ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ပြီးတဲ့နောက် တရုတ်အစိုးရအနေနဲ့ ဝူဟန်မြို့ကို ခရီးသွားလာခွင့် ကန့်သတ်ထားခဲ့ပါတယ်။ တရုတ်အစိုးရက ဝူဟန်မြို့ကို ခရီးသွားလာခွင့် မကန့်သတ်လိုက်ခင်လေးမှာပဲ တရုတ်ခရီးသွား ၃ ထောင်ကျော် ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက ကြေညာခဲ့ပါတယ်။
Khmar Times ရဲ့ အပြောအရ တရုတ်အစိုးရအနေနဲ့ ဝူဟန်မြို့ကို ပိတ်ဆို့မှုတွေ မပြုလုပ်ခင်အချိန်လေးမှာပဲ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ တရုတ်ခရီးသွား အရေအတွက် ၃၀၇၈ ယောက် ရှိခဲ့ကြောင်း သိရပါတယ်။ ခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေတဲ့ နိုင်ငံတွေထဲ ကမ္ဘောဒီးယားနိုင်ငံလည်း ပါဝင်နေပါပြီ။
ကမ္ဘောဒီးယားနိုင်ငံအပြင် ဝူဟန်မြို့ကနေ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ တရုတ်ခရီးသွား အရေအတွက် ၂ သောင်းကျော် ရှိခဲ့ပြီး စင်ကာပူနိုင်ငံကို ၁ သောင်း နီးပါး၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံကို ၁၂၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ လေကြောင်းဌာန အတွင်းရေးမှူးရုံးက ပြောရေးဆိုခွင့်ရှိသူ Chea Oun ကလည်း တရုတ်အစိုးရ အနေနဲ့ ဝူဟန်မြို့ကို ခရီးသွားလာခွင့် မကန့်သတ်သတ်သေးခင် အချိန်အထိ ကမ္ဘောဒီးယားနိုင်ငံကို ဝူဟန်မြို့က တရုတ်ခရီးသွားတွေ လာရောက် လည်ပတ်ခဲ့ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
အခုဆိုရင်တော့ တရုတ်အစိုးရအနေနဲ့ ဝူဟန်မြို့ကို ပိတ်ဆို့ထားတဲ့အတွက် တရုတ်ခရီးသွား ၃၀၀၀ ကျော်ဟာ အခုအချိန်ထိ ကမ္ဘောဒီးယားနိုင်ငံထဲမှာပဲ ရှိနေသေးကြောင်း Chea Oun က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စာဟာ ကမ္ဘောဒီးယားနိုင်ငံကိုလည်း ကူးစက်ခဲ့ပြီ ဖြစ်တဲ့အတွက် ရောဂါ နောက်ထပ် မပြန့်ပွားအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ အထူးဂရုစိုက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက အသက် ၆၀ အရွယ်ရှိပြီ ဖြစ်တဲ့ တရုတ်နိုင်ငံသား Jia Jianhua ဆိုသူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူကို Preah Sihanouk ပြည်နယ် ဆေးရုံမှာ သီးခြား ခွဲထားပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို မိသားစုဝင်တွေနဲ့အတူ လာရောက် လည်ပတ်ခဲ့တဲ့ Jia ဟာ ဝူဟန်မြို့ကို တရုတ်အစိုးရအနေနဲ့ ပိတ်ဆို့မှုတွေ မပြုလုပ်ခင်လေးမှာပဲ လေကြောင်းကနေ လာရောက် လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်နိုင်ငံသားတွေကို လေဆိပ်တွေမှာ အထူးစစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်နေပါတယ်။
ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဖြစ်တဲ့ Mam Bun Heng ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တရုတ်နိုင်ငံသားရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ တရုတ်နိုင်ငံကနေ လာရောက်တဲ့ ခရီးသွားတွေကို နိုင်ငံတော်တော်များများမှာ စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Ref: Bangkokpost
You may also like these stories:
ကလေးများကို ပြုစုပျိုးထောင်ရန် မသင့်တော်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာပါဝင်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံများ