• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ

by ဧရာဝတီ
17 May 2021
in Entertainment
A A
Miss Universe Myanmar သူဇာဝင့်လွင်နဲ့ မေ  / Thuzar Wint Lwin's Facebook

Miss Universe Myanmar သူဇာဝင့်လွင်နဲ့ မေ / Thuzar Wint Lwin's Facebook

23.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Top 21 အထိ ရောက်ခဲ့တဲ့ မြန်မာကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်အတွက် ဂုဏ်ယူတယ်လို့ အစ်မဖြစ်သူ သရုပ်ဆောင် မေက ဆိုပါတယ်။

“Congratulations! မြန်မာနိုင်ငံအတွက် 1st Placement အဖြစ် Top 21 ထိ ရောက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ သူဇာဝင့်လွင်”လို့ အစ်မဖြစ်သူ မေက ပြောပါတယ်။

“အခက်အခဲတွေ အများကြီးနဲ့ သွားပြိုင်ရတာဆိုတော့ သူဘယ်လို ရလဒ်ပဲ ရခဲ့ရခဲ့ ကျေနပ်ပါတယ်။ သွားပြိုင်ဖို့ တပတ်အလိုလောက်မှ ဗီဇာရခဲ့တာပါ။ အစက မရတော့ဘူး၊ လက်လျှော့ရတော့မလား တောင် ထင်ထားတာပါ။ မမျှော်လင့်ဘဲ ပြည်ပက မိတ်ဆွေတဦးရဲ့အကူအညီကြောင့် အချိန်မီ ရခဲ့တာပါ”လို့ မေက ဆိုပါတယ်။

Miss Universe ပွဲကို သွားပြိုင်ဖို့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး မသွားခင် ပြင်ဆင်ရတဲ့ စရိတ်၊ အမေရိကန်နိုင်ငံမှာ သုံးစွဲဖို့ စရိတ်တွေနဲ့ အကုန်အကျများခဲ့တယ်လို့ သိရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင်နဲ့ မေ (ဓာတ်ပုံ – Thuzar Wint Lwin’s Facebook)

“ဒီပွဲကို သွားပြိုင်ဖို့အတွက် မေတို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒီကာလက အားလုံး အကျပ်အတည်း ဖြစ်နေတဲ့ ကာလပါ။ မေတို့ဆိုလည်း အလုပ်တွေ လုံးဝ ရပ်ထားရတာ ၄ လ ပြည့်တော့ပါမယ်။ အနားကပ်မှ လေယာဉ်လက်မှတ် ဖြတ်ရတာဆိုတော့ အရမ်းဈေးများပါတယ်။ မသွားခင် ပြင်ဆင်ရတဲ့ စရိတ်၊ ဟိုမှာ သုံးဖို့စွဲဖို့ စရိတ်တွေနဲ့ဆိုရင် တော်တော်ကို အကုန်အကျ များပါတယ်”လို့ မေက ဆိုပါတယ်။

ညီမဖြစ်သူ ပြန်လာဖို့ အဆင်မပြေနိုင်တာကို မေက ကြိုတွက်ဆထားပြီး ပွဲပြီးနောက်ပိုင်း အခြေအနေကို စိတ်ပူတယ်လို့ ဆိုပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Thuzar Wint Lwin’s Facebook)

“ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပေမယ့် အခုလို ဘာမှန်းမသိတဲ့ အခြေအနေကြောင့် မေတို့လည်းအတော် ခက်ခဲခဲ့ပါတယ်။ ပိုဆိုးတာက မေလည်း အခုဆို ရှောင်ပုန်းပြီးနေရတဲ့ အချိန်‌ဆိုတော့ ပိုခက်ခဲ ပါတယ်။ သူလည်း ဒီကထွက်သွားပြီဆိုတာနဲ့ ပြန်လာဖို့ အဆင်မပြေနိုင်တာကို ကြိုတွက်ဆထားပြီးသားပါ။ ပွဲပြီးနောက်ပိုင်း အခြေအနေကို မေပိုပြီး စိတ်ပူပါတယ်”လို့ မေက ပြောပါတယ်။

ဆက်လက်ပြီး ညီမဖြစ်သူ ပြန်လာဖို့ အဆင်မပြေသေးတဲ့ အချိန်မှာ US ရောက်နေတဲ့ ရွှေမြန်မာတွေ ကူညီစောင့်ရှောက်ပေးကြပါလို့ မေက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311
Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Thuzar Wint Lwin’s Facebook)

“US ရောက်နေတဲ့ ရွှေမြန်မာတွေကို မေ အကူအညီလေး တခုလောက် တောင်းချင်ပါတယ်။ မေ့ညီမလေး ပြိုင်ပွဲပြီးသွားလို့ ပြန်လာဖို့ အဆင်မပြေသေးတဲ့ အချိန်မှာ သူတစုံတခု အခက်အခဲ ဖြစ်လာရင် သူ့ကို ကူညီစောင့်ရှောက်ပေးကြပါနော်။ စိတ်မပူဘူး‌လို့ နေပေမယ့်လည်း စိတ်တော့ ပူပါတယ်။ အားလုံးရဲ့ ကျေးဇူးတွေကို မမေ့ပါဘူး”လို့ မေက ပြောပါတယ်။

သူဇာဝင့်လွင်အတွက်လည်း မေက “ဘဝဆိုတာ ဒီလိုပါပဲ။ အခက်အခဲတွေက တခုမဟုတ် တခု ကြုံနေရမှာပဲ။ ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့ကြုံနေပါစေ။ အနည်းဆုံးတော့ မင်းဟာ လွတ်မြောက်နေသေးတယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို ရှင်သန်ဖို့ အခွင့်အရေးတွေလည်း ရှိနေသေးတယ်။ အဲ့တော့ ကြုံလာတဲ့ အခက်အခဲတိုင်းကို အခွင့်အရေးအဖြစ် အသုံးချပြီး မြင့်သထက် အမြင့်ဆုံးကိုသာ ပျံသန်းနိုင်ပါစေ”လို့ ဆုတောင်းပေးထားပါတယ်။

You may also like these stories:

အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

Your Thoughts …
Tags: Miss Universe Myanmarသရုပ်ဆောင် မေအလှမယ် သူဇာဝင့်လွင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.4k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး

by ဧရာဝတီ
17 May 2021
20.2k

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဇာတ်ခုံ တနေရာမှာ နိုင်ငံအတွက် Miss တယောက်အနေနဲ့ နေရာရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ထားလို့ အသိအမှတ်ပြု လေးစား ချီးကျူးရမှာပါ”

Miss Universe Myanmar သူဇာဝင့်လွင် / Thuzar Wint Lwin's Facebook

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
12 May 2021
18.9k

Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
17 May 2021
19.8k

အလှမယ် သူဇာဝင့်လွင်က “ဆုတောင်းတွေ ပြည့်ခဲ့ပါပြီ။ သူဇာနဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်တွေ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။

အလှမယ် ဟန်လေး  / Han Lay's Facebook

COVID-19 အတွေ့အကြုံကို မျှဝေပေးတဲ့ အလှမယ် ဟန်လေး

by ဧရာဝတီ
15 July 2021
10.2k

ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး ကိုဗစ် Positive ဖြစ်ပါတယ်။ အခုဆို ၁၀ ရက် ရှိပါပြီ။ အနံ့၊ အရသာ ပျောက်သွားတာတော့ ၄ ရက် ရှိပါပြီ

Miss Universe Myanmar အလှမယ် နှင်းသွေးယုအောင်

ငါးခုံးမ တကောင်ကြောင့် တလှေလုံး မပုပ်စေချင်တဲ့ အလှမယ် နှင်းသွေးယုအောင်

by ယုဖြူဟန်
10 March 2020
5.8k

“တချို့ကျတော့လေ ကိုယ်က အလှမယ် ဆိုပြီးတော့ နေရာအရမ်းယူချင်တာမျိုးတွေ ပြီးတော့တလွဲအသုံးချတာပေါ့။ တကယ်တမ်းဆိုရင် ငါကအလှမယ်ဆိုပြီးတော့ ထိုင်ပြီးမောက်မာနေလို့ မရဘူး။

Next Post
နိုင်ငံခြားငွေ လဲလှယ်ရေး စင်တာတခုတွင် တွေ့ရသည့် အမေရိကန် ဒေါ်လာများ / ဧရာဝတီ

စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့သော ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် (ဓာတ်ပုံ- ဧရာဝတီ)

ပူတာအို ဒေသခံများ စစ်ရေးပြင်ဆင်ရန် စစ်ကောင်စီ၏ ရဝမ်ပြည်သူ့စစ် လှုံ့ဆော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved