• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Tom Cruise ဒုတိယအကြိမ် အော်ငေါက်ပြီးနောက် ရိုက်ကူးရေး အဖွဲ့သားတွေ နုတ်ထွက်

by မစ်ကီ
21 December 2020
in Entertainment
A A
မင်းသား Tom Cruise

မင်းသား Tom Cruise

3.3k
VIEWS
Share on FacebookShare on Twitter

မင်းသား Tom Cruise ဟာ သူ့ရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေကို COVID-19 စည်းကမ်းချက်တွေ ချိုးဖောက်တာကြောင့် ဒုတိယအကြိမ် အော်ငေါက်ခဲ့ပြီးနောက် သူ့ရဲ့ သတ္တမမြောက် “Mission: Impossible” ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ထဲက အဖွဲ့ဝင် ၅ ဦး နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

ရိုက်ကွင်းပေါ်မှာ အကူလက်ထောက် နှစ်ယောက်ဟာ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာခြင်း မရှိဘဲ ရိုက်ကွင်းကို ကိုဗစ်ကင်းစင် နယ်မြေတခုသဖွယ် လုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ပြီးတဲ့နောက် မင်းသားက ဒေါသတကြီးနဲ့ အော်ငေါက်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာမှု မရှိတဲ့ ဘယ်သူ့ကိုမဆို အလုပ်ထုတ်ပစ်မယ်လို့လည်း မင်းသားက ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ၊ Hertfordshire မှာရှိတဲ့ Warner Bros. စတူဒီယိုမှာ မင်းသားက “မင်းတို့ကောင်တွေကို ငါတို့က အလုပ်တွေ ထောင်နဲ့ချီပြီး ဖန်တီးပေးနေတယ်။ ဒါမျိုးနောက်ထပ် ငါလုံး၀ မမြင်ချင်ဘူး။ ပြီးတော့ မင်းတို့ ထပ်လုပ်မယ်ဆိုရင် မင်းတို့ကို အလုပ်ထုတ်ပစ်မယ်။ မင်းတို့ ဒါမျိုး ထပ်လုပ်တာမြင်ရရင် မင်းတို့ အလုပ်ထွက်ရမယ်” ဆိုပြီး အော်ဟစ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအသံသွင်း တိပ်ခွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ The Sun ထံကနေ ပေါက်ကြားလာခဲ့တာဖြစ်ပြီး မကြာမီမှာပဲ သတင်းခေါင်းစဉ် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် မင်းသားဟာ ဝန်ထမ်းတချို့ကိုလည်း အလုပ်ထွက်စာ တင်ဖို့၊ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို သတိကြီးကြီးပေးထားခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်တခုက “ပထမဆုံး ဒေါသထွက်ခဲ့တာက တော်တော်လေးကို ကြီးတယ်။ ဒါပေမဲ့ ကိစ္စတွေက အခုမှ မငြိမ်မသက် ဖြစ်လာတာ မဟုတ်ဘူး။ တင်းမာမှုတွေက လနဲ့ ချီပြီး ဖြစ်တည်လာခဲ့တာ။ ဒါက နောက်ဆုံး ပေါက်ကွဲမှုပဲ။ လူသိရှင်ကြား ဖြစ်လာတော့ ဒေါသက ပိုကြီးလာပြီး ဝန်ထမ်းတွေတော်တော်များများ ထိခိုက်ခဲ့ရတာပဲ”

“ဒါပေမဲ့ Tom က ရိုက်ကူးရေးကို ဆက်လုပ်နိုင်ဖို့ သည်းခံနိုင်စွမ်းကို ကျော်လွန်ခဲ့ပြီမို့လို့ လုံးဝ သည်းမခံတော့တာပါပဲ။ သူ့လိုမျိုး တခြားသူတွေက အရေးတယူ မရှိကြတာကို သူစိတ်မကောင်း ဖြစ်နေခဲ့တာပါ။ အဆုံးသတ်မှာတော့ သူလုပ်နိုင်သမျှ လုပ်ချလိုက်တာပါပဲ”လို့ ဆိုပါတယ်။

မင်းသားနဲ့ Paramount Pictures စတူဒီယိုရဲ့ ကိုယ်စားလှယ်တွေကတော့ အဲ့ဒီသတင်းတွေနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ မပေးသေးပါဘူး။ လောလောဆယ်မှာတော့ မင်းသား Cruise ကတော့ ၂၀၂၀ ပြည့်နှစ်အတွက် နောက်ဆုံး လက်ကျန် ရိုက်ကူးရေးကို အဆုံးသတ်ခဲ့ပြီး အားလပ်ရက်အနားယူမှုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Christopher McQuarrie ရိုက်ကူးနေတဲ့ “Mission: Impossible 7” ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref: aceshowbiz

You may also like these stories:

တရုတ်ဈေးကွက်မှာ အဖွင့်ဝင်ငွေ မလှတဲ့ “Wonder Woman 1984”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
140
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို Tom Cruise မောင်းထုတ်

လာမယ့်နှစ်မှာ ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်မယ့် မင်းသားကြီး အာနိုး

Your Thoughts …
Tags: COVID-19Mission: ImpossibleTom Cruiseစည်းမျဉ်းစည်းကမ်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
The Voice Myanmar Season 3 ပြိုင်ပွဲဝင် ခင်ရတနာစိုး  / Khin Yadanar Soe's Facebook

“အမေ့အတွက် ပိုက်ဆံတွေ ပြန်ရှာပေးချင်တယ်” ဆိုတဲ့ ခင်ရတနာစိုး

Mask မတပ်ဘဲ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ ချီလီသမ္မတ

Mask မတပ်ဘဲ ဓာတ်ပုံ အရိုက်ခံတဲ့ ချီလီသမ္မတ ဒဏ်ရိုက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved