• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တိုက်စစ်မှူး မောင်မောင်လွင်ကို ဇနီးဖြစ်သူက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုထား

by ယုဖြူဟန်
28 May 2020
in Entertainment
A A
တိုက်စစ်မှူး မောင်မောင်လွင်၊ မခင်ငြိမ်းချမ်း

တိုက်စစ်မှူး မောင်မောင်လွင်၊ မခင်ငြိမ်းချမ်း

46k
VIEWS
Share on FacebookShare on Twitter

မြန်မာ့လက်ရွေးစင် ဘောလုံးသမား မောင်မောင်လွင်ကို အမှု ၂ ခုဖြင့် တရားစွဲဆိုထားတဲ့ ဇနီးဖြစ်သူ ခင်ငြိမ်းချမ်းက အမှုအကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ဒီကိစ္စက သမီးရည်းစား ပြဿနာလည်း မဟုတ်ဘူး။ အိမ်ထောင်ရေးပြဿနာဆိုတော့ ကိုယ်လည်း အရှက်တကွဲတော့ ဘယ်ဖြစ်ချင်မလဲ။ အခုဆိုရင်သွေးလည်း ရှိနေတော့ ကိုယ့်ရင်သွေး မိသားစုအတွက် အကောင်းဆုံးပဲဖြစ်ချင်တာပေါ့။ ဒါပေမဲ့လည်း ကိုယ်က ဘယ်လိုမှ သူနဲ့ ညှိနှိုင်းလို့မှ အဆင်မပြေတော့ ငဲ့ညှာမှု မရှိတော့ ဒီလမ်းကိုပဲရွေးရတာပေါ့” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

အခုလို တရားစွဲဆိုလိုက်တဲ့ အချိန်မှာတော့ ခင်ငြိမ်းချမ်းမှာ မောင်မောင်လွင်နဲ့ ရရှိထားတဲ့ ကိုယ်ဝန်လွယ်ထားရပြီး မောင်မောင်လွင်ရဲ့ဘက်မှ အဆက်အသွယ် တစုံတရာကို ယနေ့အချိန်ထိ မပြုလုပ်ခဲ့တာကြောင့် အမှုဖြစ်လာရတာလို့ ဆိုပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
78
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
92

“ဆက်သွယ်တာတော့ မရှိဘူးရှင့်။ သူ့ဘက်နဲ့ကို လုံးဝ အဆက်အသွယ် မရှိဘူး ဖြစ်နေတာ။ သူ့ဘက်ကကို ဘယ်လိုမှမ ဆက်သွယ်ဘူး။ ကိုယ်ညှိနှိုင်းခဲ့ပေမယ့် သူ့ဘက်က ဆွေးနွေးမှုမှ မရှိခဲ့တာ” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

မောင်မောင်လွင်ကိုတော့ ခင်ငြိမ်းချမ်းက မတ်လ ၂၃ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးမှာ ကွာရှင်းပြတ်စဲခွင့်နှင့် ပစ္စည်းရယူပိုင်ခွင့်အတွက် တရားမမှုဖြင့် တရားစွဲဆိုခဲ့ပြီး မေလ ၂၅ ရက်နေ့မှာတော့ လှိုင်မြို့နယ် တရားရုံးမှာတော့ ဥပဒေပုဒ်မ ၄၁၇ (ကာမလိမ်လည် ပေါင်းသင်းမှု) တို့ဖြင့်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်နဲ့ သူနဲ့ကလည်း အခုမြင်၊ အခုတွေ့ပြီး ကြိုက်ခဲ့တာလည်း မဟုတ်ခဲ့ဘူးလေ။ ရည်းစားသက်တမ်း ၂ နှစ်ကျော် ၃ နှစ်နီးပါးလောက် ရှိတယ်။ ယူပြီးမှ ဒီလိုဖြစ်သွားတယ်။ ကိုယ်ဝန်ပါ ရှိလာတဲ့အချိန်ဆိုတော့ စိတ်ခံစားချက်က တော်တော်ဆိုးတယ်။ ကိုယ်လည်း ကိုယ့်အသိုင်းအဝိုင်း ရှိတယ်။ အရှက်ကွဲခံပြီး ဒီလမ်းကိုရွေးရတာပါ” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

မောင်မောင်လွင်နဲ့ ခင်ငြိမ်းချမ်းကတော့ လက်မထပ်ခင်က ၂ နှစ်ကျော် ၃ နှစ်နီးပါး ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ထပ်ခဲ့ကြဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တရားစွဲဆိုထားတဲ့ အမှုထဲမှ လှိုင်မြို့နယ်တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ကိုတော့ ဇွန်လ ၈ ရက်နေ့ကို ချိန်းဆိုထားပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ တရားမမှု အတွက်တော့ ဇွန်လ ၁၂ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ခင်ငြိမ်းချမ်းတရားစွဲတိုက်စစ်မှူး မောင်မောင်လွင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

by ဧရာဝတီ
22 August 2024
371

စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings အနေနဲ့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံနေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

by ဧရာဝတီ
27 March 2025
353

ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရတာကြောင့် မြန်မာပြည်သူတွေ အားထားနေကြရတဲ့ သတင်းဌာနကြီးဖြစ်တဲ့ အမေရိကန်အသံ (Voice of America – VOA) အသံလွှင့်ဌာနဟာ လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး အပြီးတိုင် ပိတ်သိမ်းခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတာပါ။

၂၀၁၅ ခုနှစ် Virginia tobacco company limited (VTCL) ၏ ၂၂ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား

မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်

by အောင်သီဟ
23 December 2020
26.9k

မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ကို ၎င်း ၏ ဖက်စပ် လုပ်ဖော်ကိုင်ဖက် စင်ကာပူ အခြေစိုက် RMHS ကုမ္ပဏီက တရားစွဲဆိုသွားမည် ဖြစ်သည်။

Next Post
လူရွှင်တော်၊ သရုပ်ဆောင် ဇာဂနာ  / ဧရာဝတီ

သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့

မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်း မပိတ်ခင်အချိန်က အရောင်းအဝယ် လုပ်နေသော ကုန်သည် များကို တွေ့ရစဉ်  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေး ကျောက်ဝိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ရရန် တင်ပြမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved