• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

COVID-19 ကြောင့် ရိုက်ကူးရေး နားထားစဉ် ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသု

by ချစ်ပိုး
29 March 2020
in Entertainment
A A
ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု  / Paing Phyoe Thu's Facebook

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု / Paing Phyoe Thu's Facebook

15.1k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ဟာ မတ်လ ၂၆ ရက်နေ့က “ချစ်ခင်စမှော်ရုံ” ဇာတ်ကား ရိုက်ကူးမှု ရပ်နားပြီး အပြန်လမ်းမှာ ကားမတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သုသုတို့ကို သတင်းကြားလို့ စိတ်ပူပြီး ဖုန်းဆက်မေးကြသူများ ရှိသလို တချိူ့ကလည်း ပျောက်နေတာကြာလို့ မေးနေကြသူ မိတ်ဆွေများလည်း ရှိတာမို့ စိတ်မပူကြဖို့အတွက် အခု Facebook ကနေအသိပေးလိုက်ပါတယ်ရှင့်”လို့ ပိုင်ဖြိုးသုက ပရိသတ်တွေကို စိတ်မပူကြဖို့ အခုလိုပဲ ဆိုထားပါတယ်။

“အခုဖြစ်နေတဲ့ COVID-19 ကြောင့် ကိုဏကြီး ရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စ မှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုကို ရပ်နားပြီးပြန်လာတဲ့ လမ်းမှာ သုသုတို့ ယာဉ်မတော်တဆမှု ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာ ထိုင်တဲ့ သုသု မန်နေဂျာနဲ့ ကားဆရာတို့ Air bag ပွင့်သွားတာကြောင့် ဘာမှ မဖြစ်ပါဘူး”

“အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့ သုသုကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရကြပါတယ်။ စိုးရိမ်စရာ မရှိပါ။ မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ် ထိခိုက်မိရုံပါ”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“အရိုးကျိုးတဲ့အထိ မဖြစ်ပါ။ ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌ သုသုတို့ နှစ်ယောက်ကို ဆေးရုံပို့ စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာ လိုက်ရှင်းပေးကြရုံသာမက အိမ်အထိ သုသုတို့ နှစ်ယောက်ကို လိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”

“ကျိုးပဲ့ခြင်း မရှိတဲ့အတွက် အခုလိုအချိန်မှာ ဆေးရုံ မတက်ဖို့ ဆုံးဖြတ်ပြီး အိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်။ ချစ်သော မိတ်ဆွေများနဲ့ ခုနစ်ရက် သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ”လို့ ပိုင်ဖြိုးသုက ဆိုထားပါတယ်။

လက်ရှိ ကမ္ဘာတဝှမ်းမှာ ကူးစက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေကို အပြင်မထွက်ကြဖို့ ပိုင်ဖြိုးသုက အခုလိုပဲ တိုက်တွန်းထားပါတယ်။

“တတ်နိုင်သမျှ အိမ်မှာ နေကြပါ။ မတတ်သာလို့ အပြင်ထွက် အလုပ်လုပ်နေရသူများလည်း မကြာခဏ လက်ကို စနစ်တကျ ဆေးကြော သန့်စင်ပေးကြပါ။ နှာခေါင်းစည်း (Mask) ဝတ်ကြပါ။ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ။ အစာအာဟာရ မျှတအောင် စားပါ။ အားလုံးပဲ ကျန်းမာကြပါ‌စေ။ ဒီ‌ကပ်ရောဂါကြီး အမြန်ချုပ်ငြိမ်းပါစေ”လို့ ပိုင်ဖြိုးက တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး ဒီကပ်ရောဂါဆိုးကြီးကို မြန်မြန်ပြီးဆုံး စေချင်တယ်လို့လည်း ပိုင်ဖြိုးသုက ဆိုပါတယ်။

“အပြင်တွေ လျှောက်မသွားပဲ အိမ်မှာနေရင် ရောဂါမကူးနိုင်ဘူးဆိုပေမယ့် မဖြစ်မနေ အလုပ်သွားကိုသွားမှ ဖြစ်မယ့် လက်လုပ်လက်စားတွေ၊ ရောဂါကူးမှာထက် ကိုယ့်မိသားစု စားစရာ မရှိမှာကို ပိုကြောက်နေရသူတွေ၊ နောက်ပြီး‌တော့ ရှေ့တန်းခံစစ်ကြီးလို့ ခေါ်ရမယ့် ဆေးဘက်ဆိုင်ရာ အမှုထမ်းတွေ အတွက် တွေးကြည့်ရင် ကိုယ်လည်း ဉာဏ် မမီတော့ ဘယ်လိုဖြေရှင်းရမယ် မသိဘဲ ရင်မောတာ တခုပဲသိတယ်။ ဒီ COVID -19 ကြီးကို ပြီးသွားစေချင်တာပဲ သိတော့တယ်”လို့ ပိုင်ဖြိုးသုက ဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၈ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး အနုပညာရှင်များက ပရိသတ်များကို အပြင်မထွက်ကြဖို့၊ လက်ပုံမှန် ဆေးကြဖို့၊ ကိုယ်ခံအားကောင်းဖို့ နေကြဖို့ စတဲ့ အကြောင်းအရာများ တိုက်တွန်းလျက် ရှိပါတယ်။

Your Thoughts …
Tags: COVID-19ဒါရိုက်တာ ဏကြီးပိုင်ဖြိုးသု
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
1.5k

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

by ဧရာဝတီ
8 July 2023
4.6k

ကျနော်တို့က ရှောင်လာရတဲ့ အနုပညာသမားတွေနဲ့ ဖန်တီးမှု အနုပညာလုပ်ငန်းက လူတွေကို ကူညီချင်တယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

Next Post
သရုပ်ဆောင် ပိုင်တံခွန်  / Paing Ta Khon's Facebook

COVID-19 ကြောင့် ပြည်ပက ကမ်းလှမ်းထားတဲ့ ရုပ်ရှင်တွေ ရပ်နားထားတဲ့ ပိုင်တံခွန်

မိုင်းလားမြို့ / ဇော်ဇော် / ဧရာဝတီ

မိုင်းလားဒေသ အဝင်အထွက် ယာယီပိတ်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved