Entertainment

ကိုဗစ်ကာလမှာ Facebook ကနေ စာဖတ်ပြတဲ့ ဒေါင်း

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာလမှာ အနုပညာရှင်များက အိမ်ထဲမှာ နေနေရတဲ့ ပရိသတ်တွေကို နည်းအမျိုးမျိုးနဲ့ ဖျော်ဖြေပေးလျှက်ရှိရာ သရုပ်ဆောင် ဒေါင်းကတော့ သူ့ရဲ့ Facebook Page မှတဆင့် Live လွှင့်ကာ ဝတ္ထုတိုများ ကဗျာများကို ဖတ်ပြနေတာကို တွေ့ရပါတယ်။

ဒီအစီအစဉ်ကိုတော့ ဒေါင်းက ဧပြီလ ၁၅ရက်နေ့က စတင်ခဲ့ပြီး ၂ရက်ခြားတခါ ၃ ရက်ခြားတခါ Live လွှင့်ပြီး စာဖတ်ပြနေတာ ဖြစ်ပါတယ်။

“တပတ်ကို ၃ ရက်လောက် ဖတ်နိုင်အောင် ကြိုးစားပါ့မယ်။ အနည်းဆုံးပေါ့နော်။ ကျနော် ဖတ်ပြတဲ့အစီအစဉ်လေးကို နားထောင်တဲ့အတွက် တခုခု အပျင်းပြေတာဖြစ်ဖြစ်၊ တခုခု သိသွားတာဖြစ်ဖြစ် ဆိုရင် ကျေနပ်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

အခုလိုကာလမှာ စာဖတ်ဖို့အတွက် မအားလပ်တဲ့သူများ၊ အိမ်မှာ နေနေရတဲ့သူများ၊ ရှေ့တန်းမှာရောက်နေတဲ့ ဆရာဝန်၊ ဆရာမများနဲ့ အားလုံးအတွက် ရည်ရွယ်ပြီး သောတဒါန တခု ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

“ရည်ရွယ်တာကတော့ စာဖတ်ဖို့အတွက် မအားတဲ့ အခြေအနေမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် Quarantine ဝင်တဲ့သူတွေ ဆရာဝန်တွေ ရှေ့တန်းမှာထွက်ပြီးရင်ဆိုင်နေရတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ အကုန်လုံးအတွက်ရော၊ လူနာတွေ အတွက်ရော၊ အိမ်ထဲမှာ နေနေရတဲ့သူတွေ အတွက်ရော၊ မဖြစ်မနေ အလုပ်လုပ်နေရတဲ့သူတွေရော အားလုံးကို ရည်ရွယ်ပြီးတော့ လုပ်လိုက်တာပါ”

“ကျနော့်မျက်နှာကြီးကို ကြည့်တာ၊ မကြည့်တာ အရေးမကြီးပါဘူး။ သောတ ဒါနလေးပေါ့။ ဖတ်တတ်သလောက်လေး ဖတ်ပါမယ်” လို့ ဒေါင်းက ပြောပါတယ်။

စာရေးဆရာ မင်းလူရဲ့ ဝတ္ထုများကို အများဆုံးဖတ်ဖြစ်ပြီး ဆရာမြသန်းတင့်၊ ဆရာကျော်ရဲမြင့်၊ ဆရာမင်းသုဝဏ် ၊ ဆရာ ဆူးငှက် ၊ ဆရာမ ခင်ခင်ထူး စတဲ့ဝတ္ထုများကိုလည်း ခွင့်ပြုချက်တောင်းပြီး ဖတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်ဖတ်ပြတဲ့ စွမ်းရည်ကို ပြသဖို့ထက် ရသလေးကို ခံစားရရင် ကျေနပ်ပါပြီ။ ချစ်ခြင်းမေတ္တာတရားဖြင့် နေ့ရက်များကို ကျော်ဖြတ်နိုင်ပါစေ” လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းကတော့ ဒီလို စာဖတ်ပြတဲ့ အစီအစဉ်ကို ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တွေမှာ အများဆုံး ဖတ်ပြနေတာဖြစ်ပါတယ်။

You may also like these stories:

အိန္ဒိယအတွက် ကိုဗစ် ရန်ပုံငွေ ရှာဖွေမှုမှာ ရှာရွတ်ခန် ပါဝင်

COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ

ကိုဗစ်ကာလမှာ ပရဟိတ လုပ်နေတဲ့ သားအတွက် ဂုဏ်ယူနေတဲ့ မေတ္တာ

Did you find apk for android? You can find new Free Android Games and apps.
Loading