Entertainment

မိတ်ကပ် မေဦး ပါဝင်တဲ့ Gen Z Burma အဖွဲ့ကို အများက ချီးကျူးနေကြ

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင် တချို့ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နိုင်ငံကျော် Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar Organization ရဲ့ CEO တွေ ဖြစ်ကြတဲ့ ကိုဟန်ဇော်လတ်နဲ့ ကိုဝေယံအောင်တို့လည်း ပါဝင်ပါတယ်။

“စစ်ကောင်စီမှ ဖမ်းဆီးရန် ကြိုးစားနေသည့် Miss Golden Land Myanmar Organization ရဲ့ CEO & Founder များ ဖြစ်ကြတဲ့ ကိုဟန်ဇော်လတ်နှင့် ကိုဝေယံအောင်တို့ နှစ်ဦးအပြင် အခြားသော နာမည်ကြီး အနုပညာရှင်များဟာ Gen Z Burma အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး Free Burma Rangers အကူအညီဖြင့် ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်”

Miss Golden Land Myanmar ရဲ့ CEO & Founder ကိုဝေယံအောင်နဲ့ ဟန်ဇော်လတ်

“မတရားအာဏာသိမ်းသည့် အချိန်မှစကာ ဆန္ဒပြလှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့ပြီး အခုလို အခြေအနေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေခြင်းအပေါ် မိမိတို့ Myanmar Beauty Pageant လောကတခုလုံးမှ အမြဲတမ်း ဂုဏ်ပြုလေးစားနေမှာဖြစ်ပြီး အန္တရာယ်ကင်း ဘေးရှင်းကာ ကျန်းမာစွာ ဆက်လက် တိုက်ပွဲဝင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်”လို့ Missosology Myanmar Page မှာ ထုတ်ပြန်ထားပါတယ်။

“Gen Z Burma” အဖွဲ့ထဲမှာတော့ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လေး၊ Miss Golden Land Myanmar Organization ရဲ့ CEO & Founder များဖြစ်ကြတဲ့ ဟန်ဇော်လတ်နှင့် ဝေယံအောင်၊ Social Media Team အဖွဲ့ဝင် Alvine နဲ့ သပိတ်စည်းရုံးရေးမှူး မချစ်စုမွန်တို့ ဖြစ်ပါတယ်။

Makeup Artist မေဦးကိုလည်း အနုပညာ အသိုင်းအဝိုင်းနဲ့ မိတ်ကပ်ပညာရှင် အသိုင်းအဝိုင်းကလည်း ချီးကျူးစကားတွေ ဆိုထားကြပါသေးတယ်။

Makeup Artist မေဦး (ဓာတ်ပုံ – May Oo’s Facebook)

“မိတ်ကပ်ပညာရှင် (LGBT) တယောက်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အလုပ်တခုကို လုပ်လိုက်နိုင်တာ တကယ် ချီးကျူးပါတယ်။ သာမန် ဟန်ရေးပြ စကားလုံးလှလှတွေ ပြောပြီး ပြည်သူနဲ့ ရပ်တည်ခဲ့တာ မဟုတ်ဘဲ တကယ့်ကို ပြည်သူ့အတွက် ပြည်သူနဲ့ တသွေးတည်း၊ တသားတည်း ရပ်တည်ပေးတဲ့အတွက် ကျေးဇူးလည်းတင်သလို တကယ်လည်း လေးစားမိပါတယ်”

“တဆက်တည်းမှာပဲ LGBT တယောက်လောက်တောင် စိတ်အားထက်သန်မှု မရှိ၊ LGBT တယောက်လောက်တောင် စိတ်ဓာတ်တွေ မထက်သန်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဝမ်းနည်း သိမ်ငယ်မိပါတယ်။ LGBT တို့အတွက် “စံ”အဖြစ် ထားစရာ တကယ့် စံပြပါပဲ။ မေဦးကြောင့် မြန်မာ့ LGBT အခန်းကဏ္ဍ ထိပ်ဆုံးရောက်မှာ မလွဲမသွေပါပဲ”လို့ ချီးကျူးစကား ဆိုထားကြပါတယ်။

“Gen Z Burma” အဖွဲ့ဝင်များဖြစ်ကြတဲ့ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်း၊ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဟန်ဇော်လတ်နှင့် ဝေယံအောင်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်

You may also like these stories:

လိင်အမျိုးအစား ခွဲခြားဆက်ဆံမှု ရပ်တန်းကရပ်ဖို့ နွယ်ဒါလီထွန်း ဆို

စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ

Loading