စစ်အာဏာသိမ်းတဲ့ ခေတ်က ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ကွယ်က လျှို့ဝှက် အကျိုးစီးပွားတွေ မပါဝင်ဘဲ အစိုးရနဲ့ တပ်မတော်ကြား ဆက်ဆံရေး ညှိနှိုင်းရမယ်လို့ ထိုင်းနိုင်ငံ ဒုတိယစစ်တိုင်းဒေသကြီးရဲ့ တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်စင်ပါဒ်ကလန် ကပြောကြောင်း စက်တင်ဘာ ၂ ရက်နေ့ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
စစ်တပ်အနေနဲ့လည်း စစ်အာဏာသိမ်းဖို့အစီအစဉ်မရှိဘဲ ချမှတ်ထားတဲ့ ယန္တရားတွေအတိုင်းဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ကောင်းမွန်တဲ့ လူတွေကပဲ ထိုင်းနိုင်ငံကို အုပ်ချုပ်ရမယ်လို့ ဆိုပါတယ်။
တပ်မတော်ရဲ့တာဝန်ဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ဖို့မဟုတ်ကြောင်းလည်း ဘွန်စင်ပဒ်ကလန်ကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












