• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုယ်တိုင် ဆုံးဖြတ်ပြီး ပထမဆုံး မဲပေးခဲ့တဲ့ သရုပ်ဆောင် ဝင်းခန့်မိုး

by ချစ်ပိုး
9 November 2020
in Entertainment
A A
First Time Voter တဦးဖြစ်တဲ့ ဝင်းခန့်မိုး / Win Khant Moe's Facebook

First Time Voter တဦးဖြစ်တဲ့ ဝင်းခန့်မိုး / Win Khant Moe's Facebook

8.1k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပထမဆုံးအကြိမ် မဲပေးခဲ့တဲ့ သရုပ်ဆောင် ဝင်းခန့်မိုးက မဲပေးရတဲ့ ခံစားချက်ကို အခုလိုပဲ ပြောပါတယ်။

“မဲပေးရတဲ့ ခံစားချက်ဆိုရင်တော့ ပထမဆုံး ပေးဖူးတာဆိုတော့ ရင်ခုန်တယ်။ ဒီပါတီကို တက်စေချင်ဆိုပြီး ကိုယ်တိုင်မဲပေးရတော့ ရင်ခုန်တယ်။ ကျနော် ပထမဆုံး မဲပေးရတုန်းက အဲ့မှာ လူတွေ ကျပ်မယ် ထင်ထားတာ။ ကျနော်သွားတဲ့အချိန်က ထမင်းစားချိန်လောက်ဆိုတော့ အမြန်ပေးလိုက်ရတယ်”လို့ ဝင်းခန့်မိုးက ဧရာဝတီကို ပြောပါတယ်။

မဲပေးတဲ့အခါမှာ လူကြီးတွေနဲ့လည်း တိုင်ပင်ခဲ့ပြီး ကိုယ်ဘယ်ပါတီကို ပေးမယ်ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် လူကြီးတွေနဲ့လည်း တိုင်ပင်ပါတယ်။ မဲပေးဖို့ ဘယ်ပါတီကို ပေးရမလဲ။ ဘယ်ပါတီက ဘာတွေ လုပ်ခဲ့လဲ။ ပါတီနောက်ကြောင်းတွေ သေချာ လူကြီးတွေကို မေးတယ်။ သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်။ စာတွေ ဖတ်တယ်။ ပေးသင့်ပေးထိုက်တဲ့ ပါတီကို ကျနော်စိတ်ထဲ သိလာတယ်”

“ကျနော့် အဖေကလည်း ဒီပါတီ မပေးရဘူး၊ ဒီပါတီပေးဆိုပြီး မပြောဘူး။ မင်းဘာမင်း ကြိုက်တာပေး။ ဘယ်တီကိုပေးရင် ဘယ်လိုမျိုးရှိတယ် ဆိုတာတော့ ပြောပြတယ်။ အဲ့မှာ ကျနော့်ဘာသာ ဆုံးဖြတ်ပြီးပေးရတယ်” လို့ ဝင်းခန့်မိုးက ပြောပါတယ်။

ရွေးကောက်ပွဲ အဖြေကိုလည်း စိတ်လှုပ်ရှားပြီး တက်လာတဲ့ ရလာဒ်အပေါ်လည်း တော်တော်လေး ကျေနပ်တယ်လို့ ဆိုပါတယ်။

First Time Voter တဦးဖြစ်တဲ့ ဝင်းခန့်မိုး (ဓာတ်ပုံ – Win Khant Moe’s Facebook)

“ကျနော် မနေ့ညက သတင်းတွေ ကြည့်ဖြစ်တယ်။ မျိုးစုံတက်လာတဲ့ သတင်းတွေပေါ် မူတည်ပြီး စိတ်လှုပ်ရှားမှု အရှိန်နှုန်းကလည်း မြင့်တယ်။ ကျနော်ပေးတဲ့ ပါတီများ ရှုံးမလား၊ နိုင်မလား စိတ်ပူနေတာ။ ကျနော် အခုတက်လာတဲ့ သတင်းတွေအရ ရလဒ်တွေတော့ ကျနော် တော်တော်လေး ကျေနပ်အားရပါတယ်”လို့ ဝင်းခန့်မိုးက ပြောပါတယ်။

အနုပညာရှင်တယောက် ဖြစ်တာကြောင့် ဘယ်ပါတီကို မဲပေးတယ်ဆိုတာတော့ မပြောပြချင်ဘူးလို့ ဆိုပါတယ်။

“ကျနော်ပေးတဲ့ ပါတီကို မဲပေးတယ် ဆိုတာတော့ ပြောပြရဲပါတယ်။ ဒါပေမဲ့ အနုပညာရှင် ဖြစ်တဲ့အတွက် ဘယ်ပါတီကို မဲပေးတယ်ဆိုတာတော့ မပြောပြတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ လူတွေက တယောက်နဲ့ တယောက် ဖြတ်သန်းနေရတဲ့ အနေအထားက မတူဘူးလေ။ အဲ့အတွက် တယောက်နဲ့ တယောက် အမြင်မတူနိုင်တဲ့အတွက် ကျနော် မပြောပြတော့ပါဘူး။ ကျနော် ဘာပေးလဲ အားလုံးလည်း သိပြီးသားဖြစ်မှာပါ”လို့ ဝင်းခန့်မိုးက ပြောပါတယ်။

ပါတီနိုင်တာကို အောင်ပွဲခံတာမျိုးတော့ မလုပ်စေချင်ဘူးလို့ ဝင်းခန့်မိုးက ဆိုပြီး အိမ်ကနေပဲ ပျော်ကြပါလို့ ပြောပါတယ်။

“လူအများနဲ့ မဲရလဒ် စောင့်နေတာတော့ သဘောတော့ မကျဘူးပေါ့နော်။ အောင်ပွဲခံတာ ကြည့်ရတာ ပျော်တယ်။ ဒါပေမဲ့ အရမ်းအန္တရာယ်များပါတယ်။ ကျနော်လည်း နားလည်တယ်။ ကိုယ်မဲပေးတဲ့ ပါတီနိုင်တာကို အောင်ပွဲခံတာမျိုးတော့ မလုပ်ပါနဲ့ဦးပဲ ပြောချင်တယ်။ သူတို့ကို အိမ်ကနေပဲ ဆုတောင်းပေးနေပါတယ်။ အခုချိန်မှာ ပျော်နေရမှာ အခုလို ရောဂါတွေ ဖြစ်နေတော့ အိမ်ကနေပဲ ပျော်ကြပါ”လို့ ဝင်းခန့်မိုးက ပြောပါတယ်။

သရုပ်ဆောင် ဝင်းခန့်မိုးကတော့ အကယ်ဒမီ ချိုပြုံးရဲ့ မြေး ဖြစ်ပြီး အကယ်ဒမီ ရွှေကြိုမောင်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တာပါ။ ဒါ့အပြင် ဝင်းခန့်မိုးက ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

သရုပ်ဆောင် ရှိန်းတင်ထူးရဲ့ မိဘနှစ်ပါး COVID-19 ကူးစက်ခံထားရ

၂၀၂၀ ရွေးကောက်ပွဲမှာ အနုပညာရှင်များ ပိုမိုတက်ကြွစွာ ပါဝင်လာ

လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုကောင်းတဲ့ အစိုးရကို လိုချင်တဲ့ မိုးယံဇွန်

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲပထမဆုံးပါတီမဲပေးဝင်းခန့်မိုး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

ဘယ်သူတွေနဲ့ ရွေးကောက်ပွဲလုပ်မှာလဲ (ရုပ်/သံ)

ဘယ်သူတွေနဲ့ ရွေးကောက်ပွဲလုပ်မှာလဲ (ရုပ်/သံ)

by မိုးသောက်
22 June 2024
1.3k

အုပ်ချုပ်ရေးနယ်မြေတွေအများပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်လာပြန်ပါတယ်။

စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား

စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား

by ဧရာဝတီ
5 November 2024
1.1k

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်မှုအား စစ်ရှုံးနေချိန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်သို့ သူ၏ ပထမဆုံးတရားဝင်ခရီး စတင်သည်။

အိန္ဒိယဆွေးနွေးပွဲက တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတာ(ရုပ်/သံ)

အိန္ဒိယဆွေးနွေးပွဲက တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတာ(ရုပ်/သံ)

by ဧရာဝတီ
7 November 2024
498

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်တာကျင်းပနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲဟာ နိုင်ငံရေး စားပွဲဝိုင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတဲ့ဆွေးနွေးပွဲလို့ ပွဲအခြေအနေသိရှိသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံရေးပလက်ဖောင်းကို မဖျက်ဆီးနဲ့လို့ ဦးကိုကိုကြီး ပြော (ရုပ်/သံ)

နိုင်ငံရေးပလက်ဖောင်းကို မဖျက်ဆီးနဲ့လို့ ဦးကိုကိုကြီး ပြော (ရုပ်/သံ)

by ဧရာဝတီ
22 November 2025
302

အာဏာရှင်ရွေးကောက်ပွဲကို မဲမပေးကြဖို့တိုက်တွန်းလှုံ့ဆော်နေကြသူတွေအနေနဲ့နိုင်ငံရေး ပလက်ဖောင်းကို မဖျက်ဆီးကြပါနဲ့လို့ ပြည်သူ့ပါတီ (PP) ရဲ့ခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသွားပါတယ်။

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

by ဧရာဝတီ
29 November 2025
250

ရုပ်ရှင်သရုပ်ဆောင်နေအောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် မီဒီယာတခုနဲ့အင်တာဗျူးမှာ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူအားလုံးကို သတ်ဖို့ ပြောသွားပါတယ်။ ဒါ့အပြင် စစ်တပ်သာမကာကွယ်ရင် လူတွေအားလုံး ဘဝပျက်နေပြီလို့လည်း ပြောသွားပါတယ်။

Next Post
SNLD မဲဆွယ်စည်းရုံးရေးပုံ / SNLD

ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ

--

လွှတ်တော်ထဲ မရောက်ပေမယ့် ပြင်ပကနေ ပံ့ပိုးတဲ့ အလုပ်တွေ လုပ်သွားမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved