာနားဟာ သူ့ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ သန်းကြွယ်သူဌေး Hassan ကို လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းတချို့မှာတော့ ရီဟာနားနဲ့ Rocky တို့ရဲ့ဘဝတွေဟာ အရမ်းကို ကွာခြားကြောင်းနဲ့ ချစ်သူအဖြစ် လက်တွဲမယ်ဆိုရင် ခက်ခဲနိုင်ကြောင်းတွေကို ဝေဖန်ရေးသားခဲ့ပါတယ်။ ၃ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူ Hassan နဲ့ ပြတ်စဲပြီးတဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ရီဟားနားဟာ အရင်က တွဲခဲ့ဖူးတဲ့ အဆိုတော် Drake နဲ့အတူ ပါတီကျင်းပနေတာကြောင့် Drake နဲ့ ရီဟာနား ပြန်တွဲပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ကမ္ဘာကျော်တွေနဲ့ပဲ အမြဲတွဲလေ့ရှိတဲ့ ရီဟာနားလိုပဲ Rocky ဟာလည်း Kendall Jenner, Rita Ora, Iggy Azalea စတဲ့ နာမည်ကြီးတွေနဲ့ တွဲခဲ့ဖူးတာကြောင့် သူတို့ရဲ့ အချစ်ရေးဟာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပြီး တကမ္ဘာလုံးက ပရိသတ်တွေ အနေနဲ့လည်း စိတ်ဝင်စားနေကြပါတယ်။

Ref. theSUN, businessinsider

You may also like these stories:

“Black Panther 2” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Rihanna ကို မျက်စိကျနေတဲ့ Marvel

Harper’s Bazaar China မဂ္ဂဇင်းပေါ်က အာရှဒီဇိုင်း ဝတ်စုံတွေကြောင့် အဆိုတော် Rihanna ဝေဖန်ခံရ

ဂရိသင်္ချာပညာအရ ကမ္ဘာ့အချောဆုံးအမျိုးသမီးအဖြစ် မော်ဒယ် Bella Hadid သတ်မှတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading