• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်

by အောင်သီဟ
23 December 2020
in စီးပွားရေး
A A
၂၀၁၅ ခုနှစ် Virginia tobacco company limited (VTCL) ၏ ၂၂ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား

၂၀၁၅ ခုနှစ် Virginia tobacco company limited (VTCL) ၏ ၂၂ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား

26.9k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်၏ ကျောထောက်နောက်ခံ ကုမ္ပဏီတခုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (MEHL) ကို ၎င်း ၏ ဖက်စပ် လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီဖြစ်သည့် စင်ကာပူ အခြေစိုက် RMHS ကုမ္ပဏီက တရားစွဲဆိုသွားမည် ဖြစ် ကြောင်း ထိုကုမ္ပဏီက ယနေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

RMHS နှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် MEHL တို့သည် ၁၉၉၃ ခုနှစ်မှ စတင်၍ Virginia tobacco company limited (VTCL) အား အမှတ်တံဆိပ် လိုင်စင်သုံးစွဲခွင့် မူဘောင်အောက်မှ စီးကရက် ထုတ်လုပ်ရန်နှင့် ဖြန့်ဖြူးရန် အတွက် ဖက်စပ်လုပ်ငန်းအဖြစ် ထူထောင်လုပ်ကိုင်ခဲ့သည်။

ထို VTCL ကုမ္ပဏီသည် Red Ruby နှင့် Premium Gold စီးကရက်များ ထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီတခု ဖြစ် သည်။ အဆိုပါ ကုမ္ပဏီ၌ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က ရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး RMHS ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရှယ်ယာ ထည့်ဝင်ထားသည်။

မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမီတက်သည်၂၀၁၆ ခုနှစ် ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း ထုတ်လုပ်သူများ လိုက်နာရမည့် ဥပဒေများနှင့်အညီ စီးပွားရေး ဦးပိုင်မှ ချုပ်ကိုင်ထားသော ဖြန့်ဖြူးရေး စံစနစ်အား ပြု ပြင်ပြောင်းလဲရန် ပျက်ကွက်ခြင်းနှင့် ကုလသမဂ္ဂ အချက်အလက်များ ရှာဖွေရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ လွတ် ငြိမ်းချမ်းသာခွင့် အဖွဲ့တို့၏ တောင်းဆိုမှုများကို ပျက်ကွက်နေသဖြင့် တရားစွဲဆိုရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း RMHS ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကုမ္ပဏီမှ ရရှိသော အကျိုးအမြတ်များကို စစ်ဆေးမှုများ ပြုလုပ်ရန် သီးခြား လွတ်လပ်သော စာရင်းစစ်အဖွဲ့ ခန့်အပ်ရေး ကိစ္စကိုလည်း မြန်မာ့စီးပွားရေး ဦးပိုင်ဘက်မှာ အမြဲတစေ ငြင်းပယ်ခဲ့ကြောင်း RMHS ကုမ္ပဏီ၏ မီဒီယာ ပြန်ကြားရေး အရာရှိက ဧရာဝတီသို့ ပြောသည်။

MEHL ကုမ္ပဏီသည် VTCL မှ လစဉ် အလှူငွေ ပေးချေမှုများတွင် ပိုမို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန် RMHS ၏ တိုက်တွန်းမှုများကိုလည်း လျစ်လျူရှုထားခဲ့သလို ကိုဗစ်ကာလ အတွင်း၌ပင် VTCL ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များ နှင့် ရပိုင်ခွင့်များကို ဖြတ်တောက်သည့် လုပ်ရပ်သည် ဝန်ထမ်းများအပေါ် လုံးဝ တရားမျှတမှု မရှိကြောင်း ထိုကုမ္ပဏီက ထုတ်ပြန်ထားသည်။

“MEHLရဲ့ အသေးစား ရှယ်ယာရှင်တွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအပေါ် မတရားဖိနှိပ်မှုတွေကို မကျေနပ်တဲ့အတွက် တရားရုံးမှာ ဒီကိစ္စတွေအတွက် တောင်းဆိုသွားမယ်။ မကြာခင်မှာပဲ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တရားရုံးကို လျှောက်ထားသွားမှာပါ” ဟု RMHS ကုမ္ပဏီ၏ မီဒီယာ ပြန်ကြားရေး အရာရှိက ပြောဆိုသည်။

သို့သော် မည်သည့်အချိန် မည်သည့်ပုဒ်မနှင့် မည်သို့ တရားစွဲဆိုမည်ဆိုသည့် အစီအစဉ် အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဂျပန်အခြေစိုက် ကီရင်ဘီယာ လုပ်ငန်းစု လုပ်ဆောင်သလို RMHS ကုမ္ပဏီ အနေဖြင့် MEHL အပေါ် အရေးယူ တုံ့ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း  အထက်ပါ မီဒီယာ ပြန်ကြားရေးအရာရှိက ဆိုသည်။

ဂျပန် လုပ်ငန်းစုကြီးဖြစ်သည့် ဂျပန်ဘီယာကုမ္ပဏီ ကီရင်ဟိုးလ်ဒင်း အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် ဖက်စက် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပစ်ရန် လူ့အခွင့်အရေး အဖွဲ့များ၏ ဖိအားမှုများကြောင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ကို စုံစမ်းစစ်ဆေးရန် စာရင်းစစ် ကုမ္ပဏီ Deloitte ကို ငှားရမ်းခဲ့သည်။

ထို့နောက် ဦးပိုင်လီမီတက်ဘက်ကို လိုသည့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု အသေးစိတ်အချက်အလက်များ ထုတ်ဖော် ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပျက်ကွက်ခဲ့ခြင်းကြောင့် ကီရင်ကုမ္ပဏီက ဦးပိုင် ကုမ္ပဏီကို အမြတ်ဝေ စုခွဲပေးမှုကို ဆိုင်းငံ့ထားခဲ့ကြောင်း ပြီးခဲ့သည့်၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း၌ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ RMHS ကုမ္ပဏီ တရားရုံးသို့ သွားရောက်လိုသည့် ကိစ္စသည် ဦးပိုင်က ဥပဒေပြဋ္ဌာန်းများကို လျစ်လျူရှုခြင်းနှင့် အလုပ်သမား အခွင့်အရေးကိစ္စများထက် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များနောက်ပိုင်း၌ ၎င်းတို့ကို ဖိအားပေးမှုများ ရှိလာခြင်းကြောင့် ယင်းသို့ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ပေးနေသည့် BizLaw Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းတေဇညွှန့်တင်က သုံးသပ်သည်။

“JV (ဖက်စပ်) လုပ်တဲ့ လုပ်ငန်းတခုမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့သူရဲ့ လုပ်ငန်းတခုမှာ သူက အခွင့်အရေးတွေရော တာဝန်တွေရောက ဒီစာချုပ်ပေါ်မှာ အခြေခံပြီး ပါဝင်တဲ့သူတွေ အားလုံးပေါ်မှာ တာဝန်ရှိတယ်။ အဲဒါကိုမှ ဒီနိုင်ငံခြား ကုမ္ပဏီက ဦးပိုင်အပေါ်မှာ ကွက်ပြီး လက်ညှိးထိုးတယ်လို့ ပြောပြောပေါ့။ သူတို့ ပြောဆိုချက်တွေက JV စာချုပ်သဘော သဘာဝတွေ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး စင်ကာပူကုမ္ပဏီ RMHS နှင့် မြန်မာ့ စီးပွားရေးဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်နေသည့် Virginia tobacco company limited (VTCL) သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထိုသတင်းကိစ္စကို သိရှိခြင်း မရှိသေးကြောင်းနှင့် စင်ကာပူကုမ္ပဏီ၏ ထုတ်ပြန်ချက်အတိုင်း သတင်း ရေးသားနိုင်ကြောင်း တာဝန်ရှိသူတဦးက ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ် ၅ ရက် ထုတ်ပြန်ခဲ့သည် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ၏ မြန်မာ့ စီးပွားရေး ကဏ္ဍပေါင်းစုံ တွင် မြန်မာ့တပ်မတော်နှင့် ဆက်နွယ်နေသည့် လုပ်ငန်း ၁၂၀ ခန့် ရှိကြောင်း ဖော်ပြခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင် MEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့၏ လုပ်ငန်းများသည် ကျောက်စိမ်း၊ ပတ္တမြားနှင့် တွင်းထွက် ရတနာတူးဖော်ရေး လုပ်ငန်းများ၊ ကုန်ထုတ်၊ အာမခံ၊ ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပြင် ဘဏ်လုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍအားလုံးနီးပါးတွင် ရှိနေကြောင်း ထိုအစီအရင်ခံစာထဲတွင် ဖော်ထုတ်ခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
237
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ထိုလုပ်ငန်းများက ရရှိသော အကျိုးအမြတ်ငွေများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့်ချီ ထွက်ပြေးသွားခဲ့ရသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင် ဒုက္ခသည်များအပေါ် လူအခွင့်အရေးချိုးဖောက်သည့် စစ်ဆင်ရေးများနှင့် မြန်မာ့တပ်မတော်၏ အခြားသော လူအခွင့်အရေး ချိုးဖောက်သည့် စစ်ဆင်ရေးများအတွက် အသုံးပြုနေကြောင်း FFM က စွပ်စွဲခဲ့သည်။

ယင်းနောက်ပိုင်းတွင် လူ့အခွင့်အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းစုများနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသည် လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇာဝတ်မှုများအတွက် ထောက်ပံ့ပေးရာ ရောက်ခြင်းကြောင့် ပူးပေါင်းလုပ် ဆောင်မှုများ ရပ်ဆိုင်းကြရန် ဖိအားတိုက်တွန်း ပြောဆိုကြလျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံမှ ထိပ်တန်းကုမ္ပဏီများဖြစ်သည့် POSCO နှင့် LOTTE အပါအဝင် စီးပွားရေးလုပ်ငန်းစု ၅ ခုကိုလည်း မြန်မာ့တပ်မတော်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ရှိ နေသည့်အတွက်လည်း တောင်ကိုရီးယား အရပ်ဘက် အဖွဲ့အစည်း၂ ခုနှင့် Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့က တိုက်တွန်း တောင်းဆိုနေလျက် ရှိသည်။

You may also like these stories:

မြန်မာနှင့်ဆက်စပ်သောကြောင့် ဂျပန်ဘီယာ၏ အမေရိကန်တိုးချဲ့ရေး ခြိမ်းခြောက်ခံနေရ

လွှတ်တော်က တပ်မတော်ပိုင် ကြေးနီစီမံကိန်းကို ဘယ်လောက် စိတ်ဝင်စားလဲ

ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ

ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍

Your Thoughts …
Tags: RMHSVirginia tobacco company limited (VTCL)တရားစွဲမြန်မာ့စီးပွားရေးဦးပိုင်အကျိုးတူ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

by ဧရာဝတီ
22 August 2024
371

စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings အနေနဲ့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံနေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

by ဧရာဝတီ
27 March 2025
353

ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရတာကြောင့် မြန်မာပြည်သူတွေ အားထားနေကြရတဲ့ သတင်းဌာနကြီးဖြစ်တဲ့ အမေရိကန်အသံ (Voice of America – VOA) အသံလွှင့်ဌာနဟာ လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး အပြီးတိုင် ပိတ်သိမ်းခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတာပါ။

ဦးပိုင်၏ လုပ်ငန်းခွဲ မြဝတီထရိတ်ဒင်းလီမိတက်ကို ရန်ကုန်ကမ်းနားလမ်းတွင် တွေ့ရစဉ် / ဧရာဝတီ

လုံခြုံရေးစိုးရိမ်သောကြောင့် ဦးပိုင်ရုံးချုပ် နေပြည်တော်ပြောင်းမည်

by ဧရာဝတီ
4 March 2022
17.9k

စစ်ကောင်စီသည် ရန်ကုန်တွင် ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို စိုးရိမ်နေသည်။

Next Post
Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း / Ami Zin Win's Facebook

PPP ရဲ့ လမ်းစဉ်ကို သဘောကျလို့ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်ခဲ့တဲ့ အလှမယ် အေမီဇင်ဝင်း

ဇာတ်မင်းသား ဖိုးချစ် / Phoe Chit's Facebook

ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေတဲ့ ဖိုးချစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved