Entertainment

"Mission: Impossible" ရုပ်ရှင်မှာ Henry Cavill ကို စတန့်တွေ မလုပ်ခိုင်းခဲ့တဲ့ Tom Cruise

Want create site? Find Free WordPress Themes and plugins.

မင်းသား Henry Cavill ဟာ “Mission: Impossible — Fallout” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ ပါဝင်ခဲ့စဉ် အချိန်တုန်းက ရင်သပ်ရှုမောဖွယ် စတန့် တချို့ကို ပြသရာမှာ ပါဝင်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် မင်းသား Cavill ဟာ လူတိုင်းကို အသက်အန္တရာယ် ဖြစ်စေမှာကို စိုးရိမ်တဲ့အတွက် မင်းသား Cruise က ပြကွက်တွေကို မလုပ်ခိုင်းခဲ့ဘူးလို့ ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသား Cavill ဟာ “The Graham Norton Show” အစီအစဉ်မှာ အခုလိုမျိုး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား Cavill က “ကျနော် အရမ်းလုပ်ချင်တဲ့ စတန့်ပြကွက်တခုကတော့ ရုပ်ရှင်အစပိုင်းမှာ အမြင့်ပေါ်ကနေ ခုန်ချရမှာပဲ ဖြစ်ပါတယ်။ ကျနော်က အဲ့ဒါကို လုပ်ဖို့တောင်းဆိုခဲ့ပေမယ့် Tom က ငါတို့လည်း မင်းကို အဲ့ဒါ လုပ်စေချင်တယ်၊ ဒါပေမယ့် ငါက ကျွမ်းကျင်သူတွေနဲ့အတူ ငါအဲ့ဒီကိုတက်သွားခဲ့တယ်”

“တကယ်လို့ နည်းနည်းပါးပါး မှားသွားခဲ့မယ်ဆိုရင် သူတို့ ပြင်ဆင်နိုင်မယ်လေ။ အဲ့ဒီမှာ ငါတို့ နှစ်ယောက် တက်သွားလို့ တခုခု မှားယွင်းသွားမယ်ဆိုရင် မင်းက အားလုံးကို သတ်သလို ဖြစ်သွားမယ်လို့ပြောခဲ့ပါတယ်။ ကျနော်ကတော့ အိုကေလို့ ပြန်ပြောခဲ့ပါတယ်”လို့ အစီအစဉ် တင်ဆက်သူ Graham Norton က ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအက်ရှင် ဇာတ်ကားမှာ မင်းသား Cruise ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုခဲ့ပြီးတဲ့နောက် Netflix ကနေ ထုတ်လွှင့်နေတဲ့ “The Witcher” စီးရီးမှာ ကိုယ်ပိုင်စတန့်တွေကို လုပ်ဆောင်ဖို့ အားတက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မင်းသား Cavill က “ကျနော့် စတန့်တိုင်းကို ကိုယ်တိုင် လုပ်ခဲ့ပါတယ်။ စတန့်ပြကွက် တင်ဆက်သူတွေကို အရမ်းလေးစားပါတယ်။ ဒါပေမယ့် စိတ်လှုပ်ရှားခံစားရမယ့် ဇာတ်ဝင်ခန်းဆိုရင်တော့ ကျနော့်နေရာမှာ အစားငိုပေးဖို့ တခြားသရုပ်ဆောင်ကို တောင်းဆိုမှာ မဟုတ်ပါဘူး”

“ကျနော့်အတွက်တော့ အက်ရှင် ဇာတ်ဝင်ခန်းမှာ ဇာတ်ကောင် တည်ရှိဖို့ဆိုတာ တကယ်အရေးကြီးပါတယ်။ ဒါကြောင့် The Witcher လိုမျိုး ဇာတ်ရုပ်မှာ သရုပ်ဆောင်တော့မယ်ဆိုကတည်းက ကျနော်လုပ်နိုင်တဲ့ အရာတွေအားလုံးကို ကျနော်လုပ်ဖို့ သေချာစေခဲ့တာပါ” လို့ ဆိုပါတယ်။

“The Witcher” စီးရီးကို Netflix ကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ စတင်ပြသနေပြီ ဖြစ်ပါတယ်။

Ref: etcanada

You may also like these stories:

အက်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ Tom Cruise ဟာ အသက်ကြီးနေပြီလို့ ‘Jack Reacher’ စာရေးသူဆို

“Mission: Impossible 7” ရုပ်ရှင်မှာ ထပ်မံပါဝင်လာဖွယ် ရှိတဲ့ မင်းသား Henry Cavill

မင်းသား Tom Cruise ရဲ့ စတန့်ပြကွက် လျှို့ဝှက်ချက်တွေကို ပြောပြခဲ့တဲ့ Matt Damon

Did you find apk for android? You can find new Free Android Games and apps.
Loading