• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပါလီမန်အမတ်များ အကျိုးခံစားခွင့်ကို အင်ဒိုနီးရှား သမ္မတ ဖြတ်တောက် အလျှော့ပေးရ

by ဧရာဝတီ
2 September 2025
in သတင်း
A A
ပါလီမန်အမတ်များ အကျိုးခံစားခွင့်ကို အင်ဒိုနီးရှား သမ္မတ ဖြတ်တောက် အလျှော့ပေးရ

ဩဂုတ်လ ၃၁ ရက်နေ့က ဆူရာဘာယာတွင် ဆန္ဒပြပွဲအတွင်း ရဲဌာနချုပ်ရှေ့တွင် မီးတင်ရှို့ပြီးနောက် ယုယက်သူတဦးကို တွေ့ရစဉ် / AFP

502
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး အကြမ်းဖက်မှုတွင် လူအနည်းဆုံး ငါးဦး သေဆုံးစေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ငြိမ်သက်စေရန် ကြိုးစားသည့်အနေဖြင့် ပါလီမန်အမတ်များ၏ အကျိုးခံစားခွင့်များကို ဖြတ်တောက်ရန် အင်ဒိုနီးရှား နိုင်ငံရေးပါတီများ သဘောတူလိုက်ကြောင်း သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဩဂုတ်လ ၃၁ ရက်နေ့တွင်ပြောသည်။

ပါလီမန်အမတ်များအတွက် အလွန်များပြားသော လစာငွေနှင့် အိမ်ရာအတွက် ခွင့်ပြုငွေကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ လွန်ခဲ့သောအပတ် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ပြီး ဆန္ဒပြပွဲနေရာကို ရဲတပ်ဖွဲ့က အရေးယူသောအခါ ဆိုင်ကယ် တက္ကစီသမားတဦး ဩဂုတ်လ ၂၉ ရက်နေ့တွင် အသတ်ခံရပြီးနောက် ဆန္ဒပြပွဲများ အရှိန်မြင့်လာသည်။

နိုင်ငံရေးပါတီဝင်များ၏ နေအိမ်များနှင့် နိုင်ငံတော်အဆောက်အအုံများ တိုက်ခိုက်လုယက်ခံရ၊ မီးရှို့ခံရပြီး အင်ဒိုနီးရှား စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လှုပ်ခါသွားစေကာ ဩဂုတ်လ ၂၉ ရက်နေ့တွင် စတော့များနှင့် ငွေကြေးဈေးကွက်များကို အကြီးအကျယ် ကျဆင်းစေသည်။

လုယက်သူများသည် မြို့တော် ဂျကာတာမြို့ပြင်ရှိ ဘဏ္ဍာရေးဝန်ကြီး ဆရီ မူလ်ယာနီ အင်ဒရာဝါတီ၏ နေအိမ်အတွင်းသို့ ညဘက်တွင် ဖောက်ထွင်းဝင်ရောက်သည်ဟု နိုင်ငံပိုင် အန်တာရာ သတင်းဌာနက ဩဂုတ်လ ၃၁ ရက်နေ့တွင် ဖော်ပြသည်။

နောက်ထပ်ဆန္ဒပြပွဲများ စီစဉ်ထားပြီး ကျောင်းသားအုပ်စုများသည် သမ္မတ ပရာဘိုဝို၏ ကြေညာချက်အပြီးတွင်လည်း ဆန္ဒပြပွဲများကို ရုတ်သိမ်းခြင်း မရှိပေ။

နိုင်ငံရေးပါတီအများအပြားမှ ခေါင်းဆောင်များခြံရံပြီး သမ္မတနန်းတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ပရာဘိုဝိုက အဓိကရုဏ်းသမားများနှင့် လုယက်သူများကို ပြင်းထန်စွာ အရေးယူရန် စစ်တပ်နှင့်ရဲကို အမိန့်ပေးထားကြောင်း ပြောသည်။ မတည်မငြိမ်ဖြစ်မှု အချို့သည် အကြမ်းဖက်မှုနှင့် ပုန်ကန်မှုလက္ခဏာများ ရှိနေကြောင်း ၎င်းကပြောသည်။

“ပါလီမန်ခေါင်းဆောင်တွေက ပါလီမန်အမတ်တွေရဲ့ ခံစားခွင့်ပမာဏ၊ အလုပ်ကိစ္စနဲ့ ပြည်ပခရီးသွားရောက်ခြင်း ဆိုင်းငံ့မှု ပါလီမန်မူဝါဒ အများအပြားကို ရုတ်သိမ်းမယ်လို့ အသိပေးလာပါတယ်” ဟု သမ္မတ ပရာဘိုဝိုက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

“အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ လူပုဂ္ဂိုလ်တွေရဲ့အိမ်တွေနဲ့ စီးပွားရေးစင်တာတွေကို လုယက်တာတွေကို တတ်နိုင်သမျှ အခိုင်အမာ အရေးယူဖို့ ရဲနဲ့စစ်တပ်ကို ကျနော်အမိန့်ပေးထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ဂျကာတာမြို့တွင် သမ္မတ ပရာဘိုဝိုက နိုင်ငံရေးပါတီအများအပြားမှ ခေါင်းဆောင်များခြံရံပြီး သမ္မတနန်းတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ / AFP

သမ္မတ ပရာဘိုဝိုအတွက် စိန်ခေါ်မှု

ထိုဆန္ဒပြပွဲများသည် လွန်ခဲ့သော တနှစ်နီးပါက အာဏာရပြီးနောက် နိုင်ငံရေးအတိုက်အခံ မရှိသလောက်ပင်ဖြစ်သော သမ္မတ ပရာဘိုဝို အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။

မတည်ငြိမ်မှုကြောင့် တရုတ်နိုင်ငံသို့ အရေးပါသောခရီးစဉ်ကို ဖျက်သိမ်းလိုက်သည့် သမ္မတ ပရာဘိုဝိုသည် အခြေအနေကို ဆွေးနွေးရန် အစိုးရအဖွဲ့မှ အရေးပါသောအဖွဲ့ဝင်များနှင့် သမ္မတနန်းတော်တွင် ဩဂုတ်လ ၃၁ ရက်နေ့တွင် တွေ့ဆုံသည်။

သမ္မတ နန်းတော်သို့ ရောက်လာသည့် ဝန်ကြီးအများအပြားနှင့် နိုင်ငံရေးခေါင်းဆောင်များသည် အရာရှိများအတွက် ပေးထားသည့် အထူးမော်တော်ယာဉ်များကို အသုံးမပြုဘဲ အရပ်သား ကားနံပါတ်များဖြင့်လာကြောင်း မျက်မြင်သက်သေတဦးက ပြောသဖြင့် နေရာအချို့တွင် မငြိမ်သက်မှု တအုံနွေးနွေးဖြစ်နေသောကြောင့် လုံခြုံရေး အစီအမံဖြစ်ကြောင်း ထင်ရှားသည်။

ပုံမှန်လျှို့ဝှက် လုံခြုံရေးများအပြင် နန်းတော်ကို စောင့်ကြပ်ရန် စစ်တပ်ကို ဖြန့်ချထားသည်။ အဓိကကျသည့် ဝန်ကြီးများ၏နေအိမ်များနှင့် အစိုးရအဆောက်အအုံများကိုလည်း စစ်တပ်က ဩဂုတ်လ ၃၁ ရက်နေ့တွင် စောင့်ကြပ်နေသည်။

ကျောင်းသားအသင်းအဖွဲ့များက စတင်လိုက်သည့် ဆန္ဒပြပွဲများနောက်ပိုင်းတွင် ဖြစ်ပွားသည့် အဓိကရုဏ်းများနှင့် လုယက်မှုများနောက်ကွယ်တွင် မည်သူတို့ရှိနေသည်ကို ရှင်းလင်းစွာ မသိရပေ။

ပါလီမန်ကိုယ်စားလှယ်များ၏ လစာကို ဖြတ်တောက်ခြင်းမျှဖြင့် လုံလောက်ခြင်းမရှိကြောင်း Reuters သတင်းဌာနသို့ နိုင်ငံ၏အကြီးမားဆုံး ကျောင်းသားအဖွဲ့အစည်းဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံလုံးဆိုင်ရာကျောင်းသား အမှုဆောင်များအဖွဲ့ အကြီးအကဲ မူဇမ်မီလ် အစ်ဆန်က ပြောကြားပြီး နောက်ထပ် ဆန္ဒပြပွဲမျာပြုလုပ်ရန် “စဉ်းစားနေကြောင်း” ပြောသည်။

“အစိုးရက နက်နက်ရှိုင်းရှိုင်းဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ်။ လမ်းမပေါ်က ဒေါသတွေဟာ အကြောင်းမဲ့ဖြစ်လာတာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

သမ္မတ၏ကြေညာချက်သည် ပြဿနာ၏ အရင်းအမြစ်ဖြစ်သော “လူနည်းစုအုပ်ချုပ်သည့် နိုင်ငံရေးနှင့် မညီမျှသည့် စီးပွားရေးစနစ်” ကို မဖြေရှင်းနိုင်ကြောင်း ဆန္ဒပြနေသည့် ပိုမိုသေးငယ်သော ကျောင်းသားအဖွဲ့ဖြစ်သည့် အင်ဒိုနီးရှား ကျောင်းသားဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ တီဂါ အာဖရီယန်စ်ယာက ပြောသည်။

မစ္စတ ပရိုဘိုဝို၏ ရဲနှင့်စစ်တပ်သို့ ညွှန်ကြားချက်များသည် “အထင်အရှား ဖိနှိပ်ခြိမ်းခြောက်ခြင်း” ဖြစ်သည်ဟု ၎င်းပြောသည်။

ပုန်ကန်မှုနှင့် အကြမ်းဖက်မှု စသည့် သမ္မတ ပရိုဘိုဝို၏ စကားလုံးများသည် “အလွန်အကျွံ” ဖြစ်နေကြောင်း ကမ္ဘာ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်သည့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အင်ဒိုနီးရှားဌာနခွဲက ကြေညာချက်တစောင်တွင် ပြောသည်။

တရုတ်နိုင်ငံမှ ByteDance က ပိုင်ဆိုင်သည့် TikTok က အင်ဒိုနီးရှားမှ တိုက်ရိုက်လွှင့်မှုများကို ရက်အနည်းငယ် ဆိုင်းငံ့ထားကြောင်း ပြောသည်။

လူသေဆုံးမှုနှုန်းသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် ငါးဦးအထိ မြင့်မားလာသည်ဟု တောင်ပိုင်း ဆူလာဝေစီပြည်နယ်၊ မာကက်ဆာမှ ဒေသဆိုင်ရာ ဘေးအန္တရာယ်စီမံရေးဌာနက ဖော်ပြသည်။ အွန်လိုင်းမှ ဆက်သွယ်ခေါ်ယူနိုင်သည့် မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူတဦးကို လူအုပ်က ထောက်လှမ်းရေးဟု စွပ်စွဲပြီး ရိုက်သတ်လိုက်သည်ဟုလည်း အထက်ပါဌာနက ပြောသည်။

အခြားသူ သုံးဦးမှာ ဒေသဆိုင်ရာ ပါလီမန်အဆောက်အအုံကို ဩဂုတ်လ ၂၉ ရက်နေ့က မီးရှို့တိုက်ခိုက်စဉ် သေဆုံးသည်။

ကိုးကား ။ ။ Reuters သတင်း Indonesia president makes concessions after days of deadly protests forced him to scrap China summit trip

You may also like these stories:

စစ်ဥပဒေသစ်ကို အင်ဒိုနီးရှားတွေ ဘာကြောင့်ဆန္ဒပြကြသလဲ

အင်ဒိုနီးရှား ရူပီးယားငွေတန်ဖိုး ၁၉၉၈ အကျပ်အတည်းနောက်ပိုင်း အနိမ့်ဆုံး ကျဆင်း

အင်ဒိုနီးရှားက EV Battery စက်ရုံ တည်ဆောက်ရေး ကမ်းလှမ်းမှု အီလွန်မတ်စ် စဉ်းစားနေ

စင်ကာပူနှင့် အင်ဒိုနီးရှား မြန်မာသို့ တရားမဝင် လက်နက်တင်ပို့

Your Thoughts …
Tags: ဆန္ဒပြပွဲလူ့အခွင့်အရေးအကြမ်းဖက်မှုအင်ဒိုနီးရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

Next Post
မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)

မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)

စစ်အာဏာသိမ်းတဲ့ခေတ်ကုန်သွားပြီလို့ ထိုင်း ဒုဗိုလ်ချုပ်ကြီးပြော (ရုပ်/သံ)

စစ်အာဏာသိမ်းတဲ့ခေတ်ကုန်သွားပြီလို့ ထိုင်း ဒုဗိုလ်ချုပ်ကြီးပြော (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved