• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ

by အောင်သီဟ
23 July 2020
in စီးပွားရေး
A A
ကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသ မြင်ကွင်း  / မြတ်ပြည့်ဖြိုး  /  ဧရာဝတီ

ကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသ မြင်ကွင်း / မြတ်ပြည့်ဖြိုး / ဧရာဝတီ

46k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများသည် ၎င်းတို့၏ အကျိုးစီးပွားပိုင်ဆိုင်သူများကို ပွင့်လင်းမြင်သာစွာ တင်ပြရန် ပျက်ကွက်နေကြကြောင်း လန်ဒန် အခြေစိုက် Global Witness အဖွဲ့က ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

သဘာဝ သယံဇာတရင်းမြစ်များမှ အခွန်နှင့် အလွဲသုံးစားမှုများကို စုံစမ်း ဖော်ထုတ်နေသည့် Global Witness၏ Out of the Shadows အစီအရင်ခံစာတွင် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ ဖြစ်သည့် Sai Laung Hein ကုမ္ပဏီ၊ Shwe Gaung Gaung Gem ကုမ္ပဏီလီမိတက် နှင့် Myanmar Andaman Pearl ကုမ္ပဏီ တို့သည် ယင်းတို့၏ အကျိုးအမြတ်ခံစားရသည့် ပိုင်ရှင်များကို စာရင်းသွင်းရန် ပျက်ကွက်ခဲ့ကြောင်း ပါရှိသည်။

ထိုကုမ္ပဏီများအပြင် မြန်မာတပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်အရာရှိများ၊ အရာရှိ(ငြိမ်း) များ၏ ရှယ်ယာ အများအပြား ပါဝင်ပတ်သက်နေသော မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ (UMEHL)၏ အကြီးဆုံး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းဖြစ်သည့် Myanmar Imperial Jade ကလည်း အကျိုးအမြတ် ခံစားရသူများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။

မြန်မာ့စီးပွားရေး ဦးပိုင်သည် ထိုဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွဲ အများအပြားကို ထိန်းချုပ်ထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်ပတ်သက်နေသော မြန်မာဝမ်ပေါင်သတ္တုတွင်းလုပ်ငန်း၊ မြန်မာ ယန်စီ ကြေးနီလီမိတက် တရုတ်ကုမ္ပဏီများသည်လည်း ၎င်းတို့ အကျိုးစီးပွားပိုင်ဆိုင်သူနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များကို မဖော်ပြထားပေ။

ထို့ပြင် နိုင်ငံခြား အစိုးရပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော Cornerstone Resources (မြန်မာ)၊ PC Myanmar (ဟောင်ကောင်) ရန်ကုန်ရုံးခွဲနှင့် Petronas Carigali Myanmar Inc (ရုံးခွဲ) တို့သည်လည်း ၎င်းတို့၏ အချက်အလက်များ ကို အပြည့်အစုံ ဖော်ပြထားရန် ပျက်ကွက်လျက်ရှိကြောင်း Global Witness အစီအရင်ခံစာအရ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ယင်းသို့ ကုမ္ပဏီများက အကျိုးစီးပွား ပိုင်ဆိုင်သူများကို တိကျစွာ ဖော်ပြရန် ပျက်ကွက်နေခြင်းက သယံဇာတ ကြွယ်ဝ သော တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတ ထုတ်ယူမှုနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှု ကင်းမဲ့နေပြီး ထိုဒေသများရှိ အကြမ်းဖက် တိုက်ခိုက်ခြင်းများကို သက်ဆိုးရှည်အောင် ငွေကြေးထောက်ပံ့နေခြင်း ဖြစ်ကြောင်း ထိုအဖွဲ့က ထောက်ပြပြောဆိုထားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီအများစုမှာ တပ်မတော်ပိုင် ကုမ္ပဏီ များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွယ်သော ကုမ္ပဏီများနှင့် ယခင်စစ်အစိုးရ လက်ထက်က အဆင့်မြင့်အရာရှိများနှင့် နီးစပ်သည့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်သည်။

Natural Resource Governance Institute (NRGI) ၏ အကြံပေး ဦးမော်ထွန်းအောင်က “ ဒီဖားကန့်ပြဿနာ က အကျိုးစီးပွားပိုင်ဆိုင်မှု(Beneficial Owners) ကိစ္စတခုတည်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒါကလည်း အရမ်း အရေးပါတဲ့ အပိုင်းမှာတော့ ရှိတယ်။” ဟု ပြောသည်။

သဘာဝသယံဇာတကို ဖျက်ဆီးပြီး အမှန်တကယ် အကျိုးစီးပွား ဖြစ်နေသည့် လူများကို ဖော်ထုတ်နိုင်လေ ဒီမိုကရေစီ အားကောင်းလေ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အစိုးရအနေဖြင့်လည်း လုပ်ဆောင်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုနှင့် နောက်ကွယ်က အမှန်တကယ် အကျိုးအမြတ် ရရှိနေသူများကို ဖော်ထုတ်သည့်ကိစ္စကို ယခုထက်ပို၍ အားကောင်း ကောင်းဖြင့် လုပ်ဆောင်ရန် လိုအပ် မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

ဆက်လက်ပြီး ဦးမော်ထွန်းအောင်က “ဒီသတ္တုတူးဖော်ရေး ကုမ္ပဏီတွေ အသုံးပြုနေရတဲ့ စက်ယန္တရားကြီးတွေ တင်သွင်း တဲ့ ကိစ္စကို လိုက်ကြည့်ရင်လည်း တပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ဘဲ တင်သွင်းလာရတာ သူတို့ ခွင့်ပြုပေးထားတဲ့ အရေ အတွက်နဲ့ တူးဖော်ရေးလုပ်ငန်းတွေမှာ သုံးနေတာနဲ့ နှိုင်းယှဉ်ကြည့်ရင် မျှမယ်လို့ကို မထင်ဘူး။ အဲဒီမှာကတည်းက အဂတိ လိုက်စားမှုတွေ ရှိနေနိုင်ပြီလေ” ဟု သုံးသပ်သည်။

မြန်မာတပ်မတော်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများက တင်သွင်းသည့် အကျိုးစီးပွားပိုင်ဆိုင်မှု အချက်အလက်များနှင့် ပတ်သက်သော မတိကျမှုများနှင့် စိုးရိမ်ရသည့်အချက် အများအပြား ရှိနေပြီး ၎င်းတို့ တင်သွင်းသည့် အချက်များတွင် ၎င်းတို့၏ တရားဝင် ရှယ်ယာရှင်များကို ထုတ်ဖော် ကြေညာထားခြင်း မရှိဘဲ ဖော်ပြထားသည့် အကျိုးစီးပွား ပိုင်ဆိုင်သူ ၃ ဦးကိုလည်း နိုင်ငံရေးနှင့် ပတ်သက်မှု မရှိကြောင်း ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော်လည်း ဖော်ပြကြေညာထားသော အကျိုးစီးပွား ပိုင်ဆိုင်သူ ၃ ဦးသည် လက်ရှိနှင့် ယခင်က အဆင့်မြင့် စစ်အရာရှိများ ဖြစ်နေကြသည်။

ထိုသို့သော ချို့ယွင်းချက်များ အကြား အစိုးရက စစ်ဖက်ဆိုင်ရာ အရာရှိ ၁ ဦး ဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လူ ၂၀၀ ကျော်သေဆုံးခဲ့သည့် ဖားကန့်မြေပြိုမှု စုံစမ်းရေး အဖွဲ့ ခန့်အပ်လိုက်ခြင်းသည် ကြီးမားသော အဖွဲ့အစည်း အကျိုးစီးပွား ပဋိပက္ခ ရှိနိုင်သည်ဟု Global Witness က ထောက်ပြပြောဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင် သည် ၎င်းတို့၏ ရှယ်ယာရှင်များကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည်လည်း ထိုကုမ္ပဏီတွင် တိုက်ရိုက် အကျိုးစီးပွားရှိ၊ မရှိကို ၎င်းတို့အနေဖြင့် မသိနိုင်ကြောင်း ထိုအဖွဲ့ အစည်းက ဆိုသည်။

လက်ရှိအချိန်တွင် ကုမ္ပဏီများ၏ အကျိုးစီးပွားပိုင်ဆိုင်သူများကို ဖော်ပြရန် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာ ထုတ်ပြန်ကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း စုံစမ်းစစ်ဆေးမှုများကို အဓိက ကိုင်တွယ်ဖြေရှင်းပေးရမည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း သဘာဝ သယံဇာတများ ထုတ်ယူရေး ပွင့်လင်းမြင်သာမှုအဖွဲ့ EITI ၏ မြန်မာနိုင်ငံ ဆိုင်ရာတာဝန်ခံ ဒေါ်မိုးမိုးထွန်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “အမိန့်ကြေညာစာအရ ၅ ရာခိုင်နှုန်းနှင့် အထက်ပိုင်ဆိုင်တယ် ဆိုရင်ကို ထုတ်ပြန်ရမှာဖြစ်တယ်။ အဲဒီ မထုတ်ပြန် တဲ့ ကုမ္ပဏီကလည်း မြန်မာ့စီးပွားရေးဦးပိုင်(UMEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ပေါ့။ အဲဒီတော့ ဒီတပ်မတော်ရဲ့ ကျောထောက်နောက်ခံရှိနေတဲ့ ဒီကုမ္ပဏီတွေက သမ္မတအမိန့်ကိုတောင် ကျော်လွန်ပြီး လုပ်နေတာ ” ဟု သုံးသပ်သည်။

Global Witness ၏ အစီအရင်ခံစာ အရ သတ္တုတွင်းကဏ္ဍရှိ ကုမ္ပဏီ ၁၆၂ အနက် ၂၄ခု (၁၅ ရာခိုင်နှုန်း)သည် အကျိုး စီးပွားပိုင်ဆိုင်မှု ကိစ္စရပ်များ ထုတ်ဖော်ခြင်း တကြိမ်တခါမျှ မပြုလုပ်ထားဘဲ ၁၇ ခု ( ၁၀ ရာခိုင်နှုန်း) သည် အချိန် နောက်ကျပြီးမှ တင်ပြလေ့ရှိကြပြီး တင်ပြလာသော များပြားသော ဖိုင်များတွင်လည်း အကျိုးခံစားခွင့်ဆိုင်ရာ ပိုင်ဆိုင်မှု အချက်အလက်များကို မပြည့်မစုံသာ ဖော်ပြလေ့ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ယင်းသို့ လိုက်နာမှုမရှိသော ကုမ္ပဏီများထံမှ လုပ်ငန်းလိုင်စင် ရုတ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ဒဏ်ငွေချမှတ်ခြင်း အစရှိသည့် အစီအမံများဖြင့် ထိုကုမ္ပဏီများကို လိုက်နာဆောင်ရွက်လာအောင် လုပ်သင့်ကြောင်း မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းထားသည်။

ဆက်စပ်ဖတ်ရှုရန်

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

လွှတ်တော်က တပ်မတော်ပိုင် ကြေးနီစီမံကိန်းကို ဘယ်လောက် စိတ်ဝင်စားလဲ

ကျောက်မျက်ကျောက်စိမ်း မှောင်ခိုမှုကြောင့် ဘီလျံချီ ဆုံးရှုံးနေ

သယံဇာတ ကဏ္ဍရှိ ပိုင်ဆိုင်မှုများ ဖော်ပြမည့် အစီရင်ခံစာ ထုတ်ပြန်မည်

Your Thoughts …
Tags: Global Witnessကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတပ်မတော်ဖားကန့်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ပန်ဝါဒေသ မြေရှားသတ္တုလုပ်ငန်း ပြန်စဖို့ KIA ပြင်ဆင်

ပန်ဝါဒေသ မြေရှားသတ္တုလုပ်ငန်း ပြန်စဖို့ KIA ပြင်ဆင်

by ဧရာဝတီ
14 November 2024
3.7k

ကချင်ပြည်နယ်၊ ပန်ဝါ-ချီဖွေဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ရေးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများနှင့် တရုတ်လုပ်ငန်းရှင်များကြား ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

Next Post
အသတ်ခံလိုက်ရပြီဆိုသည့် ၃ ဦးအနက်မှ ခိုင်မောင်လုံးနှင့် ခိုင်မောင်ခင်ဝင်း

AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို

AA ဘက်မှ ထုတ်ပြန်ထားသည့် စစ်သုံ့ပန်းများပုံကို ဖော်ပြထားစဉ်  / AA သတင်းပြန်ကြားရေးဌာန

မင်းပြား တိုက်ပွဲအတွင်း တပ်မတော်သား တချို့ဖမ်းဆီးရမိ ဟု AA ထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved