နာမည်ကျော် မင်းသား Bruce Willis ဟာ Mask မတပ်ခဲ့တဲ့အတွက် တခြားဝယ်သူတွေကို စိတ်ဆိုးဒေါသထွက်စေခဲ့တာကြောင့် ဆေးဆိုင်တဆိုင်ရဲ့ အထဲကနေ နှင်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မင်းသားဟာ အများပြည်သူ ရှေ့မှောက်မှာ Mask မတပ်ခဲ့တာဟာ “ဆင်ခြင်တုံတရားမှာ ပြဿနာ ရှိခဲ့လို့သာ” ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
Die Hard မင်းသား Bruce ဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့မှရှိတဲ့ Rite Aid ဆေးဆိုင်တဆိုင်မှာ မျက်နှာကို အကာအကွယ်လုပ်မထားဘဲ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေကို မင်းသားက အခုလိုမျိုး တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
PEOPLE မီဒီယာထံ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ သူက “ဆင်ခြင်တုံတရားမှာ ပြဿနာ ရှိခဲ့တာပါ။ လူတိုင်း အန္တရာယ်ကင်းကြပါစေ။ ဆက်ပြီးတော့လည်း Mask တပ်ကြပါစို့” လို့ ပြောဆိုထားပါတယ်။
သတင်းတွေရဲ့အဆိုအရ မင်းသား Bruce ဟာ Mask မတပ်ထားခဲ့တဲ့အတွက် တခြားဝယ်သူတွေကို စိတ်ဆိုးမှုတွေ ဖြစ်ပေါ်စေခဲ့လို့ ဆေးဆိုင်ထဲကနေ နှင်ထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မင်းသားရဲ့ လည်ပင်းမှာတော့ လက်ကိုင်ပုဝါ အကြီးတခုကို ပတ်ထားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးကို မျက်နှာ အကာအကွယ်မရှိဘဲ မြင်တွေ့ခဲ့ရပေမယ့် မင်းသားဟာ ဈေးဝယ်တာမျိုး မလုပ်ဘဲ လမ်းလျှောက်ထွက်နေခြင်းသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ကပ်ရောဂါကာလအစောပိုင်းတုန်းကလည်း မင်းသားဟာ ဇနီးဟောင်း Demi Moore ၊ သမီးတွေနဲ့အတူ အီဒါဟို ပြည်နယ်မှာ Quaratine ဝင်ခဲ့ရပါတယ်။ မူလတုန်းကတော့ မင်းသားဟာ လက်ရှိဇနီး Emma ၊ သမီးနှစ်ယောက်နဲ့အတူ လော့စ်အင်ဂျလိစ်မြို့မှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် မေလတုန်းကတော့ ဇနီးသည် Emma ဟာ အီဒါဟိုပြည်နယ်ကို ကလေးတွေနဲ့အတူ သွားရောက်ခဲ့ပြီး တခြားမိသားစုဝင်တွေကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက Bruce ရဲ့ သမီးတဦးဟာ ပန်းခြံထဲမှာ ပစ်ထားတဲ့ ဆေးထိုးအပ်တချောင်းကို တက်နင်းခဲ့မိတာကြောင့် လက်ရှိ ဇနီး Emma နဲ့ အတူတူ Quaratine ဝင်ခဲ့ရခြင်း မရှိခဲ့ဘဲ ဆေးစစ်မှုတွေကို ခံယူခဲ့ရပါသေးတယ်။
Ref:asiaone