Entertainment

အိန္ဒိယအတွက် ကိုဗစ် ရန်ပုံငွေ ရှာဖွေမှုမှာ ရှာရွတ်ခန် ပါဝင်

Want create site? Find Free WordPress Themes and plugins.

ဘောလိဝုဒ် မင်းသား ရှာရွတ်ခန်ဟာ အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ရန်ပုံငွေ ရှာဖွေဖို့ မေလ ၃ ရက်နေ့က ၅ နာရီကြာမြင့်ခဲ့တဲ့ အွန်လိုင်း ပရဟိတအစီအစဉ်အတွင်း ဟာသတွေ ပြောဆိုတာ၊ ပရိသတ်တွေအတွက် သီချင်းဆိုပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မင်းသားခန် အပြင် ခရစ်ကတ်အသင်းခေါင်းဆောင် Virat Kohli ၊ ဟောလိဝုဒ် မင်းသား Will Smith နဲ့ ရော့ခ်အဆိုတော် Mick Jagger တို့ အပါအဝင် အိန္ဒိယရဲ့ နာမည်ကျော်ကြားသူ ၇၀ ကျော်ပါဝင်တဲ့အစီအစဉ်ကို ကြည့်ရှုသူက သိန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

မင်းသားခန်က “ကျနော် ကူညီနိုင်ပါတယ်။ ကူညီပါမယ်။ ကူညီရပါမယ်” လို့ ဆိုပါတယ်။ လူသေဆုံးမှုများခဲ့တဲ့ ဒီလို အကျပ်အတည်း ကာလအတွင်းမှာ အရာခပ်သိမ်း အဆင်ပြေမှာပါလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အဆိုတော် Jagger နဲ့ မင်းသား Smith တို့ကတော့ ကျေးလက်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ရတဲ့ ဒုက္ခအခက်အခဲတွေ၊ အလုပ်ပြုတ်ခဲ့ကြတဲ့ လုပ်သားတွေ၊ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ ချမှတ်ခဲ့တဲ့ နိုင်ငံတဝန်း ပိတ်ဆို့ကန့်သတ်မှု အစီအစဉ်ကြောင့် ဆာလောင် မွတ်သိပ်နေကြတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

အဆိုတော် Jagger က “သူတို့တွေ အလုပ်တွေ ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပါတယ်။ သူတို့နဲ့ သူတို့ရဲ့ မိသားစုက ဆာလောင်နေနိုင်ပါတယ်။ ဒါကြောင့် ကျနော်က ခင်ဗျားတို့ိကို လှူဒါန်းစေချင်တာပါ။ ခင်ဗျားတို့ တတ်နိုင်သလောက် ပေးကြပါ” လို့ ဆိုပါတယ်။

အိန္ဒိယမင်းသမီး Priyanka Chopra နဲ့ မင်းသား Hrithik Roshan တို့ အပါအဝင် ဘောလိဝုဒ် နာမည်ကျော် စတားတွေဟာလည်း လိုအပ်နေသူတွေအတွက် အလှူငွေ ရရှိဖို့ သံစုံအဖွဲ့၊ ကလေးငယ်တွေနဲ့ ပူးပေါင်းပြီး သီချင်းဆိုတာ၊ အင်္ဂလိပ်၊ ဟင်ဒီဘာသာတွေနဲ့ စကားပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

တခြား နာမည်ကျော်တွေကလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ကပ်ရောဂါနဲ့ ရင်ဆိုင်တွေ့နေတဲ့ ရှေ့တန်းမှာ ကျန်းမာရေး လုပ်သားတွေ ဘယ်လိုလုပ်ကိုင်နေရတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

ဘောလိဝုဒ် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Karan Johar နဲ့ Zoya Akhtar တို့ စီစဉ်တဲ့ အဲ့ဒီ အစီအစဉ်ကနေ ရူပီး သန်း ၆၀ ရရှိဖို့ ရည်မှန်းထားခဲ့ပေမယ့် ရူပီး ၃၇ ဒဿမ ၅ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ အလှူငွေတွေကို အခု အကျပ်အတည်း ကာလအတွင်း အစားအစာနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့ ၁၀၀ ကျော်ထံကို လှူဒါန်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက် စာရင်းအရ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါ ကူးစက်ခံရသူ ၄ သောင်းကျော်ရှိပြီး ၁၃၀၆ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

Ref: cnalifestyle

You may also like these stories:

COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ

ကိုဗစ်ကာလမှာ ပရဟိတ လုပ်နေတဲ့ သားအတွက် ဂုဏ်ယူနေတဲ့ မေတ္တာ

သိန်း ၅၀၀ ကျော်တန်ကား မစီးဘဲ ပရိသတ်တွေကို ဖုန်းဘေလ် လှူတဲ့ ဆောင်းအိန္ဒြေထွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading