• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
17 May 2021
in Entertainment
A A
Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

19.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ National Costume Competition (အမျိုးသားဝတ်စုံ ပြိုင်ပွဲ)မှာ ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး အမျိုးသား ဝတ်စုံဆု ရရှိခဲ့ပါတယ်။

အဆိုပါ အမျိုးသားဝတ်စုံ ယှဉ်ပြိုင်မှုအတွင်း အလှမယ် သူဇာဝင့်လွင်ဟာ မူလအစက မြန်မာ့ရိုးရာ ကစားစရာအရုပ် ပစ်တိုင်းထောင်ကို ဖော်ညွှန်းထားတဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပြီး၊ ဝတ်စုံ အချိန်မီ ရောက်မလာတဲ့ အခက်အခဲကြောင့် ချင်းရိုးရာ ဝတ်စုံနဲ့ အစားထိုး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311
Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

ဒါ့အပြင် Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ “Pray for Myanmar” ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

“National Costume ဟာ ရှုပ်ထွေးနေစရာ မလိုဘူး။ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ် ထိရောက်မှုပဲ လိုတယ်”လို့ Miss Universe သရဖူ ရရှိထားတဲ့ အလှမယ်ဟောင်း ၃ ဦးက ချီးကျူးစကား ပြောခဲ့ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

အလှမယ် သူဇာဝင့်လွင်က “ဆုတောင်းတွေ ပြည့်ခဲ့ပါပြီ။ သူဇာနဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်တွေ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ့ထက် ပိုမြင့်မားတဲ့ ရလဒ် ရယူပေးချင်ခဲ့ပေမယ့် Top 21 ပါခဲ့တဲ့အတွက်တော့ အားလုံး စိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး “သူဇာ့ကို အချိန်နဲ့အမျှ စောင့်ကြည့် အားပေး ပူပန်ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပရိတ်သတ်များနဲ့ Miss Universe ပြိုင်ပွဲကြီးဆီ အရောက်သွားနိုင်အောင် အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့တဲ့ အသိမိတ်ဆွေများ၊ အခုလို ခက်ခဲတဲ့ကာလကြီးမှာ Training အတွက် စိတ်ရောလူရောအပင်ပန်းခံပြီးသင်ကြားပေးခဲ့တဲ့ သူဇာ့ရဲ့ Trainer ကိုအောင်ပိုင်၊ National Costume အတွက် အချိန်မဆိုင်းဘဲ ကူညီပေးခဲ့တဲ့ ချင်းတောင်တန်း (အတ္တလန်တာ၊ ဂျော်ဂျီယာ) နှင့်အတူ အမေရိကရောက် ချင်းလူမျိုးများ၊ NC အတွက် Voting ပေးခဲ့ကြသော ပြည်တွင်း/ပြည်ပ ပရိသတ်တွေအားလုံးကို ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

အလှမယ် သူဇာဝင့်လွင်ဟာ ကမ္ဘာ့နံပါတ် ၁ အလှမယ်ပြိုင်ပွဲ Miss Universe ပွဲကြီးမှာ Top 21 ဝင်ခဲ့တဲ့ ပထမဆုံး မြန်မာ့အလှမယ် တဦးဖြစ်ပြီး၊ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်လည်း Speak Out လုပ်ပေးနေသူ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်းမှာလည်း The New York Times သတင်းစာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအကြောင်း၊ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေမှုတွေအကြောင်းကို အင်တာဗျူး ဖြေဆိုခဲ့ပါသေးတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

သူဇာဝင့်လွင်ဟာ National Costume နဲ့ Evening Gown များ ပါဝင်တဲ့ Luggage လေဆိပ်မှာ ပျောက်သွားတာကြောင့် ဝတ်စုံ အချိန်မီ ရောက်မလာတဲ့ အခက်အခဲများစွာ ရှိခဲ့ပြီး၊ အမေရိကရောက် ချင်းလူမျိုးများရဲ့ အကူအညီနဲ့ ချင်းရိုးရာ ဝတ်စုံကို အစားထိုး ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့တာပါ။

အခုလို ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး အမျိုးသား ဝတ်စုံဆု ရရှိခဲ့တဲ့အတွက် သူဇာဝင့်လွင်က “သူဇာက ဟားခါးကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး Miss Universe Myanmar ဆု ရရှိခဲ့တာဖြစ်တဲ့အတွက် အခုလိုမျိုး ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြားသိရတာ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ မင်းတပ်အတွက် ဆုတောင်းပေးနေပါတယ်”လို့ ဆိုပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် “Miss Universe” ပြိုင်ပွဲမှာ မက္ကစီကိုနိုင်ငံ ကိုယ်စားပြု အလှမယ် အန်ဒရီရာမီဇာက Miss Universe 2020 သရဖူဆုကို ရရှိသွားပြီး၊ 1st Runner up ဆုကို ဘရာဇီး၊ 2nd Runner Up ကို ပီရူးနဲ့ 3rd Runner Up ဆုတို့ကို အိန္ဒိယ အလှမယ်တို့က အသီးအသီး ရရှိခဲ့ပါတယ်။

You may also like these stories:

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

KIA က ဗိုလ်ကြီးဆိုတဲ့ သတင်းအမှားများ ရပ်တန့်ပေးဖို့ ခွန်ဖုန်း ပြော

ရာသက်ပန် သီလရှင် ဝတ်သွားတဲ့ အဆိုတော် မေသက်ထားဆွေ

Your Thoughts …
Tags: Miss Universe MyanmarNational Costumeသူဇာဝင့်လွင်အလှမယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

by ဧရာဝတီ
2 November 2024
7.8k

Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.4k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

အလှမယ် ထွန်းပုလဲရတနာ  / Htun Palal Yadanar's Facebook

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

by ဧရာဝတီ
1 March 2021
9.3k

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထွန်းပုလဲရတနာ ပါဝင်တဲ့ ဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ရန်ကင်း ကျောက်ကုန်းအထွက်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဖြိုခွင်း ဖမ်းဆီးခြင်းကို ခံရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး

by ဧရာဝတီ
17 May 2021
20.2k

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဇာတ်ခုံ တနေရာမှာ နိုင်ငံအတွက် Miss တယောက်အနေနဲ့ နေရာရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ထားလို့ အသိအမှတ်ပြု လေးစား ချီးကျူးရမှာပါ”

Miss Universe Myanmar သူဇာဝင့်လွင် / Thuzar Wint Lwin's Facebook

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
12 May 2021
18.9k

Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Next Post
Miss Universe Myanmar သူဇာဝင့်လွင်နဲ့ မေ  / Thuzar Wint Lwin's Facebook

ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ

နိုင်ငံခြားငွေ လဲလှယ်ရေး စင်တာတခုတွင် တွေ့ရသည့် အမေရိကန် ဒေါ်လာများ / ဧရာဝတီ

စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့သော ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved