• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အာဏာသိမ်းတာ နောင်လာမယ့် မျိုးဆက်ကို အများကြီး ရိုက်ခတ်နိုင်တယ်”

by ချစ်ပိုး
4 February 2021
in Entertainment
A A
အဆိုတော် ရန်ရန်ချမ်း / Yan Yan Chan's Facebook

အဆိုတော် ရန်ရန်ချမ်း / Yan Yan Chan's Facebook

11.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် ပြည်သူများက သူတို့ရဲ့ ဆန္ဒများကို ဆိုရှယ်မီဒီယာများကတဆင့် ထုတ်ဖော်နေကြသလို အနုပညာရှင် အချို့ကလည်း သူတို့ရဲ့ ရပ်တည်မှုများကို ထုတ်ဖော် ပြောပေမယ့် ဂီတအစည်းအရုံးက မဝန်းရံတဲ့အပေါ် ဘာမှ မပြောလိုဘူးလို့ အဆိုတော် ရန်ရန်ချမ်းက ဆိုပါတယ်။

“တတိုင်းပြည်လုံးနဲ့ အတူတူပါပဲ။ ကျနော်တို့အတွက် ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့။ တတိုင်းပြည်လုံး ကိုယ်စားပြောချင်တာ အဆင်မပြေဘူးဗျာ။ ဂီတအစည်းအရုံး ဝန်းရံတာ၊ မရံတာ တခြားသူတွေ ဝန်းရံတာ၊ မရံတာအတွက်တော့ ကျနော် ဘာမှ မပြောချင်ပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပေါ့။ ကျနော်တို့လည်း ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပေါ့။ ကျနော် ဘာမှ မပြောလိုပါဘူး။ သူတို့ သဘောပါ။ ကောလာဟလ သတင်းတွေတော့ နားမထောင်ပါနဲ့”လို့ ရန်ရန်ချမ်းက ပြောပါတယ်။

အခုလို စစ်တပ်က အာဏာသိမ်းလိုက်တာဟာ နောင်လာမယ့် မျိုးဆက်တွေကို ရိုက်ခတ်နိုင်တယ်လို့ ရန်ရန်ချမ်းက ဆိုပါတယ်။

“အာဏာသိမ်းလိုက်တာက နောင်လာမယ့် မျိုးဆက်တွေကို ရိုက်ခတ်တာပေါ့ဗျာ။ ဘာတွေဖြစ်ဦးမလဲ ဆိုတာ ကျနော်တို့က အရှေ့မှာ ကြုံခဲ့ပြီးပြီ။ အများကြီး ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်။ ကျနော့်မှာ သားလေး ရှိတယ်။ ကျနော် ငယ်ငယ်ကအတိုင်း သူအခု ကြုံနေရတယ်။ ကျနော်တို့ မိသားစုမှ မဟုတ်ဘူး။ မိသားစုတိုင်း ကြုံနေရတာပါ။ လူကြီးတွေ ညှိနှိုင်းစေချင်တယ်။ ဆွေးနွေးစေချင်တယ်။ အေးအေးဆေးဆေးနဲ့ ပြီးသွားစေချင်တယ်။ တိုင်းပြည်ကောင်းဖို့ အချိန်ရောက်နေပြီ။ လူကြီးတွေ ပြည်သူတွေကို ပြန်ကြည့်ပေးကြပါ”လို့ ရန်ရန်ချမ်းက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် “ACID Beyond Y2K” ပွဲကိုလည်း ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ရက်ရွှေ့လိုက်တဲ့ “ACID Beyond Y2K” ပွဲ

“ကျနော်တို့ တတိုင်းပြည်လုံး ဖြစ်တာဆိုတော့ ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့က ဒီပွဲကို ၂၀၂၀ ကတည်းက လုပ်ချင်တာပါ။ ကိုဗစ်ကြောင့် ဘာမှ လုပ်ခွင့်မရဘူး။ ကိုဗစ် နည်းနည်းလေး ပြန်ပါးချိန်မှာ နှစ်စလေးမှာ လုပ်ချင်လို့ ဒီဇင်ဘာမှာ စီစဉ်တယ်။ အဲ့ကနေ ဇန်နဝါရီကို ရွှေ့လိုက်တယ်။ ပွဲတွေ အရမ်းကျပ်နေတာနဲ့ ဖေဖော်ဝါရီကို ရွှေ့လိုက်တယ်။ အခုလည်း တိုင်းပြည်အခြေအနေကြောင့် ထပ်ပြီး ရက်ရွှေ့ထားတယ်”လို့ ရန်ရန်ချမ်းက ပြောပါတယ်။

ACID အဖွဲ့ရဲ့ “Beyond Y2K” ဖျော်ဖြေပွဲကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ည ၇ နာရီအချိန်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ရက်ရွှေ့ထားတာ ဖြစ်ပါတယ်။

You may also like these stories:

“မျိုးဆက်သစ်အတွက် ကျနော်တို့ လုပ်ရပ်တွေက တန်ဖိုးရှိပါတယ်”လို့ ဒေါင်း ဆို

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

“ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်

Your Thoughts …
Tags: စစ်တပ်နိုင်ငံရေးမျိုးဆက်ရန်ရန်ချမ်းအာဏာသိမ်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

Next Post
တိုကျိုအိုလံပစ် ပြိုင်ပွဲကြီးကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပသွားမှာပါ။

တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် ကနဦး စည်းကမ်းချက်များ ထုတ်ပြန်

၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလက မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ထီးလိုမင်းလို ဘုရား ထီးတော်တင်စဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့ကို တွေ့ရစဉ်

USDP အပါအဝင် ၂၃ ပါတီ တပ်မတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved