• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်”လို့ အနုပညာရှင်များ ဆို

by ချစ်ပိုး
1 March 2021
in Entertainment
A A
အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ အနုပညာရှင်များ

အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ အနုပညာရှင်များ

7.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းလိုက်ပြီးနောက် ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းစွာ ယနေ့ ချိန်ထိ ဆန္ဒဖော်ထုတ်လျက် ရှိပါတယ်။ ဆန္ဒပြပွဲတွေအတွင်းမှာ လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေ ရှိတဲ့အပေါ် အနုပညာရှင်များက အခုလိုပဲ ဆိုကြပါတယ်။

အဆိုတော် မိစန္ဒီ

“အကြမ်းဖက် ပစ်ခတ်နေတာ အရမ်းရက်စက်တယ်လို့ မြင်တယ်။ အပြစ်မဲ့ ပြည်သူတွေ၊ လူငယ်တွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်။ ငိုလည်း ငိုရတယ်။ မတရားဘူးလို့ မြင်တယ်။ တရားမျှတတဲ့ နိုင်ငံတော် တည်ဆောက်တဲ့အခါမှာ ဒီလိုမျိုးတွေ မြင်ရတာ အသည်းနာတယ်။ ပြည်သူတယောက်အနေနဲ့ စိတ်မကောင်းဘူး။ ကိုယ်လည်း ကူညီချင်ပေမယ့် ဘာလုပ်ပေးရမှန်း မသိဘူး။ ဆန္ဒဖော်ထုတ်မယ်။ CDM သမားတွေကို ကူညီတာကလွဲပြီး ဘာမှ မလုပ်ပေးတတ်ဘူး”

အဆိုတော် G Fatt

“ကျနော်တို့မှာ ဆိုင်းဘုတ်နဲ့ ကြွေးကြော်သံပဲ ပိုင်တာ။ ကျနော်တို့မှာ လက်နက်လည်း မရှိဘူး။ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ အဲ့အတွက် သက်ညှာစေချင်ပါတယ်။ ပစ်သတ်တဲ့ ကိစ္စတွေက ခံလိုက်ရတဲ့ လူငယ်၊ ပြည်သူလူထုနဲ့ ထပ်တူ ကျနော်တို့ကို ပစ်လိုက်သလိုပါပဲ။ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့သူတွေ အားလုံး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပါတယ်။ ဆက်ပြီးလည်း အာဇာနည်တွေ မကြွေလွင့်ပါရစေနဲ့လို့ ဆန္ဒပြုပါတယ်”

အဆိုတော် မီးနို

“ပြည်သူတွေက ဘာလက်နက် ရှိမှာလဲ။ ပြည်သူတွေက ပစ်လည်း ခဲတို့၊ လေးခွတို့နဲ့လောက်ပဲ ပစ်မှာပဲ။ မခံမရပ်နိုင် ဖြစ်စေလည်း ခဲနဲ့ပစ်ရင် ပြန်ပစ်ပေါ့။ လေးခွနဲ့ပစ် လေးခွနဲ့ ပြန်ပစ်ပေါ့။ သေနတ်နဲ့ ပစ်တာကြီးကတော့ အရမ်း ဆိုးဝါးတယ်လို့ မြင်တယ်။ မီးနိုတို့က ဘာသာရေး ကိုင်းရှိုင်း ယုံကြည်တယ်။ သူတို့ လက်ရှိ ဘာမှ မဖြစ်ရင်တောင် နောင်ဘဝ သူတို့ ပြန်ခံရမယ်”

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
63
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
302
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

“လူ့အသက်ကို သတ်တာက အကြီးမားဆုံးပဲမို့ သူတို့ ပြန်ခံကို ခံရမယ်။ နောင်တ ဆိုတာထက် ပေးဆပ်ခြင်းတွေနဲ့ သွားရမယ်လို့ မီးနိုကတော့ ခံယူတယ်။ နိုင်ငံအတွက် အသက် ပေးဆပ်သွားသူတွေ အကုန်လုံးကို ဂုဏ်ယူတယ်။ လေးစားတယ်။ ဆန္ဒဖော်ထုတ်နေပေမယ့် သတိတော့ ထားကြပါလို့ ပြောချင်တယ်”

ဒါရိုက်တာ သည်ခေတ်နေ

“အခုလို ပစ်နေတာတွေက ခွေးဇာတ်ခင်းတာပါ။ ကျနော်တို့သည် အသိ ဉာဏ်ပညာနဲ့ တော်လှန်ရမှာပေါ့။ ကျနော်တို့ကလည်း သူတို့သတ်ကွင်းထဲ မရောက်အောင် နေရမယ်။ Generation Z တွေက အရမ်း ဉာဏ်ကောင်းပါတယ်။ ကျနော်တို့ စည်းကမ်းရှိရှိနဲ့ ကျနော်တို့ အာဏာကို ကျနော်တို့ ရအောင် ပြန်ယူရမယ်။ ကျနော်တို့ ပြန်ရတော့မှာပါ။ မကြာတော့ပါဘူး”

You may also like these stories:

“အမှောင်ခေတ်ကို ပြန်မရောက်ချင်လို့ ကျနော်တို့ လမ်းပေါ်ရောက်နေတာပါ”

“ပြည်သူတွေကို ပစ်ခတ်တာ ရှုတ်ချတယ်”လို့ အနုပညာရှင်များ ပြော

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးတာ မတရားဘူး”

Your Thoughts …
Tags: Generation Zဆန္ဒပြပွဲပစ်ခတ်မှုအာဏာရှင် ဆန့်ကျင်ရေး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

by ဧရာဝတီ
22 July 2023
8.3k

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ကော်သူးလေတပ်မတော် (KTLA)၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)မှ စစ်ရေးတာဝန်ခံတဦး သေဆုံးသွားကြောင်း KNU ဗဟိုထံမှ သိရသည်။

ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

by ဧရာဝတီ
5 October 2023
1.6k

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Siam Paragon ဈေးဝယ်ကုန်တိုက်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူ နှစ်ဦးအတွက် ထိုင်းနိုင်ငံ တရားမျှတရေး တရားရေးဝန်ကြီးဌာနက နစ်နာကြေးအဖြစ် ဘတ် ၂ သိန်းစီ ပေးမည်ဖြစ်ကြောင်း

DKBA ကျားဖြန့်ဆိုက် KNU စီးနင်း

DKBA ကျားဖြန့်ဆိုက် KNU စီးနင်း

by ဧရာဝတီ
24 November 2025
702

ကျားဖြန့်ဆိုက်တခု၌ လုံခြုံရေးယူထားသော DKBA တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုရှိလာ၍ KNLA ပူးပေါင်းတပ်များက အဆိုပါကျားဖြန့်ဆိုက်ကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ပါလီမန်အမတ်များ အကျိုးခံစားခွင့်ကို အင်ဒိုနီးရှား သမ္မတ ဖြတ်တောက် အလျှော့ပေးရ

ပါလီမန်အမတ်များ အကျိုးခံစားခွင့်ကို အင်ဒိုနီးရှား သမ္မတ ဖြတ်တောက် အလျှော့ပေးရ

by ဧရာဝတီ
2 September 2025
502

"အစိုးရက နက်နက်ရှိုင်းရှိုင်းဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ်။ လမ်းမပေါ်က ဒေါသတွေဟာ အကြောင်းမဲ့ဖြစ်လာတာ မဟုတ်ဘူး"

ဝါဒဖြန့်ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ နေပြည်တော်မှာပြုလုပ် (ရုပ်/သံ)

ဝါဒဖြန့်ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ နေပြည်တော်မှာပြုလုပ် (ရုပ်/သံ)

by ယဉ်မွန်
6 August 2024
501

နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ဇူလိုင် ၆ ရက်နေ့ ဒီနေ့မှာကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) အဖွဲ့ဝင်တွေနဲ့ တပ်ထောက်ခံသူတွေဟာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)...

Next Post
သွေးစွန်းသော လက်ဘက်ရည်

သွေးစွန်းသော လက်ဘက်ရည်

အလှမယ် ထွန်းပုလဲရတနာ  / Htun Palal Yadanar's Facebook

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved