Entertainment

သရုပ်ဆောင် ရှိန်းတင်ထူးရဲ့ မိဘနှစ်ပါး COVID-19 ကူးစက်ခံထားရ

Want create site? Find Free WordPress Themes and plugins.

“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ရှိန်းတင်ထူးကတော့ သူ့ရဲ့ မိဘနှစ်ပါးထံမှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ ပရိသတ်တွေကို အသိပေး ပြောပြထားပါတယ်။

“ဖေဖေနဲ့ မေမေကတော့ Positive တဲ့။ ကျနော်ကလည်း Quarantine ဝင်ရတာပေါ့။ ပုံတွေ မတင်ဖြစ်တာလည်း ဒါကြောင့်ပါဗျ။ အတတ်နိုင်ဆုံး ကျနော်ပုံတွေ ဗီဒီယိုတွေနဲ့အတူ ပြန်လာခဲ့ပါမယ်”လို့ ရှိန်းတင်ထူးက ပြောပါတယ်။

ဒီအကြောင်းအရာကိုတော့ လွန်ခဲ့တဲ့ ၂ ရက်ခန့်က အသိပေးထားတာဖြစ်ပြီး အိမ်ထဲက မထွက်တာ ၄ လလောက် ရှိပြီဆိုပေမယ့် ဘယ်လိုဖြစ်လဲဆိုတာကို မပြောတတ်ဘူးလို့ ဆိုပါတယ်။

“အားလုံးလည်း ဂရုစိုက်ကြပါ။ ကျနော်ဆို အိမ်ထဲကနေ မထွက်တာ ၄ လလောက် ရှိပြီ။ ဘယ်လိုဖြစ်လဲတော့ မပြောတတ်ဘူးပေါ့ဗျာ” လို့ ရှိန်းတင်ထူးက ပြောပါတယ်။

အခု လက်ရှိမှာတော့ ဟိုတယ် Quarantine ဝင်ရောက်နေပြီး ဆေးစစ်ချက် အဖြေအရ ရှိန်းတင်ထူးက Negative ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ရှိန်းတင်ထူး (ဓာတ်ပုံ – Shein Tin Htoo’s Facebook)

“ဘဝမှာ အထီးကျန်ဆုံးအချိန်နဲ့ စိတ်အပူဆုံးအချိန်ကို ပြပါဆို ဒီအချိန်တွေပဲ ဖြစ်လိမ့်မယ်။ တော်သေးတာပေါ့ဗျာ။ အကောင်းဘက်ကပဲ တွေးပေးတတ်တဲ့ စိတ်လေးကို အမေ ပေးထားလို့၊ တည်ငြိမ်တဲ့ စိတ်လေးကိုလည်း အဖေက ပေးထားလို့။ မဟုတ်ရင် Depression ဝင်ပြီး လူ့အသိုင်းအဝိုင်းနဲ့အဆက်အသွယ် ပြတ်နေလောက်ပြီ။ ပခုံးတွေ ကောင်းလို့ ကံတရားကိုလည်း ကျေးဇူးတင်မိတယ်” လို့ ရှိန်းတင်ထူးက ပြောပါတယ်။

ခံစားချက်တွေကို တယောက်တည်း မျိုသိပ်ခံစားတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်မိပြီး ၂၀၂၀ ကိုတော့ စိတ်ဆိုးမိတယ်လို့ ဆိုပါတယ်။

“ကျနော့် ခံစားချက်တွေကို ကျနော် တယောက်ပဲ မျိုသိပ်ပြီး ခံစားတတ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်မိတယ်။ အမြဲတမ်း ရယ်နေပြုံးနေနိုင်တယ်ဆိုတာ လွယ်တော့ မလွယ်ဘူးဗျ။ မျက်နှာပိုး မသေလို့လည်း တခြားလူတွေကလည်း ပြောကြတယ်။ ဘယ်သူတွေ ဘာပဲပြောပြောဗျာ။ ကိုယ့်ကိုယ်ကိုယ် တအားတော်တယ်လို့ ထင်တယ်။ ဆရာကြီးပေါ့ဗျာ။ ၂၀၂၀ ကိုတော့ နည်းနည်းစိတ်ဆိုးမိတယ်” လို့ ရှိန်းတင်ထူးက ပြောပါတယ်။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိထားတဲ့ ရှိန်းတင်ထူးကတော့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပြီး မော်ဒယ်၊ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ NLD ကို ဝန်းရံတာပါ”လို့ သံသာဝင်း ပြော

မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် စည်ဖြိုးတို့ စုံတွဲ

ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်

Did you find apk for android? You can find new Free Android Games and apps.
Loading